ကျောက်ဆည်မြိုနယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် အမျိုးသမီးရေးရာစကားဝိုင်း ပြုလုပ်

ကျောက်ဆည် ဒီဇင်ဘာ ၇

၇-၁၂-၂၀၂၃ ရက်နေ့ ၀၉:၃၀မှ၁၂:၃၀ အချိန်ထိ ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် အစိမ်းရောင်စီမံချက်(Project Cycle Management)လုပ်ငန်းစဉ်အဖြစ် အမျိုးသမီးရေးရာ စကားဝိုင်းနှင့်ပါတီဝင်လျောက်လွှာ ပေးအပ်ပွဲက အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားသို ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်၊ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်၊တိုင်းဒေသကြီးပါတီကော်မတီဝင်၊အမျိုးသမီးရေးရာကဏ္ဍတာဝန်ခံ ဒေါ်သန်းသန်းအေး၊တိုင်းဒေသကြီးကော်မတီဝင် ဦးမျိုးမြင့်၊ဦးစန်းမြင့်၊ဦးသန်းစိုး မြင့်၊ကျောက်ဆည်ခရိုင်ပါတီ ဥက္ကဌ ဦးအောင်မြင့်သန်း၊ဘဏ္ဍာရေးမှုး၊ခရိုင်အမျိုးသမီးရေးရာကဏ္ဍတာဝန်ခံ ဒေါ်ခင်နွယ်မြင့်၊ ကျောက်ဆည်မြိုနယ်ပါတီဥက္ကဌ ဦးစိုးစိုးထွန်း၊အတွင်းရေးမှုး ဦးတင်မင်းမြတ်ဦးနှင့်ကော်မတီဝင်များ၊မြိုနယ်အထောက်အကူပြု အဖွဲဝင်များ၊အမျိုးသမီးပါတီဝင်များ၊First Time Voters များ၊စုစုပေါင်းအင်အား ၁၅၀ဦး တက်ရောက်ခဲ့ပါသည်။

Read more

Time မဂ္ဂဇင်း၏ တစ်နှစ်တာ အကောင်းဆုံးအားကစားသမားဆု မက်ဆီ ရရှိ

ဒီဇင်ဘာ ၈

ကမ္ဘာ့ထိပ်တန်းမဂ္ဂဇင်းဖြစ်သည့် Time မဂ္ဂဇင်း၏ ၂၀၂၃ ခုနှစ် တစ်နှစ်တာ အကောင်းဆုံးအားကစားသမား (Time’s 2023 Athlete of the Year) အဖြစ် ဘောလုံးကစားသမားများတွင် အာဂျင်တီးနားနဲ့ အင်တာမိုင်ယာမီ အသင်းတိုက်စစ်မှူး မက်ဆီက ပထမဆုံး ရရှိခဲ့ကြောင်း သိရသည်။

Read more

မြန်မာလုပ်သား ၈၀၀ ကျော်ခေါ်ရန် ဂျပန်ကမ်း လှမ်း

ဒီဇင်ဘာ ၅

ဂျပန်နိုင်ငံက မြန်မာအလုပ်သမား အယောက် ၈၀၀ ကျော်ကို ခေါ်ယူရန် ကမ်းလှမ်းထားသည်ဟု တိုကျို မြို့၊ မြန်မာသံရုံးကနေ သိရပါသည်။ မြန်မာသံရုံးအနေနှင့် နိုဝင်ဘာလ ၁၆ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အတွင်း အလုပ်ကမ်းလှမ်းစာ ၂၈၈ ခုကို စိစစ်ပြီး နိုင်ငံ ခြားရေးဝန်ကြီးဌာနသို့ ပေးပို့ထားသည်ဟု ဆိုပါသည်။

Read more

ပရီးမီးယားလိဂ်က ၂၀၂၅-၂၆ ရာသီမှ ၂၀၂၈ – ၂၉ ရာသီအထိ ဗြိတိန်နိုင်ငံအတွင်း ရုပ်သံထုတ်လွှင့်ခွင့်များကို ပေါင် ၆ ဒသမ ၇ ဘီလီယံဖြင့် ရောင်းချနိုင်ခဲ့ဟု အတည်ပြု

ဒီဇင်ဘာ ၅

ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ၂၀၂၅-၂၆ ရာသီမှ ၂၀၂၈-၂၉ ရာသီအထိ ဗြိတိန်နိုင်ငံအတွင်း ရုပ်သံထုတ်လွှင့်ခွင့် များကို ပေါင် ၆ ဒသမ ၇ ဘီလီယံနဲ့ ရောင်းချနိုင်ခဲ့တယ်လို့ နိုဝင်ဘာလ ၄ ရက်က အတည်ပြုထုတ် ပြန်ကြေညာ ခဲ့ပါတယ်။

Read more

ပျော်ဘွယ်မြိုနယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် လူငယ်/အမျိုးသမီးအင်အားတိုးပွားရေး လုပ်ငန်းစဉ်နှင့်ပါတီလုပ်ငန်းဆိုင်ရာများ ရှင်းလင်းပွဲပြုလုပ်

