မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် အမျိုးသမီးရေးရာစကားဝိုင်း ပြုလုပ်

မြစ်သား ဒီဇင်ဘာ ၎

၎-၁၂-၂၀၂၃ ရက်နေ့ ၀၉:၀၀မှ၁၁:၃၀ အချိန်ထိ ​မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် အစိမ်းရောင်စီမံချက်(Project Cycle Management) လုပ်ငန်းစဉ်အဖြစ် အမျိုးသမီးရေးရာ စကားဝိုင်းနှင့်အမျိုးသမီး ပါတီဝင်အသစ်များ ပါတီဝင်လျောက်လွှာ ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

Read more

ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ နေ့ဆွမ်းဆက်ကပ် လှူဒါန်း

ဒီဇင်ဘာ ၄၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပါတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ အထွေအထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုး တို့နှင့်အတူ နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ရင်ပြင်ရှိ ဓမ္မာရုံ၌ ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲ ရွတ်ဖတ်ပူဇော်ပွဲတွင် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်နေကြသော သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်အေး၊ ရှမ်းပြည်နယ် ( တောင်ပိုင်း ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ် / ခရိုင် / မြို့နယ်ကော်မတီဝင်များနှင့်တွေ့ဆုံ

တောင်ကြီး ဒီဇင်ဘာ ၂

( ၂. ၁၂. ၂၀၂၃ ) ရက်နေ့ မွန်းလွဲ ( ၂: ၄၅ ) နာရီအချိန်တွင် ရှမ်းပြည်နယ် ( တောင်ပိုင်း ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ပြည်နယ်အစည်းအဝေးခန်းမ၌ ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးနှင့် ပြည်နယ်/ ခရိုင် / မြို့နယ်ကော်မတီဝင်များ တွေ့ဆုံပွဲပြုလုပ်ခဲ့ပါသည်။

Read more

ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက်စွန့်လှူသွားကြသော သူရဲကောင်းစစ်သည်များအား ဂုဏ်ပြုပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တက်ရောက်

 

ဒီဇင်ဘာ ၃၊ နေပြည်တော်

Read more

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၊ မာရာဝီမြို့ရှိ တက္ကသိုလ်အားကစားရုံတစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ လေးဦးသေဆုံး

ဒီဇင်ဘာ ၎

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာရာဝီမြို့ရှိ တက္ကသိုလ်အားကစားရုံတစ်ခုတွင် ယမန်နေ့ နံနက်ပိုင်းက ကက် သလစ်ဘာသာဝင်များ စုဝေးလျက်ရှိစဉ် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာအနည်းဆုံးလေးဦး သေဆုံးပြီး အများအပြား ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။ အခင်းဖြစ်ပွားရာနေရာမှ ရိုက်ကူးထားသောဓာတ်ပုံများတွင် မီး လောင်ကျွမ်းနေသော ကြမ်းပြင်ပေါ်တွင် ပလတ်စတစ်ထိုင်ခုံများကို ပြသထားသည်။

Read more

PSGအသင်းတိုက်စစ်မှူး အမ်ဘတ်ပီကို ခေါ်ယူရန် လီဗာပူးအသင်းစီစဉ်နေ

ဒီဇင်ဘာ ၁

လီဗာပူးအသင်းက အနာဂတ်မရေမရာဖြစ်နေသည့် ဆာလက်ခ်ျ၏ နေရာ၌ အစားထိုးရန်အတွက် PSGအသင်းတိုက်စစ်မှူး အမ်ဘတ်ပီကို ခေါ်ယူရန်စီစဉ်နေကြောင်း သိရပါတယ်။

ဆာလက်ခ်ျဟာ ပြီးခဲ့သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလကတည်းက မြင့်မားသည့် လုပ်ခလစာပေးချေပြီးခေါ်ယူမည့် ဆော်ဒီထိပ်တန်း အသင်းတစ်သင်းသို ပြောင်းရွှေ့ကစားခွင့်ရရှိရန် အသင်းထံ တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။

Read more

Samba Gold Award 2023 ဆုကို ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး ဗင်နီစီးယက်စ် ရရှိ

