ေလာင္းေၾကးႀကီးလြန္းတဲ့ ထရမ္ရဲ့ ကုန္သြယ္ေရးမူဝါဒအသစ္

(ေဆာင္းပါးက႑) ေမ ၂၀
ေနဇင္လတ္

ထရမ့္ကေတာ့ “အႀကီးအက်ယ္စြန႔္စားမွု” ေတြကိုလုပ္ေနပါၿပီ။ ပထမ Canada, Mexico ကိုအခြန္တိုးတယ္။ ကုန္သြယ္လိုေငြအမ်ားဆုံးျပတဲ့ နိုင္ငံႏွစ္ခုျဖစ္လို႔ပါ။ေနာက္ပိုင္း“ရန္သူ- မိတ္ေဆြမခ်န္ပဲ ကုန္သြယ္ခြန္ေတြတိုးခဲ့တယ္။ ေနာက္တစ္ခါ ေမာ္ေတာ္ကားဘက္အခြန္တိုးတယ္။ ေနာက္ဆုံး ကုန္သြယ္ခြန္မူဝါဒအသစ္အရ နိုင္ငံအားလုံးနဲ႔သက္ဆိုင္တယ္ဆိုၿပီးျဖစ္လာခဲ့ျပန္ပါတယ္။ ပီပီျပင္ျပင္ တစ္ကမၻာလုံးနဲ႔ တစ္ေယာက္ျဖစ္သြားခဲ့ပါၿပီ။

ဒီအလုပ္က အေတာ္စြန႔္စားမွုရွိတဲ့အရာပါ။ ေလာင္း ေၾကးလည္းအေတာ္ႀကီးလွပါတယ္။ေအာင္ျမင္သြားရင္ မေထာင္းသာေပမယ့္ မေအာင္ျမင္ခဲ့ရင္ အေမရိကန္မူဝါဒကို ဘယ္သူကမွမယုံၾကည္ေတာ့မယ့္အျပင္ တိုးၿပီးသားအခြန္ႏွုန္းထားအေပၚအသာရတဲ့ နိုင္ငံေတြက ေလၽွာ့ေပးေတာ့မွာမဟုတ္ပါဘူး။

အခြန္တိုးတယ္ဆိုတဲ့ေနရာမွာ ထရမ့္ဘက္က အရင္စလိုက္တာပါ။ အေမရိကန္နိုင္ငံကို တင္သြင္းတဲ့ ကုန္ပစၥည္းေတြအေပၚမွာ သက္ဆိုင္ရာအုပ္စုအလိုက္အခြန္တိုးေကာက္တာပဲျဖစ္ပါတယ္။ က်န္တဲ့နိုင္ငံေတြကလည္း ၿငိမ္ေနၾကမွာမဟုတ္ပါဘူး။ သူတို႔နိုင္ငံတြင္း တင္သြင္းလာတဲ့ အေမရိကန္ထုတ္ကုန္ေတြ အေပၚအခြန္တိုးေကာက္လာၾကမွာပဲျဖစ္ပါတယ္။

ေလာေလာဆယ္ကေတာ့ Tariff War ဆိုတဲ့အခြန္စစ္ပြဲက“အစပိုင္း” ျဖစ္တာမို႔ဘယ္သူနိုင္တယ္၊ ရွုံးတယ္ဆိုတာကို ဆုံးျဖတ္လို႔မရေသးပါဘူး။ တစ္ပတ္လည္(သို႔)တစ္ႏွစ္ေလာက္ဆိုရင္ေတာ့အေျဖတစ္ခုထြက္လာမွာျဖစ္ပါတယ္။

