Author: USDP 2016
ပွဲပယ်ပြစ်ဒဏ်ကြောင့် လီဗာပူးလ်နဲ့ပွဲကိုလွဲချော်မယ့် ဖာနန်ဒက်စ်

ဒီဇင်ဘာ ၁၁
မန်ယူအသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့စနေညက ဘုန်းမောက်ကို အိမ်ကွင်းမှာ ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ရဲ့ ပွဲချိန် ၈၄ မိနစ်အရောက်မှာ အဝါကဒ်ပြသခံခဲ့ရတာကြောင့် ဒီရာသီမှာ အဝါကဒ် ၅ ကဒ် ပြည့်သွားခဲ့ပြီဖြစ်လို့ တစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံလိုက်ရပါတယ်။
Read moreလုပ်အားပေးသစ်ပင်ခြုံနွယ် ရှင်လင်းခြင်းနှင့် မြက်ဖြတ်ခြင်း ပူးပေါင်းဆောင်ရွက်


ဒဂုံ(မြောက်) ဒီဇင်ဘာ ၁၀
ဒီဇင်ဘာလ၊ (၁၀) ရက်နေ့ နံနက်(၈:၀၀)နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြိုသစ်ခရိုင်၊ဒဂုံမြိုသစ်မြောက်ပိုင်းမြိုနယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ အမှတ်(၄၂)ရပ်ကွက်ရှိ အ.မ.က(၂၂)ကျောင်းဝန်းနှင့်ကျောင်းပြင်တိုရှိ သစ်ပင်ခြုံနွယ်များနှင့်မြက်ပင်များရှင်းလင်းပေးပါရန် ကျောင်းအုပ်ဆရာမကြီးမှ မြိုနယ်ပြည်ခိုင်ဖြိုးပါတီသိုအကူအညီတောင်းခံသဖြင့် မြိုနယ်ပါတီဥက္ကဌ ဦးသန်းစိုးနှင့်စီစဉ်မှုဖြင့် မြိုနယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဌများနှင့်ပါတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲများ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမ များ၊ ကျောင်းအကျိုးတော်ဆောင်များနှင့်ရပ်မိရပ်ဖများ အကူအညီဖြင့် သွားရောက်လုပ်အားပေးဆောင်ရွက်ခဲ့ပြီး နံနက်(၁၁:၀၀)နာရီအချိန်တွင်ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Read moreဒဏ်ရာရနေတဲ့ ဟာလန်း

ဒီဇင်ဘာ ၁၁
မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဟာလန်း ဘယ်အချိန်မှာ ပြန်ကစားနိုင်မယ်ဆိုတာကို မသိရှိဘူးလို့ ပြောကြားလိုက်ပါတယ်။ ဟာလန်းဟာ Bone Stress ပြဿနာကြောင့် မနေ့ညက လူတန်နဲ့ပွဲကို လွဲချော်ခဲ့ပါတယ်။
သူဟာ အက်စတွန်ဗီလာကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ခြေထောက်အရိုးဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ဘယ်လောက်ကြာကြာ အနားယူရမလဲဆိုတာ မသိရှိနိုင်ဘဲ စောင့်ကြည့်သွားရုံသာရှိကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
Read moreအမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ သားဖြစ်သူဟန်းတားဘိုင်ဒင်အား အခွန်တိမ်းရှောင်မှုများဖြင့် စွဲချက်တင်ခံရ

ဒီဇင်ဘာ ၁၁
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏သားဖြစ်သူ ဟန်းတားဘိုင်ဒင်အား အခွန်တိမ်းရှောင်မှု ကိုးမှုဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရသည်။ ဟန်းတားဘိုင်ဒင်အပေါ်ယခုစွဲချက်တင်လိုက်သည့် အခွန်တိမ်းရှောင်မှုများအပြင် ဒယ်လာဝဲလ်ပြည်နယ်တွင် စွဲချက်တင်ထားသည့် လက်နက်မှုများဖြင့်ပါ အရေးယူဆောင်ရွက်မည်ဆိုပါက လာမည့်နှစ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် သမ္မတဘိုင်ဒင်၏ ကြိုးပမ်းမှုများအပေါ် အကျိုးသက်ရောက်မှုများရှိလာမည် ဖြစ်သည်။
Read moreပရိတ်သတ်တစ်ဦး Heart Attack ဖြင့် သေဆုံးမှုကြောင့် ပွဲစဉ် ရွှေ့ဆိုင်း

ဒီဇင်ဘာ ၁၁
ဂရန်နာဒါနှင့် ဘီလ်ဘာအိုတို့၏ လာလီဂါပွဲစဉ်ကို ပရိသတ်တစ်ဦး Heart Attack ဖြင့် သေဆုံးမှုကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။
ပွဲချိန်(၁၇)မိနစ်တွင် ဘီလ်ဘာအိုအသင်းက (၁-ဝ)ဂိုးဖြင့် ဦးဆောင်နေစဉ် ယင်းဖြစ်ရပ်ပေါ်ပေါက်ခဲ့ပြီး အရေးပေါ်ကုသမှုများ ပြုလုပ်ခဲ့သော်လည်း သေဆုံးခဲ့ပြီးနောက် ပွဲကို ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ပါတယ်။
Read moreဂူဂဲလ်၏နောက်ဆုံးပေါ် ဉာဏ်ရည်တုနည်းပညာGemini မော်ဒယ်ကို စတင်မိတ်ဆက်

ဒီဇင်ဘာ ၈
ဉာဏ်ရည်တုနည်းပညာ ပြိုင်ဆိုင်မှုများ ပြင်း ထန်လာချိန်တွင် ဂူဂဲလ်သည် ၎င်း၏ နောက်ဆုံး ပေါ်ဉာဏ်ရည်တုနည်းပညာမော်ဒယ်ကို ယမန်နေ့က စတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။ ၎င်း၏ Gemini ဟု အမည်ပေးထားသည့် ဉာဏ်ရည်တုနည်းပညာသည် စာသား၊ အသံနှင့် ဗီဒီယိုအပါ အဝင် အချက်အလက်များကို ပုံစံအမျိုးမျိုးဖြင့် ပေါင်းစပ်ပေးနိုင်သည်ဟု အမေရိကန်နည်းပညာကုမ္ပဏီဂူဂဲလ်က ပြောသည်။
Read moreနိုဝင်ဘာလအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို မက်ဂွိုင်းယား ရရှိ

ဒီဇင်ဘာ ၈
ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်က လစဉ်ပေးအပ်သည့်ဆုဖြစ်သော ပြီးခဲ့သည့် နိုဝင်ဘာလအတွက် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို မန်ယူအသင်းခံစစ် ကစားသမား မက်ဂွိုင်းယားက ရရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံး ကစားသမားဆု ဆန်ခါတင်ကစားသမားစာရင်းတွင် မက်ဂွိုင်းယားသည် မန်စီးတီးအသင်းမှ ဒိုကူ၊ နယူးကာဆယ်အသင်းမှ ဂေါ်ဒွန်၊လူတန်အသင်းမှ ကာမင်စကီး၊ ချယ်လ်ဆီးအသင်းမှ စတာလင်း၊ ဘုန်းမောက်စ်အသင်းမှ တာဗာနီးယားတို့ နှင့်အတူ ပါဝင်လာကာ ၎င်းတို့ကိုကျော်ဖြတ်ပြီး ရရှိခဲ့ခြင်းဖြစ်ပါသည်။
Read more