ပျော်ဘွယ် ဒီဇင်ဘာ ၅

၅-၁၂-၂၀၂၃ ရက်နေ့ ၁၄:၀၀မှ၁၆:၀၀ အချိန်ထိ ပျော်ဘွယ်မြိုနယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် အစိမ်းရောင်စီမံချက်(Project Cycle Management)ပါ လုပ်ငန်းစဉ်ဖြစ်သည့် လူငယ်/အမျိုးသမီးအင်အားတိုးပွားရေး လုပ်ငန်းစဉ် များနှင့်ပါတီလုပ်ငန်းဆိုင်ရာများရှင်းလင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

Read more

ကိုရီးယားနိုင်ငံကို EPS လုပ်သား ၉,၀၀၀ ကျော်စေလွှတ်ခဲ့

ဒီဇင်ဘာ ၅

ကိုရီးယားသမ္မတနိုင်ငံကို EPS စနစ်နှင့် လုပ် သားများ စေလွှတ်ပေးနေရာတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ လုပ်သား ၉,၂၃၉ ယောက် စေ လွှတ်ခဲ့ပြီးဖြစ်သည်ဟု အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ POEA မှ သိရပါသည်။

Read more

မိတ္ထီလာခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် လူငယ်/အမျိုးသမီးအင်အားတိုးပွားရေး လုပ်ငန်းစဉ် ထပ်ဆင့်ရှင်းလင်းပွဲပြုလုပ်

မိတ္ထိလာ ဒီဇင်ဘာ ၅

၅-၁၂-၂၀၂၃ ရက်နေ့ ၀၉:၄၅မှ၁၁:၄၅ အချိန်ထိ မိတ္ထီလာခရိုင်/မြိုနယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် အစိမ်းရောင်စီမံချက်(Project Cycle Management)ပါ လုပ်ငန်းစဉ်ဖြစ်သည့် လူငယ်/အမျိုးသမီးအင်အားတိုးပွားရေး လုပ်ငန်းစဉ် ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

Read more

ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ဒုတိယမြောက်နေ့ နေ့ဆွမ်းဆက်ကပ် လှူဒါန်း

ဒီဇင်ဘာ ၅၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ တွဲဖက်အထွေအထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်သည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဦးပိုက်ထွေး၊ ဦးသူရိန်ဇော်တို့နှင့်အတူ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ရင်ပြင်ရှိ ဓမ္မာရုံ၌ ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲ ရွတ်ဖတ်ပူဇော်ပွဲတွင် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်နေကြသော သံဃာတော်အရှင်သူမြတ်များအား ပါတီမှလှူဒါန်းသော ဒုတိယမြောက်နေ့ နေ့ဆွမ်းအလှူကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

Read more

နစ်ခ်ပုပ်ရဲ့ ဒဏ်ရာအခြေအနေကြောင့် ဒီဂီယာကို ခေါ်ယူမယ်လို့ သတင်းထွက်

ဒီဇင်ဘာ ၅

နယူးကာဆယ်အသင်းဟာ ကာလရှည်နားရမယ့် သူတို့ပထမဂိုးသမားနေရာမှာ အစားထိုးဖို့အတွက် ဒေးဗစ်ဒီဂီယာကို စဉ်းစားနေကြောင်း Daily Mail သတင်းစာက ဖော်ပြလိုက်ပါတယ်။

၃၁ နှစ်အရွယ် အင်္ဂလန်ဂိုးသမားနစ်ခ်ပုပ်ဟာ မန်ယူကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့စနေညပရီးမီးယားလိဂ်မှာ ပခုံးဒဏ်ရာကြောင့် လေးလဝန်းကျင်လောက်အထိ အနားယူရမှာလည်းဖြစ်ပါတယ်။

Read more

အိန္ဒိယနိုင်ငံ အကြိုရွေးကောက်ပွဲ၌ ဘရာတီယာဂျနာတာပါတီ အဓိကမဲဆန္ဒနယ်သုံးခုတွင် အနိုင်ရ

ဒီဇင်ဘာ ၅

အိန္ဒိယနိုင်ငံ၏ အကြိုရွေးကောက်ပွဲတွင်လက်ရှိအာဏာရ ဘရာတီယာဂျနာတာပါတီ (BJP)က နိုင်ငံ ၏ အဓိကမဲဆန္ဒနယ် သုံးခုတွင် အနိုင်ရရှိခဲ့သည်။ ယခုကဲ့သို့ အနိုင်ရရှိခြင်းသည် ဝန်ကြီးချုပ်မိုဒီ တတိယအကြိမ် ရာထူးသက်တမ်းအတွက် အနိုင်ရရှိရန် ရှေ့ဆောင်လမ်းပြသည့်ပမာ ဖြစ်ခဲ့သည်။

Read more