ကုန္သြယ္လိုေငြႀကီးတဲ့အေမရိကန္

တစ္ခ်ိန္က ကုန္သြယ္ပိုေငြေတြ ျပခဲ့ၿပီးခ်မ္းသာလာတဲ့ အေမရိကန္ဟာ တျဖည္းျဖည္း ကုန္သြယ္ လိုေငြေတြျမင့္တက္လာၿပီး က်ဆင္းလာခဲ့ပါတယ္။ ၂၀၂၄ အေမရိကန္ရဲ့ကုန္သြယ္လိုေငြဟာ $ 1.13 Trillion အထိရွိခဲ့ၿပီး ၂၀၂၃ ကထက္ $ 228 Billion ပိုခဲ့တယ္။ အခုပုံအတိုင္း ဆက္သြားရင္ မေတြးရဲစရာပါ။ ျပည္တြင္းဘတ္ ဂ်က္လိုေငြ ကလည္း $ 1.0 + Trillion ျဖစ္ေနပါတယ္။ အေႂကြးအတြက္အတိုးကလည္း ပုံမွန္
တက္ေနတယ္။ လိုေငြျပတိုင္း Bond ေတြ ထုတ္ေရာင္း၊အေႂကြးပိုတက္၊ အတိုးတြက္ကထပ္ၿပီး ဖိစီးလာရင္ အဆိုးေက်ာ့သံသရာ Vicious Cycle ထဲက အေမရိကန္ မထြက္နိုင္ခဲ့တာ ဆယ္စုႏွစ္တစ္ခု ေက်ာ္လာခဲ့ပါၿပီ။

ထရမ့္သမၼတျဖစ္လာတဲ့အခ်ိန္မွာ အေမရိကန္ရဲ့အေႂကြးဟာ $ 37 Trillion ေလာက္ရွိေနၿပီး ဒီတစ္ခါဘတ္ဂ်က္မွာ $ 3 + Trillion ေက်ာ္သြားပါလိမ့္မယ္။ တစ္ႏွစ္ကို $ 2.4 Trillion အေႂကြးမွန္မွန္ တက္ေနၿပီး တစ္ခုခုျပဳျပင္ေျပာင္းလဲေရးမလုပ္နိုင္ရင္ ေရလယ္မွာ သက္ကယ္ေလွေတြမပါပဲ သေဘၤာႀကီးျမႇုပ္သလိုျဖစ္မွာ ေသခ်ာေနပါတယ္။
အဓိက အေႂကြးတင္ေစတဲ့ ေနရာကႏွစ္ခုပါ။ ကုန္သြယ္ေရးဘက္ကလိုေငြ (ဝင္ေငြနည္းၿပီးသူေဌးသုံး သုံးသလို)နဲ႔ ျပည္တြင္းသုံးစြဲမွုေတြျမင့္တက္ေနတာပဲ ျဖစ္ပါတယ္။ အစိုးရဘတ္ဂ်က္လိုေငြ $ 1.0 + Trillion ကို ျဖတ္ေတာက္ဖို႔ DOGE က တာဝန္ယူၿပီး $ 1.13 Trillion လိုေငြျပေနတဲ့ ကုန္သြယ္လိုေငြကို သမၼတကိုယ္တိုင္က တာဝန္ယူေျဖရွင္းတဲ့သေဘာပါ။

၂ဝ၂၄ ခုႏွစ္ရဲ့ US ထုတ္ကုန္နဲ႔ သြင္းကုန္ကိုၾကည့္ရင္ Export က $ 3 + Trillion နဲ႔ Import $4+ Trillion ျဖစ္တာကိုေတြ႕ရပါလိမ့္မယ္။ ဆိုလိုခ်င္တာက ကိုယ့္ပစၥည္းေရာင္းရမွုက $ 3 Trillion ေက်ာ္ပဲရွိၿပီး ျပန္ဝယ္ရတာက S 4.0 +Trillion ရွိတယ္ဆိုတဲ့ သေဘာျဖစ္ပါတယ္။ ေရာင္းရတာထက္ ဝယ္သုံးတာကပိုမ်ားေနတာ
မ်ိဳးပါ။

