Singapore Institute of Management ပညာသင်ဆု လျှောက်ထားနိုင်

တက္ကသိုလ်ဝင်တန်းအောင် နှင့် iGCSE (GCE ‘O’Level) ကျောင်းသူ၊ ကျောင်းသားများ Singapore Institute of Man-agement (SIM Global Edu-cation) ၏ စီးပွားရေးဆိုင်ရာပညာသင်ဆုကို အောက်တိုဘာ (၁) ရက်တွင် စတင်လျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်။

အဆိုပါ ပညာသင်ဆုကို Diploma in Accounting , Diploma in Banking & Finance, Diploma in International Bus- iness နှင့် Diploma in Manage- ment Studies စသည့် ဘာသာ ရပ်များအတွက် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း STUDY ABROAD Information Centre မှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသော ကျောင်းသူ၊ ကျောင်းသားများသည် ငါးဘာသာ ပျမ်းမျှရမှတ် ၇၀ ရှိရမည်ဖြစ်ပြီး iGCSE(GCE ‘O’Level) ကျောင်းသူ၊ ကျောင်းသားများ သည် ငါးဘာသာကို Grade C ရှိရမည် ဖြစ်ကာ အင်္ဂလိပ်စာသတ် မှတ်ချက်မှာ IELTS 5.5 ရရှိထား ရမည်ဖြစ်သည်။

အဆိုပါ ဒီပလိုမာဘာသာရပ်များ၏ သင်တန်းကာလမှာ တစ်နှစ်ခွဲ ကြာမြင့်မည်ဖြစ်ပြီး ပြီးဆုံးပါက ဗြိတိန်နိုင်ငံရှိ University of Birmingham, University of London, University of South- ampton, University of Stirling, သြစတြေးလျနိုင်ငံရှိ RMIT Univ- ersity, University of Wollon- gong, အမေရိကန်နိုင်ငံရှိ Univ- ersity at Buffalo မှ ဘွဲ့ဒီဂရီများအတွက် ပညာသင်ဆုလျှောက်ထားကာ Singapore Institute of Management တွင် ဆက်လက် တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။


 


Leave a Reply