တရုတ်နှင့်ဂျပန်တို့ကြား ဆက်ဆံရေးတင်းမာနေစဉ် အမေရိကန်က ဂျပန်ရှိဒုံးကျည်စနစ်တစ်ခုကို ပြန်လည်ဖြုတ်သိမ်း

တရုတ်နှင့်ဂျပန်တို့ကြား ဆက်ဆံရေးတင်းမာနေစဉ် အမေရိကန်က ဂျပန်ရှိဒုံးကျည်စနစ်တစ်ခုကို ပြန်လည်ဖြုတ်သိမ်း
=================
ဂျပန်နိုင်ငံဝန်ကြီးချုပ် ဆာနာအီတာကာအီချီက ထိုင်ဝမ်ကျွန်းနှင့်ပတ်သက်၍ မှတ်ချက်ပြုပြောဆိုမှု တစ်ခုကြောင့် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ကြား ဆက်ဆံရေးတင်းမာမှု မြင့်တက်နေစဉ် အမေရိကန်က ဂျပန်နိုင်ငံ၌ ဖြန့်ကြက်ထားသော ဒုံးကျည်စနစ်တစ်ခုကို ပြန်လည်ဖြုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

အမေရိကန်ကြည်းတပ်က ယာမာဂူချီစီရင်စုရှိ အီဝါကူနီအခြေစိုက်စခန်း၌ ဖြန့်ကြက်ထားသော Typhon အမျိုးအစား ဒုံးကျည်စနစ်ကို ဖြုတ်သိမ်းထားပြီးဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Read more

Su-75 Checkmate တို-က်လေယာဉ် စမ်းသပ်မှုများ ရုရှား မကြာမီစတင်မည်

Su-75 Checkmate တို-က်လေယာဉ် စမ်းသပ်မှုများ ရုရှား မကြာမီစတင်မည်
===============
Su-75 Checkmate တို-က်လေယာဉ် စမ်းသပ်မှုများ မကြာမီ စတင်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် Rostec ကော်ပိုရေးရှင်း၏ အမှုဆောင်အရာရှိချုပ် (CEO) Sergey Chemezov က ဒူဘိုင်းလေကြောင်းပြပွဲ ၂၀၂၅ (Dubai Airshow 2025) တွင် ပြောကြားခဲ့သည်။

Read more

အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ စီရော်နယ်လ်ဒို တွေ့ဆုံ

အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ စီရော်နယ်လ်ဒို တွေ့ဆုံ
===========================
ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုဟာ မနေ့က ပြုလုပ်ခဲ့တဲ့ အိမ်ဖြူတော်ညစာစားပွဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ တွေ့ဆုံခွင့်ရခဲ့ကြောင်း သိရပါတယ်။

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှာ ကစားနေတဲ့ စီရော်နယ်လ်ဒိုဟာ အဲဒီညစာစားပွဲကို ဆော်ဒီမင်းသား မိုမာမက်ဘင်ဆယ်လ်မန်နဲ့အတူ တက်ရောက်ခဲ့တာဖြစ်ပြီး အခြားနာမည်ကျော်များစွာကိုလည်း ဒေါ်နယ်ထရန့်က ဖိတ်ကြားခဲ့ကြောင်း သိရပါတယ်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပ

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပ
============
နိုဝင်ဘာ ၁၈၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဇေယျာသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီနှင့်အတူ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၆) ကိုယ်စားလှယ်လောင်း ဦးတင်ဦးလွင်၊ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ၁၈ – ၁၁ – ၂၀၂၅ ရက်နေ့ နေ့လည် ၃ နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြိုနယ် ကျည်တောင်အုပ်စု စည်ပင်သာယာဘောလုံးကွင်း၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ​ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားသို တက်ရောက်အားပေး ချီးမြှင့်ခဲ့ကြပါသည်။

Read more

(၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ရွှေတံဆိပ် (၁) ခု အပါအဝင် ဆုတံဆိပ် (၅) ခုဆွတ်ခူး

(၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ရွှေတံဆိပ် (၁) ခု အပါအဝင် ဆုတံဆိပ် (၅) ခုဆွတ်ခူး
=======================
အင်ဒိုနီးရှားနိုင်ငံ၊ ဘန်တန်ကျွန်းတွင် နိုဝင်ဘာလ ၁၁ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့သည့် (၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲမှ ရွှေတံဆိပ် (၁) ခု အပါအဝင် ဆုတံဆိပ် (၅) ခုဆွတ်ခူးထားကြောင်း သိရသည်။

Read more

ဗြိတိန်နိုင်ငံရှိ ဒုက္ခသည်များအားလုံး မူလနိုင်ငံများသို့ ပြန်သွားရမည်

ဗြိတိန်နိုင်ငံရှိ ဒုက္ခသည်များအားလုံး မူလနိုင်ငံများသို့ ပြန်သွားရမည်
==============================
ဗြိတိန်နိုင်ငံ၌ အိမ်ရာထူထောင်ထားသည့် ဒုက္ခသည်များအပါအဝင် ဒုက္ခသည်များအားလုံး အနေဖြင့် ၎င်းတို့၏မူလနိုင်ငံများက ဘေးကင်းစိတ်ချရမှုရှိသည့် အချိန်တွင် ထိုနိုင်ငံများသို့မဖြစ်မနေ ပြန်သွားရမည်ဖြစ်ကြောင်း ဗြိတိန်ပြည်ထဲရေးဝန်ကြီးကပြောသည်။