ကုန္သြယ္ေရးဟာ သခၤ်ာမဟုတ္

ထရမ့္ရဲ့မဟာဗ်ဴဟာက “အခြန္တိုးျခင္းနဲ႔အသာစီးရယူၿပီး ကုန္သြယ္လိုေငြကို ေလၽွာ့ခ်”တဲ့နည္းျဖစ္ပါတယ္။ သခၤ်ာနည္းနဲ႔တြက္ရင္ေတာ့ အလြန္မွန္တဲ့ နည္းပါ။ ဒါေပမဲ့ ကုန္သြယ္ေရးဆိုတာ လိုအပ္တဲ့ ပစၥည္းေတြကိုဝယ္ယူသုံးစြဲမွုျဖစ္ ၿပီး စိတ္ခံစားခ်က္၊ အျမင္ေတြ ေပၚမွာမူတည္ၿပီး ေျပာင္းလဲသြားနိုင္ပါတယ္။ ထရမ့္ရဲ့ ရွုေထာင့္က ကုန္သြယ္ခြန္ေတြ တိုးလိုက္ရင္
ကိုယ္က $3.0 +Trillion ေပၚမွာပိုေပးရမွာျဖစ္ၿပီး
ကိုယ္က $ 4.0+Trillionေပၚမွာ အခြန္ပိုရမွာျဖစ္လို႔ သခၤ်ာသေဘာ အရမွန္ပါတယ္။
ဒါေပမဲ့ သြင္းကုန္ေရာ၊ ပို႔ကုန္ေရာ ပမာဏဘယ္ေလာက္“က်ဆင္း” သြားမယ္ဆိုတဲ့အပိုင္းရွိလာပါတယ္။ အေမရိကန္လို“လက္မဖြာတဲ့”နိုင္ငံေတြက အေမရိကန္ကုန္ပစၥည္းေတြကို အမ်ားႀကီးေလၽွာ့ခ် တင္သြင္းသြားနိုင္ပါတယ္။ အေမရိကန္ကေတာ့ အေႂကြးနဲ႔လည္ပတ္ေနတဲ့နိုင္ငံျဖစ္ၿပီး လက္ဖြာတဲ့နိုင္ငံျဖစ္ေလေတာ့ သြင္းကုန္ေတြကိုအမ်ားႀကီး ေလၽွာ့ခ်တင္သြင္းလို႔ရမယ္မထင္ပါဘူး။ ဒီမွာတင္အခြန္ပိုရတာကနည္းနည္း ကုန္ သြယ္ေရး“ကြာဟခ်က္” က မ်ားမ်ားျဖစ္သြားနိုင္ပါတယ္။ ဒါကတစ္ခ်က္ပါ။

