ဂျော့ရှုဝါဗန်၏ ချန်ပီယံတံဆိပ်ပေးအပ်မှုတွင် မြန်မာအလံကို UFC ထည့်သွင်းထား

ဂျော့ရှုဝါဗန်၏ ချန်ပီယံတံဆိပ်ပေးအပ်မှုတွင် မြန်မာအလံကို UFC ထည့်သွင်းထား
=================
မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား UFC ဖိုက်တာ ဂျော့ရှုဝါဗန်ကို UFC က ချန်ပီယံတံဆိပ်ချီးမြှင့်ရာ၌ အဆိုပါ တံဆိပ်ပေါ်တွင် မြန်မာအလံကို ထည့်သွင်းဖော်ပြပေးခဲ့သည်ကို တွေ့ရသည်။

ထို့ပြင် ပတ္တမြားတစ်လုံးကို ချန်ပီယံဖြစ်မှု အထိမ်းအမှတ်အဖြစ် ထည့်သွင်းပေးထားပြီး ခါးပတ်ကာကွယ်နိုင်မှုအပေါ်မူတည်၍ ပတ္တမြားအရေအတွက် တိုးလာမည်ဖြစ်ကာ UFC သမိုင်း၌ မြန်မာ့အလံကို ပထမဆုံးအကြိမ် ချန်ပီယံတံဆိပ်‌ ပေါ်တွင် မြန်မာအလံကို ရို-က်နှိပ်ပေးအပ်ခြင်းလည်းဖြစ်သည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးခင်ရီ ဇေယျာသီရိမြို့နယ်အတွင်းရှိ သစ်တပ်ကျေးရွာနှင့် သက်နှင်းအင်းကျေးရွာများသို့ သွားရောက်၍ မဲဆန္ဒရှင်ပြည်သူများအား ကျေးဇူးတင်စကားပြောကြား

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးခင်ရီ ဇေယျာသီရိမြို့နယ်အတွင်းရှိ သစ်တပ်ကျေးရွာနှင့် သက်နှင်းအင်းကျေးရွာများသို့ သွားရောက်၍ မဲဆန္ဒရှင်ပြည်သူများအား ကျေးဇူးတင်စကားပြောကြား
=========================
ဇန်နဝါရီ ၂၀
ဇန်နဝါရီလ (၁၉)ရက်၊မွန်းလွဲပိုင်း၌ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ သစ်တပ်ကျေးရွာ၊ သက်နှင်းအင်းကျေးရွာ များသို့သွားရောက်၍ ရပ်မိရပ်ဖများ၊ပြည်ခိုင်ဖြိုးပါတီကိုအားပေးဝန်းရံထောက်ခံမဲပေးခဲ့ကြသူများအား ကျေးဇူးတင်စကားသွားရောက်ပြောကြားခဲ့ပြီး ကျေးရွာများမှတင်ပြသောရပ်ရွာဖွံ့ဖြိုးရေးဆိုင်ရာများအား ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

Read more

ရန်ကုန် တိရစ္ဆာန်ဥယျာဉ် နှစ် (၁၂၀) ပြည့်အထိမ်းအမှတ်ပွဲတော် ပြုလုပ်မည်

ရန်ကုန် တိရစ္ဆာန်ဥယျာဉ် နှစ် (၁၂၀) ပြည့်အထိမ်းအမှတ်ပွဲတော် ပြုလုပ်မည်
===================
ဇန် ၂၁
ရန်ကုန် တိရစ္ဆာန်ဥယျာဉ် နှစ်(၁၂၀)ပြည့်အထိမ်းအမှတ်ပွဲတော်ကို ယခုလ (ဇန်နဝါရီ ၃၀) က စတင်ကာ ပြုလုပ်မည်ဟု သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးခင်ရီ ဇေယျာသီရိမြို့နယ်အတွင်းရှိ သစ်တပ်ကျေးရွာနှင့် သက်နှင်းအင်းကျေးရွာများသို့ သွားရောက်၍ မဲဆန္ဒရှင်ပြည်သူများအား ကျေးဇူးတင်စကားပြောကြား

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးခင်ရီ ဇေယျာသီရိမြို့နယ်အတွင်းရှိ သစ်တပ်ကျေးရွာနှင့် သက်နှင်းအင်းကျေးရွာများသို့ သွားရောက်၍ မဲဆန္ဒရှင်ပြည်သူများအား ကျေးဇူးတင်စကားပြောကြား
=========================
ဇေယျာသီရိ ဇန်နဝါရီ ၂၀

ဇန်နဝါရီလ (၁၉)ရက်၊မွန်းလွဲပိုင်း၌ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ သစ်တပ်ကျေးရွာ၊ သက်နှင်းအင်းကျေးရွာ များသို့သွားရောက်၍ ရပ်မိရပ်ဖများ၊ပြည်ခိုင်ဖြိုးပါတီကိုအားပေးဝန်းရံထောက်ခံမဲပေးခဲ့ကြသူများအား ကျေးဇူးတင်စကားသွားရောက်ပြောကြားခဲ့ပြီး
ကျေးရွာများမှတင်ပြသောရပ်ရွာဖွံ့ဖြိုးရေးဆိုင်ရာများအားပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