လက်ရှိတွင် ဗြိတိန်နိုင်ငံ၌ ဒုက္ခသည်များကို ခိုလှုံခွင့်ပေးရေးစနစ်သည် ထိန်းမနိုင်သိမ်းမရဖြစ်နေကြောင်း၊ ထို့ကြောင့် အဆိုပါစနစ်ကြီးတစ်ခုလုံးကို ပြောင်းလဲရမည်ဖြစ်ကြောင်းနှင့် ထိုသို့ပြောင်းလဲမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ခိုလှုံခွင့်တောင်းခံသူများကို အမြဲတမ်းဒုက္ခသည်များအဖြစ် သတ်မှတ်မှု ရှိတော့မည်မဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီး ရှာဘားနာမာမုက နိုဝင်ဘာလ ၁၆ရက်တွင်ပြောသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ဦးလွင် ရေဆင်းကျေးရွာမှ မိဘပြည်သူများနှင့်တွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ဦးလွင် ရေဆင်းကျေးရွာမှ မိဘပြည်သူများနှင့်တွေ့ဆုံ
=========================
နိုဝင်ဘာ ၁၈၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ၊ ဇေယျာသီရိမြိုနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်ရီနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ဦးလွင်တိုသည် ၁၈-၁၁-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဇေယျာသီရိမြိုနယ်၊ ရေဆင်းကျေးရွာအုပ်စုသိုသွားရောက်ပြီး မိဘပြည်သူများနှင့် တွေ့ဆုံပွဲတစ်ခုပြုလုပ်ခဲ့ပါသည်။

Read more

ဘက်ထရီလျှပ်စစ်စက်ခေါင်းတွေနဲ့ ရထားခရီးစဉ်တွေပြေးဆွဲမယ်

ဘက်ထရီလျှပ်စစ်စက်ခေါင်းတွေနဲ့ ရထားခရီးစဉ်တွေပြေးဆွဲမယ်
=====================
ဘက်ထရီလျှပ်စစ် ရထားစက်ခေါင်းတွေကိုအသုံးပြီး ခေတ်မီလေအေးပေးစက်ပါ လေအိတ်တွဲဆိုင်းတွေနဲ့ နေပြည်တော်-မန္တလေး-နေပြည်တော် ရထားခရီးစဉ်တွေ စတင်ပြေးဆွဲမယ်လို့ သိရပါတယ်။

ဘက်ထရီလျှပ်စစ်ရထားစက်ခေါင်းတွေစမ်းသပ်မောင်းနှင်မှုတွေကို အောက်တိုဘာလကုန်ပိုင်းကစတင် ပြုလုပ်ခဲ့တာတွေ့ရပြီး လာမယ့် နိုဝင်ဘာ ၂၂ ရက်နေ့ကစတင်ကာ လက်ရှိ RBE တွေနဲ့ ပြေးဆွဲနေတဲ့ အမှတ်(၂၇)အဆန် နေပြည်တော်-မန္တလေးနဲ့ အမှတ်(၂၈)အစုန် မန္တလေး-နေပြည်တော် ရထားခရီးစဉ်တွေမှာ အဲ့ဒီစက်ခေါင်းတွေနဲ့ ပြေးဆွဲတော့မှာပါ။

Read more

နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြတ်ဟိန်း ရဲဒိကျေးရွာမှ မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ

နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြတ်ဟိန်း ရဲဒိကျေးရွာမှ မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ
====================
၁၈-၁၁-၂၀၂၅
နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြိုနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြတ်ဟိန်းသည် ၁၈-၁၁-၂၀၂၅ ရက်နေ့ ညနေ ၃နာရီချိန်တွင် ဒက္ခိဏသီရိမြို့နယ်၊ ရဲဒိကျေးရွာမှ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံခဲ့ပါသည်။

Read more

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က နိုင်ငံအတွင်း ပရီးမီးယားလိဂ်ပွဲစဉ်တွေ ထုတ်လွှင့်ပြသဖို့ ခွင့်ပြုပေးမည်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က နိုင်ငံအတွင်း ပရီးမီးယားလိဂ်ပွဲစဉ်တွေ ထုတ်လွှင့်ပြသဖို့ ခွင့်ပြုပေးမည်
================
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က မြောက်ကိုရီးယားနိုင်ငံအတွင်း ပရီးမီးယားလိဂ်ပွဲစဉ်တွေ ထုတ်လွှင့်ပြသဖို့ ခွင့်ပြုပေးခဲ့ပြီလို့ သတင်းထွက်လာခဲ့ပါတယ်။

နာမည်ကျော် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ကမ္ဘာ့နိုင်ငံပေါင်း (၁၉၀)နီးပါးက ကြည့်ရှုခွင့်ရနေပေမဲ့ မြောက်ကိုရီးယားနိုင်ငံမှာတော့ ပိတ်ပင်ထားတာပါ။

အခု ကင်ဂျုံအွန်က ထုတ်လွှင့်ပြသဖို့ ခွင့်ပြုပေးခဲ့ပေမဲ့လည်း ကန့်သတ်ချက်များစွာ ပါဝင်ကြောင်း သိရပါတယ်။

Read more