ေနာက္တစ္ခ်က္က ကုန္ပစၥည္းေတြအားလုံးေဈး ႏွုန္းႀကီးသြားၾကပါလိမ့္မယ္။ လူေတြ အသုံး အစြဲၿခိဳးၿခံရပါေတာ့မယ္။ ဒါေၾကာင့္သြင္းကုန္ေရာ၊ပို႔ကုန္ပါက်ဆင္းသြားနိုင္ပါတယ္။ စက္႐ုံတစ္႐ုံဟာ အခု (၁ဝဝ,ဝဝဝ)ပုံမွန္ထုတ္ေပမယ့္ကုန္သြယ္ခြန္တိုးလာတာေၾကာင့္ အခု (၇၀,၀၀၀)ပဲ ေရာင္းရတဲ့အျဖစ္မ်ိဳးၾကဳံေတြ႕လာရပါေတာ့မယ္။ ကုန္ထုတ္လုပ္မွုမွာ Eeonomy of Scale ဆိုတဲ့ “တြက္ခ်က္ ကိုက္မွု”ဆိုတာရွိေနတယ္။ မ်ားမ်ားထုတ္နိုင္ရင္ တစ္ခုခ်င္းတန္ဖိုးနည္းၿပီး နည္း နည္းထုတ္ရရင္ တစ္ခုခ်င္းတန္ဖိုး ပိုႀကီးသြားရတယ္။ ေလၽွာ့ထုတ္ရလို႔ တစ္ခုခ်င္းတန္ဖိုးေဈးတက္လာတဲ့အျပင္ ကုန္သြယ္ခြန္ကထပ္ဆင့္တိုးထားလို႔ ပစၥည္းတန္ဖိုးက ပိုၿပီးေဈးျမင့္သြားပါ
လိမ့္မယ္။အဲ့ဒီရဲ့ေဘးထြက္ဆိုးက်ိဳးက –
• ေငြစီးဆင္းမွုကို တုံ႔ေႏွးေစပါတယ္
• အေရာင္းက်ပါတယ္
• အလုပ္လက္မဲ့ေတြထြက္ေပၚေစပါတယ္
• ထရမ့္ရဲ့အယူအဆကိုနည္းနည္းရွင္းရရင္
• သြင္းကုန္ $ 4.0+Trillion
• ပို႔ကုန္ $ 3.0 + Trillion
• လိုေငြ $ 1.0 + Trillion
အဲ့ဒီ ပမာဏေပၚမွာ အေျခခံရင္ ကုန္သြယ္လိုေငြ $ 1 Trillion ေပၚမွာ အခြန္က အျမတ္ပိုထြက္မွာျဖစ္ေပမယ့္၊ တကယ္လို႔-
• သြင္းကုန္ $ 3.5 Trillion
• ပို႔ကုန္ $ 2.0 Trillion ျဖစ္သြားခဲ့မယ္ဆိုရင္
• လိုေငြက $ 1.5 Trillion အထိ ထပ္တိုးသြားနိုင္တာမ်ိဳးျဖစ္သြားနိုင္တာေတြ႕ရတယ္။

ကမၻာ့စီးပြားေရးက Covid ေနာက္ပိုင္း အေျခအေနမေကာင္းလွပါဘူး။ အျခားနိုင္ငံေတြက အေမရိကန္ထုတ္ပစၥည္းကို“ပိုၿပီး” ေလၽွာ့ခ်လာၾကမွာေသခ်ာပါတယ္။ ဒါေၾကာင့္ကုန္သြယ္ေရးအခြန္တိုးျခင္းဟာ မေရရာမေသခ်ာတဲ့ ေလာင္းေၾကးထပ္ျခင္းလို႔ပဲျမင္ပါတယ္။ အနာနဲ႔ေဆးေတြ႕ ရင္အနာသက္သာေပမယ့္ လက္ရွိကမၻာ့စီးပြားေရးအေျခအေနအရဆိုရင္ေတာ့ ေဆးမွားလို႔ အနာပိုႀကီးလာမွာျမင္ေယာင္မိပါေသးတယ္။

ျပည္တြင္းအစိုးရအသုံးစရိတ္ျဖတ္ေတာက္တဲ့ဘက္ကေတာ့ ေထာက္ခံရမွာျဖစ္ပါတယ္။ ေလ လြင့္သြားတဲ့ေငြေတြက မနည္းမေနာပါပဲ။ Elon Musk ရဲ့ ေျပာၾကားခ်က္အရဆိုရင္ တစ္ေန႔ကို $ 4.0 Billion ေလာက္သက္သာသြားတယ္လို႔ဆိုတယ္။ တစ္ႏွစ္ဆိုရင္ $ 1.0 + Trillionဂဏန္းျဖစ္ပါတယ္။

