အမရပူရမြို့နယ်၊ယဉ်တော်စံကျေး ရွာရှိ ရောင်ခြည်ဦးခန်းမတွင်ပြုလုပ်သောဒေသခံ ပြည်သူများနှင့်တွေ့ဆုံပွဲသို့ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်း တက်ရောက်

အမရပူရမြို့နယ်၊ယဉ်တော်စံကျေး ရွာရှိ ရောင်ခြည်ဦးခန်းမတွင်ပြုလုပ်သောဒေသခံ ပြည်သူများနှင့်တွေ့ဆုံပွဲသို့ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်း တက်ရောက်
===========================
အမရပူရ ဩဂုတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ ဓနူံးကျေးရွာအုပ်စု၊ယဉ်တော်စံကျေးရွာရှိ ရောင်ခြည်ဦးခန်းမတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊အမရပူရခရိုင်/မြို့နယ်ပါတီဥက္ကဌ၊ခရိုင်ပါတီအတွင်းရေးမှူး၊မြို့နယ်ပါတီအတွင်းရေးမှူးနှင့်မြို့နယ်ပါတီကော် မတီဝင်များ၊ရပ်ကျေးပါတီကော်မ တီဝင်များ၊ပါတီဝင်များ၊ပါတီဝန်းရံသူများ၊ရပ်မိရပ်ဖများ၊လူမှုရေးအသင်းအဖွဲ့ဝင်များ၊ဒေသခံပြည်သူများ၊စုစုပေါင်းအင်အား(၇၀၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွဲဖက်အတွေထွေအတွင်းရေးမှူးဦးတင်အောင်ချစ်ပါတီဝင်များ ၊ပါတီဝန်းရံသူများနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွဲဖက်အတွေထွေအတွင်းရေးမှူးဦးတင်အောင်ချစ်ပါတီဝင်များ ၊ပါတီဝန်းရံသူများနှင့် တွေ့ဆုံ
=============================
အောင်လံ ဩဂုတ် ၈

မကွေးတိုင်းဒေသကြီး၊အောင်လံခရိုင်၊ အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးခန်းမတွင် စမ်းချောင်းရပ်ကွက်မှ ပါတီဝင်များ ၊ပါတီဝန်းရံသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ခရိုင်ပါတီဥက္ကဌ ဦးစန်းလွင်၊မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုးမြင့် ၊မြို့နယ်ပါတီဘဏ္ဍာရေးမှူး ဦးကျော်သူရ၊ခရိုင်၊မြို့နယ် ပါတီကော်မတီဝင်များ ၊စမ်းချောင်းရပ်ကွက်မှပါတီဝင်များ၊ပါတီဝန်းရံသူ(၂၇၀)ဦးတက်ရောက်ခဲ့ပြီး ခရိုင်ပါတီဥက္ကဌ ဦးစန်းလွင်မှ လက်ရှိနိုင်ငံရေးအခြေအနေများ၊တွေ့ဆုံပွဲကျင်းပရခြင်းအကြောင်းများ၊ရွေးကောက်ပွဲအခြေအနေများအားရှင်းလင်းပြောကြားခဲ့ပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ် ၂၀၂၄/၂၀၂၅ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစနစ်သစ် စာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်

===================================
အောင်လံ ဩဂုတ် ၇

မကွေးတိုင်းဒေသကြီး၊အောင်လံခရိုင်၊အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ၂၀၂၄/၂၀၂၅ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစနစ်သစ်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူ (၈၄)ဦးအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပခဲ့ပါသည်။

Read more

ပါတီဥက္ကဌ ဦးခင်ရီ ဓမ္မစင်္ကြာပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်

ပါတီဥက္ကဌ ဦးခင်ရီ ဓမ္မစင်္ကြာပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်
============================
ဩဂုတ် ၈ ၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးနှင့်အတူ ၆-၈-၂၀၂၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင် နေပြည်တော်၊ ဒက္ခိဏသီရိမြိုနယ်ရှိ မာရဝိဇယဘုရားကြီးရင်ပြင်တော်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲချုပ် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်း(ရန်ကုန်တိုင်းဒေသကြီး)မှ ကြီးမှူး၍ ကျင်းပပြုလုပ်သည့် ဓမ္မစင်္ကြာရွတ်ဖတ်ပူဇော်မှု ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

Read more

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် အဇာဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံတို့ ငြိမ်းချမ်းရေးရယူ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် အဇာဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံတို့ ငြိမ်းချမ်းရေးရယူ
===============================
အမေရိကန်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ရယူခဲ့သည့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို အဇာဘိုင်ဂျန် နိုင်ငံနှင့် အာမေးနီးယား နိုင်ငံတို့က ဩဂုတ်လ ၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

