မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းသို့ ဆွာရက်ဇ် ပြောင်းရွှေ့

ဒီဇင်ဘာ ၂၆

ဘာစီလိုနာအသင်း တိုက်စစ်မှူးဟောင်း လူးဝစ်ဆွာရက်ဇ်က အသင်းဖော်ဟောင်းတွေရှိနေတဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းကို ပြောင်းရွှေ့ခဲ့ပြီး တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ် ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်ဟာ ဘရာဇီးကလပ် ဂရီမီယိုအသင်းနဲ့ လမ်းခွဲပြီးနောက်မှာ မက်ဆီကစားနေတဲ့ အင်တာမိုင်ယာမီအသင်းသို့ ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

Read more

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ ၁၄၅,၀၀၀ ကျော်ရှိ

ဒီဇင်ဘာ ၂၆

၂၀၂၄ ခုနှစ်၊ မတ်လတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသူ ၁၄၅,၂၀၀ ဝန်းကျင်ရှိသည်ဟု ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ က ဒီဇင်ဘာလ ၂၃ ရက်က ပြောကြားခဲ့ပါသည်။

Read more

နီပေါနိုင်ငံ၏ လျှပ်စစ်ကားများ တင်သွင်းမှု သုံးဆနီးပါး မြင့်တက်

ဒီဇင်ဘာ ၂၆

နီပေါနိုင်ငံ၏ လျှပ်စစ်မော်တော်ကား တင်သွင်းမှုသည် ဇူလိုင်လလယ်မှစတင်သည့် ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်၏ ပထမ ငါးလတာကာလအတွင်း သုံးဆနီးပါး မြင့်တက်လာခဲ့ကြောင်း နီပေါနိုင်ငံ အကောက် ခွန်ဦးစီးဌာနက ဒီဇင်ဘာ ၂၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

Read more

မြန်မာနိုင်ငံစာရေးဆရာအသင်း စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ကန်တော့ပွဲသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးတက်ရောက်၍ အလှူငွေပေးအပ်လှူဒါန်း

ရန်ကုန်၊ဒီဇင်ဘာ(၂၄)

မြန်မာနိုင်ငံစာရေးဆရာအသင်း စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များကန်တော့ပွဲအခမ်းအနားကို (၂၄.၁၂.၂၀၂၃)ရက်နေ့နံနက်(၀၉း၀၀)နာရီအချိန်က ရန်ကုန်မြို့ မြို့တော်ခန်းမ၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းတက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှလှူဒါန်းသောအလှူငွေ(၁၀)သိန်းကျပ်ကို ပါတီ ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးမှပေးအပ်လှူဒါန်းပါသည်။
ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဌဦးခင်မောင်စိုးနှင့်ဇနီးဒေါ်နီနီမိသားစုမှအလှူငွေ(၃)သိန်းကျပ်နှင့်တိုင်းဒေသကြီးပါတီ၏အလှူငွေ(၃)သိန်းကျပ် စုစုပေါင်း(၆)သိန်းကျပ်ကို တိုင်းဒေသကြီးပါတီဥက္ကဌဦးခင်မောင်စိုးကပေးအပ်လှူဒါန်းခဲ့ပြီး အခမ်းအနားကို(၁၀း၀၀)နာရီအချိန်တွင်အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

===============

Read more


ပုသိမ် ဒီဇင်ဘာ ၂၃

၂၃.၁၂.၂၀၂၃နေ့ ၀၉း၃၀နာရီဧရာဝတီတိုင်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအစည်းအဝေးခန်းမတွင်ဗဟိုအတွင်းရေးမှုး၊ဧရာဝတီတိုင်းပေါင်းစပ်ညှိနှိုင်းရေးမှုး ဒေါက်တာသန်းထွန်းနှင့် တိုင်းကော်မတီဝင်များ၊ခရိုင်၊မြို့နယ်ဥက္ကဌ၊အတွင်းရေးမှုးများ (၈၀)ဦးတွေ့ဆုံခဲ့ရာ တိုင်းပါတီဥက္ကဌဦးသိန်းထွန်းက တွေ့ဆုံရသည့်အကြောင်းအား ချပြရှင်းလင်းခြင်း၊ဗဟိုအတွင်းရေးမှုးဦးသန်းထွန်းက ဧရာဝတီအတွင်းဖြစ်​ပေါ်​နေမှု့လက်ရှိအ​ခြေအ​နေများ ရှင်းလင်းပြောကြားခြင်း ၊တက်ရောက်လာသည့် (၂၆)မြို့နယ်မှပါတီဥက္ကဌများက ပါတီ၏စုဖွဲ့ထားရှိမှု့၊ပါတီဝင်သစ်စုဆောင်းရရှိမှု၊ပြည်သူများ၏လိုလားတောင်းတချက်၊ရွေးကောက်ပွဲကျင်းပနိုင်မှုအခြေအနေများကိုတင်ပြဆွေးနွေးခဲ့ကြပြီး ဗဟိုအတွင်းရေးမှူးက နိဂုံးချုပ်ပြောကြားကာ​ ၁၆း၁၅တွင်တွေ့ဆုံပွဲကိုရပ်နားခဲ့ပါသည်။