ဒီဇင်ဘာ ၁

Samba Gold Award 2023 ဆုကို ရီးယဲလ်မက်ဒရစ်အသင်း လူငယ်တိုက်စစ်မှူး ဗင်နီစီးယက်စ်က ရရှိခဲ့ကြောင်း သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် ဗင်နီစီးယက်စ်က ပြီးခဲ့သည့် ဘောလုံးရာသီက ရီးယဲလ်မက်ဒရစ်အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြနိုင်သည့် အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ထိပ်တန်းကစားသမားများကို ကျော်ဖြတ်ပြီး ၎င်း၏ ကစားသမား ဘဝပထမဆုံးအကြိမ် ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဗင်နီစီးယက်စ်ဟာ နေမာနှင့်မာကွင်ဟိုတို့ကို ကျော်ဖြတ်ပြီး ၎င်းဆုကို ရရှိခဲ့ခြင်းလည်းဖြစ်ပါတယ်။

Read more

ဂါဇာကမ်းမြောင်ဒေသတွင် ထိန်းသိမ်းခြင်းခံခဲ့ရသည့် ထိုင်းနိုင်ငံသား ၁၇ ဦး ပြန်လည်လွတ် မြောက်

ဒီဇင်ဘာ ၁

ဂါဇာ ကမ်းမြောင်ဒေသတွင် ဟားမတ်စ်အဖွဲ့ ၏ ထိန်းသိမ်းခြင်းခံခဲ့ရသည့် ထိုင်းနိုင်ငံသား ၁၇ ဦး ပြန် လည်လွတ်မြောက်ကာ နေရပ်ဖြစ်သည့် ထိုင်းနိုင်ငံသို့ ပြန်သွားခဲ့ကြောင်း အင်န်အိတ်ခ်ျကေ သတင်းတစ်ရပ်အရ သိရသည်။

ယခု ပြန်လည်လွတ်မြောက်လာသည့် ထိုင်းနိုင်ငံ သားများသည် ပထမအုပ်စုဖြစ်ပြီး အစ္စရေးနိုင်ငံ တောင်ပိုင်းသို့ ဟားမတ်စ်အဖွဲ့ဝင်ရောက်တိုက်ခိုက်စဉ်က ဓားစာခံများအဖြစ်ဖမ်းဆီးသွားခြင်းခံခဲ့ရသူများဖြစ်သည်။

Read more

လူငယ်များနှင့်စကားဝိုင်းပြုလုပ်

ပြည် နိုဝင်ဘာ ၃၀

၃၀-၁၁-၂၀၂၃ ပဲခူးအနောက်ပြည်မြို့နယ် PCM စီမံချက်ပါ လူငယ်တွေ့ ဆုံပွဲ ကိုတိုင်းပါတီရုံးတွင်ကျင်းပရာ တိုင်းပါတီဥက္ကဋ္ဌဦးအောင်ချိုဦး တိုင်းအတွင်းရေးမှူး ဦးကျော်ကျော်လင်း တိုင်းကော်မတီဝင်ဦးမျိုး ပြည်ခရိုင်ပါတီဥက္ကဋ္ဌဒေါ်ဆွေဆွေသင်း ပြည်မြို့နယ်ပါတီဥက္ကဋ္ဌဦးထွန်ူထွန်းနိုင်နှင့် ကော်မတီဝင်များ လူငယ်များတက်ရောက်ခဲ့ကြပြီး PCM လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ခဲ့ပါသည်။

======================

Read more

ကမ္ဘောဒီးယားနိုင်ငံသားများကို လျှပ်စစ်ကားများသုံးစွဲရန် ဝန်ကြီးချုပ် တိုက်တွန်း

ဒီဇင်ဘာ ၁

လျှပ်စစ်စွမ်းအင် ထိရောက်စွာ သုံးစွဲရေးနှင့်လောင်စာဆီဆိုင်ရာ ကုန်ကျစရိတ်လျှော့ချရေးအတွက် ကမ္ဘောဒီးယားနိုင်ငံသားများကို လျှပ်စစ်ကားများသုံးစွဲရန် ဝန်ကြီးချုပ် ဟွန်မာနက်က တိုက်တွန်းခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ ကိုကောင်းပြည်နယ်ရှိ မဂ္ဂါဝပ် ၁၅၀ ထုတ်လွှတ်နိုင်သည့် Stung Tatai Leu ရေအားလျှပ်စစ်စီမံ ကိန်းစတင်အုတ်မြစ်ချသည့် အခမ်းအနားတွင် ၎င်းက ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

Read more