Read more

ဂါဇာငြိမ်းချမ်းရေး ဘုတ်အဖွဲ့ဝင်နေရာအတွက် ရုရှားသမ္မတ ဖိတ်ကြားခြင်းခံရ

ဂါဇာငြိမ်းချမ်းရေး ဘုတ်အဖွဲ့ဝင်နေရာအတွက် ရုရှားသမ္မတ ဖိတ်ကြားခြင်းခံရ
==========================
ရုရှားသမ္မတဗလာဒီမာပူတင်သည် ဂါဇာငြိမ်းချမ်းရေး ဘုတ်အဖွဲ့ဝင်နေရာအတွက် ဖိတ်ကြားခြင်းခံရကြောင်း ရုရှားသမ္မတရုံးက ဇန်နဝါရီလ ၁၉ ရက်တွင်ထုတ်ပြန်ထားသည်။ထိုငြိမ်းချမ်းရေးဘုတ်အဖွဲ့သည် နိုင်ငံတကာအတိုင်းအတာအနေဖြင့် ပဋိပက္ခများကိုဖြေရှင်းရန်၊ ဂါဇာဒေသအတွင်းအုပ်ချုပ်မှုနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲနိုင်ရန်တို့အတွက်ရည်ရွယ်ခြင်းဖြစ်သည်ဟု သမ္မတရုံး၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို အမေရိကန်သမ္မတက ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်များကိုပါ ထိုအဖွဲ့တွင်ပါဝင်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ မဲဆန္ဒရှင်ပြည်သူများအား ကျေးဇူးတင်စကားပြောကြား

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ မဲဆန္ဒရှင်ပြည်သူများအား ကျေးဇူးတင်စကားပြောကြား
=========================
ဒက္ခိဏသီရိ ဇန်နဝါရီ ၁၉

ယနေ့ ဇန်နဝါရီလ (၁၉)ရက်၊မွန်းလွဲပိုင်း၌ ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းသည်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဒိုးနွယ်ကျေးရွာ၊ကျေးစာဥကျေးရွာနှင့်ရွာသစ်ကျေးရွာ များသို့ သွားရောက်၍ ရပ်မိရပ်ဖများ၊ ပြည်ခိုင်ဖြိုးပါတီကို အားပေးဝန်းရံထောက်ခံမဲပေးခဲ့ကြသူများအား ကျေးဇူးတင်စကား သွားရောက်ပြောကြားခဲ့ပြီး
ကျေးရွာများမှတင်ပြသော ရပ်ရွာဖွံ့ဖြိုးရေးဆိုင်ရာများအား ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

Read more

မြန်မာ-ရုရှား ဗီဇာကင်းလွတ်ခွင့် (၂၇) ရက်နေ့၌စတင်အကျိုးသက်ရောက်

မြန်မာ-ရုရှား ဗီဇာကင်းလွတ်ခွင့် (၂၇) ရက်နေ့၌စတင်အကျိုးသက်ရောက်
=========================
ဇန် ၂၀
ရုရှားအစိုးရနှင့် မြန်မာအစိုးရတို့အကြား ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် မင့်စ်မြို့၌ လက်မှတ်ရေးထိုးခဲ့သော နှစ်နိုင်ငံနိုင်ငံသားများအတွက် ဗီဇာလိုအပ်ချက်များ အပြန်အလှန်ပယ်ဖျက်ခြင်းဆိုင်ရာ သဘောတူညီချက်သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ၂၇ ရက်နေ့တွင် စတင်၍ အကျိုးသက်ရောက်တော့မည်ဖြစ်သည်။
သဘောတူညီချက်အရ ရုရှားနိုင်ငံသားများသည် အမြဲတမ်းနေထိုင်ခွင့်၊ ပညာရေး သို့မဟုတ် အလုပ်လုပ်ကိုင်ခွင့်ဆိုင်ရာ အကြောင်းအရာများနှင့် မသက်ဆိုင်ပါက မြန်မာနိုင်ငံသို့ တစ်ကြိမ်လာရောက်ခြင်းအတွက် ဗီဇာမလိုဘဲ ရက် ၃၀ နေထိုင်ခွင့်ရှိမည်ဖြစ်သည်။
၎င်းတို့၏ စုစုပေါင်း နေထိုင်ချိန်သည် ပြက္ခဒိန်နှစ်တစ်နှစ်တွင် ရက်ပေါင်း ၉၀ ထက် မပိုရပေ။
ထို့အတူ ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်သည့် မြန်မာနိုင်ငံသားများသည်လည်း အလားတူအခွင့်အရေးများ ရရှိမည်ဖြစ်သည်။ #Popular

Read more

မြန်မာနိုင်ငံမှထွက်ရှိသည့် ထောပတ်သီးများကို ထိုင်းနိုင်ငံအပြင် တရုတ်နိုင်ငံသို့ပါ တင်ပို့နိုင်‌ရေး ဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံမှထွက်ရှိသည့် ထောပတ်သီးများကို ထိုင်းနိုင်ငံအပြင် တရုတ်နိုင်ငံသို့ပါ တင်ပို့နိုင်‌ရေး ဆောင်ရွက်လျက်ရှိ
====================
ဇန်နဝါရီ ၂၀
မြန်မာနိုင်ငံမှထွက်ရှိသည့် ထောပတ်သီးကို ပြည်တွင်းစားသုံးမှုအပြင် ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ရုံသာမက တရုတ်နိုင်ငံသို့ပါ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

လက်ရှိတွင် ထောပတ်သီးရာသီကုန်ချိန်၌ အရောင်းအဝယ်ကောင်းမွန်နေပြီး ဈေးကောင်းရရှိနေကြောင်းနှင့် ယခုနှစ်တွင် ထိုင်းနိုင်ငံက ကမ္ဘောဒီးယားနိုင်ငံသို့ တင်ပို့ခြင်းမရှိလို့ ထောပတ်သီးများ အဝယ်နည်းခဲ့ကြောင်း သိရပါတယ်။

Read more