================

ဧရာဝတီတိုင်းဒေသကြီး၊ ပေါင်းစပ်ညှိနှိုင်းရေးမှူး၊ ဗဟိုအတွင်းရေးမှူး၊ ဒေါက်တာသန်းထွန်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်းခရိုင်မြို့နယ်ပါတီတာဝန်ရှိသူများတွေ့ဆုံ

Read more

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးဆောင်ရွက်ရန် အသင့်ရှိကြောင်း အစ္စရေးသမ္မတ ပြောကြား

ဒီဇင်ဘာ ၂၁

အစ္စရေးနိုင်ငံက ဟားမတ်စ်အဖွဲ့နှင့် နောက် ထပ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ရန်အသင့်ရှိကြောင်း အစ္စရေးသမ္မတ အိုင်ဇက်ဟာဂေါ့စ် က ပြောကြားသည်။ ဂါဇာဒေသတွင် ဓားစာခံ ၁၃၀ ခန့် ရှိနေသေးကြောင်း သိရသည်။

Read more

Thai Fight Queen’s Cup ဗိုလ်လုပွဲ၌ ပြိုင်ဘက်ဟောင်းနဲ့ ပြန်လည်ယှဉ်ပြိုင်ထိုးသတ်မယ့် ဘရော်နီကာ

ဒီဇင်ဘာ ၂၁

ကယန်းတိုင်းရင်းသူ ရိုးရာလက်ဝှေ့မယ် ဘရော်နီကာသည် Thai Fight Queen’s Cup ဗိုလ်လုပွဲအဖြစ် ထိုင်းနိုင်ငံသူ မွေထိုင်းမယ် ဖာရာဆင်းဂါနှင့် ပြန်လည်ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။ အဆိုပါပွဲစဉ်ကို လာမည့် ဒီဇင်ဘာ(၂၄)ရက်တွင် အယုဒ္ဓယမြို့၌ ကျင်းပသွားမည်ဖြစ်ပြီး ချန်ပီယံခါးပတ်လုပွဲ တွဲဆိုင်း(၅) ပွဲ ပါဝင်မည်ဖြစ်ကြောင်း သိရပါတယ်။

Read more

အစ္စရေးနိုင်ငံက ကယ်ရင်ရှလွန်နယ်စပ်ဂိတ်ကို စတင်ဖွင့်လှစ်

ဒီဇင်ဘာ ၂၀

အစ္စရေးနိုင်ငံသည် ဂါဇာကမ်းမြောင်ကမ်းမြောင် ဒေသအတွင်းသို့ ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ရေးအတွက် ကယ်ရင်ရှလွန်နယ်စပ်ဂိတ်ကို ဒီဇင်ဘာ ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ဂါဇာကမ်းမြောင်သို့ ထောက်ပံ့ရေးပစ္စည်းများ ၎င်းဂိတ်မှ ပထမဆုံးဝင်ရောက်မှုကို စတင်ခွင့်ပြုခဲ့သည်။

၎င်းနယ်စပ်ဂိတ်တွင် စစ်ဆေးမှုအများအပြားစတင်ဆောင်ရွက်နေပြီး ထောက်ပံ့ရေးပစ္စည်း အများအပြားကို ဝင်ရောက်ခွင့်ပြုကြောင်း အတည်ပြုခဲ့သည်။ ၎င်းနယ်စပ်ဖြတ်ကျော်သည့်ဂိတ်ဖွင့်လှစ်ရန် ဆုံးဖြတ်ချက်ကို အစ္စရေးဝန်ကြီး ချုပ် ဘင်ဂျမင်နေတန်ယာဟု၏ အစိုးရအဖွဲ့က ဒီဇင်ဘာ ၁၅ ရက်တွင် အတည်ပြုခဲ့သည်။

Read more