Read more

အမေရိကန်၏ စည်းကြပ်ခွန်တိုးမြှင့်မှုကို အရေးပေါ်အစီအစဉ်ဖြင့် တုံ့ပြန်မည်ဟု ဘရာဇီးသမ္မတ လူလာ ပြောကြား

အမေရိကန်၏ စည်းကြပ်ခွန်တိုးမြှင့်မှုကို အရေးပေါ်အစီအစဉ်ဖြင့် တုံ့ပြန်မည်ဟု ဘရာဇီးသမ္မတ လူလာ ပြောကြား
====================
ဘရာဇီးနိုင်ငံသည် အမေရိကန်နိုင်ငံက ချမှတ်လိုက်သော စည်းကြပ်ခွန်တိုးမြှင့်မှုကို အရေးပေါ်အခြေအနေ တစ်ရပ်ဖြင့် တုံ့ပြန်မည်ဖြစ်ပြီး ၎င်းတိုးမြှင့်မှုနှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ထံ တင်ပြမည်ဖြစ်ကြောင်း သမ္မတ လူးဝစ်ဇ်အင်နာစီယို လူလာဒါဆေးလ်ဗား က သြဂုတ်လ ၅ ရက်တွင် ပြောကြား ခဲ့ကြောင်း သိရသည်။

Read more

လိုက်ပ်ဇစ်တိုက်စစ် ဆက်စ်ကို ကို မန်ယူခေါ်ယူ

လိုက်ပ်ဇစ်တိုက်စစ် ဆက်စ်ကို ကို မန်ယူခေါ်ယူ
======================
မန်ယူအသင်းဟာ ဂျာမန်ကလပ် လိုက်ပ်ဇစ်တိုက်စစ် ဘင်ဂျမင် ဆက်စ်ကို ကို ယူရို ၈၅ သန်းနဲ့ ခေါ်ယူ နိုင်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ တိုက်စစ်မှူး ဆက်စ်ကိုဟာ အင်္ဂလန်ကို ‌ရောက်နေပြီဖြစ်ပြီး မန်ယူအသင်းနဲ့ ဆေးစစ်မှုခံယူခဲ့တယ်လို့ သိရပါတယ်။

Read more

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း သြစတြေးလျကို အနိုင်ရရှိ

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း သြစတြေးလျကို အနိုင်ရရှိ
===============================
၂၀၂၅ အာဆီယံ အမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲ အုပ်စု (B) ပထမနေ့ကို သြဂုတ်လ ၇ ရက်တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပရာ မြန်မာအသင်းက သြစတြေးလျအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

Read more

အင်ဒိုနီးရှားက အရှေ့တောင်အာရှ၌ တာတိုပစ်အမြင့်ပျံဒုံးကျည် ပထမဆုံးအသုံးပြုသည့်နိုင်ငံဖြစ်လာ

အင်ဒိုနီးရှားက အရှေ့တောင်အာရှ၌ တာတိုပစ်အမြင့်ပျံဒုံးကျည် ပထမဆုံးအသုံးပြုသည့်နိုင်ငံဖြစ်လာ
==========================
အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှဒေသ၌ တာတိုပစ်အမြင့်ပျံဒုံးကျည်ကို ပထမဆုံးအသုံးပြုသည့် နိုင်ငံဖြစ်လာကြောင်း အရှေ့ကာလီမန်တန်ပြည်နယ်ရှိ စစ်ရေးဆိုင်ရာဝါသနာရှင်များ၏ လူမှုကွန်ရက်တွင် တင်ထားသော သတင်းများအရ သိရသည်။

ယခုလအစောပိုင်းတွင် လူမှုကွန်ရက်စာမျက်နှာတစ်ခုက KHAN ဒုံးကျည်ဓာတ်ပုံများကို တင်ခဲ့ပြီးနောက် စစ်ဘက်ဆိုင်ရာဘလော့များတွင်လည်း အကျယ်တဝင့် ဖော်ပြလာသည့် အပြင် ပြည်တွင်း သတင်းဌာနကြီးတစ်ခုဖြစ်သည့် Kompas တွင်ပါ တရားဝင်ဖော်ပြလာခြင်းဖြစ်သည်။

Read more

တပ်ကုန်းမြို့ကိုဗဟိုပြုပြီး ငလျင်လှုပ်ခတ်

တပ်ကုန်းမြို့ကိုဗဟိုပြုပြီး ငလျင်လှုပ်ခတ်
=====================
သြဂုတ် ၇ ရက်နေ့တွင် နေပြည်တော်၊ တပ်ကုန်းမြိုကိုဗဟိုပြု၍လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ည ၉ နာရီ ၁ မိနစ် ၅၉ စက္ကန့်က တပ်ကုန်းမြို၏ အနောက်-အနောက်တောင်ဘက်(၁၁)မိုင်ခန့်အကွာ အနက်(၁၀)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

Read more