ေဆးေၾကာင့္လူနာေတာ့အရင္ထိေနၿပီ

ေဆးကတစ္ပတ္လည္မွ အေျဖေတြ႕ရမွာပါ။ ေဆးတစ္ပတ္လည္ဖို႔ ေျခာက္လ၊ တစ္ႏွစ္ေတာ့ေစာင့္ရပါဦးမယ္။ ေဆးတစ္ပတ္မလည္ခင္မွာတင္ လူနာကေတာ့ “ေကာ့”ေနေအာင္ခံၾကရတာေတြ႕ရပါတယ္။ အေမရိကန္စေတာ့တန္ဖိုး $ 5.7 Trillion ဖိုးတန္ဖိုးက်သြားတယ္။ နည္းတဲ့ ပမာဏမဟုတ္ပါဘူး။ Future ဆိုတဲ့ႀကိဳပြိဳင့္ေဈးေတြလည္း ကေမာက္ကမျဖစ္ကုန္တယ္။ ဒါတင္လားဆိုေတာ့ မဟုတ္ပါဘူး။ Top 10 ဘီလီယံနာႀကီးေတြရဲ့ပိုင္ဆိုင္မွ အမ်ား အျပားဆုံးရွုံးသြားၾကတယ္။ Elon Musk တစ္ဦးထဲတင္ $ 140 Billion ေလာက္ပိုင္ဆိုင္မွုေလ်ာ့က်သြားၿပီး ဘီလီယံနာမ်ားရဲ့ စုစုေပါင္း ဆုံးရွုံးမွုက $ Trillion ဂဏန္းျဖစ္သြားတာ ေတြ႕ရတယ္။

Dow Jones, S & P -500, Nasdaq တို႔ ဆိုးဆိုးဝါးဝါးက်ဆင္းသြားခဲ့ၾကတယ္။ တစ္ပတ္ေလာက္အၾကာမွာ ခဏေလးျပန္ေခါင္းေထာင္လာၿပီး တစ္ခါထပ္က်သြားျပန္ပါတယ္။ Wall Street လည္းထရမ့္ရဲ့မူဝါဒေၾကာင့္ “အ႐ူးမလင္လုပ္ရသလို” ျဖစ္ေနတယ္ လို႔ဆိုလာတယ္။ ေနာက္ဆုံး တစ္ကမၻာလုံးနဲ႔ဆိုင္တဲ့ အခြန္တိုးစနစ္တစ္ခုကို ေၾကညာမယ္လို႔ ထရမ့္ကေျပာလိုက္တဲ့အခါမွာ စေတာ့ေတြအားလုံးအနီေရာင္ျဖစ္သြားၾကတာ ေတြ႕ရပါတယ္။

အေမရိကန္ဟာ ကမၻာ့အႀကီးဆုံး စီးပြားေရးနိုင္ငံျဖစ္ေနဆဲမို႔ နဂါးေခါင္းတစ္ခ်က္အလွည့္မွာ အၿမီးရမ္းလို႔အားလုံး ကေမာက္ကမျဖစ္ကုန္ၾကရတယ္။ ဒါေၾကာင့္ ေသခ်ာတဲ့ Safe Heaven ျဖစ္တဲ့ ကမၻာ့ေရႊက $ 3100 ေက်ာ္အထိ ေထာင္တက္သြားခဲ့တာေတြ႕ ရတယ္။ (Safe Heaven – တန္ဖိုးမဆုံးေသာအရာမ်ား)

နိုင္ငံတကာစီးပြားေရးနဲ႔ ရင္းႏွီးေနၾကသူမ်ားအတြက္ ဘယ္ Index ကို ၾကည့္ရင္ဘာျဖစ္ေနတယ္၊ ဘာျဖစ္ေတာ့မလဲဆိုတာကိုသိေနေလ့ရွိတယ္။ ေရႊဟာ ပုံမွန္နည္းနည္းခ်င္းတက္ေနတဲ့ သတၱဳတစ္မ်ိဳးပါ။ ကမၻာ့စီးပြားေရးေကာင္းရင္ Stock တန္ဖိုးေတြ Bull ျဖစ္ၿပီး ကမၻာ့စီးပြားေရးမေကာင္းရင္စေတာ့ေတြ ေဈးက်တာ၊ “အိုင္”သြားတာ Bearish ျဖစ္လာပါတယ္။ အဲ့ဒီအခါက်ရင္ ေရႊေဈးကတက္အား ေကာင္းလာတတ္ပါတယ္။

ေလာေလာဆယ္မွာ ကမၻာ့ေရႊေဈးတက္ အား ေကာင္းေနတဲ့အတြက္ေၾကာင့္ Stock ဘက္မွာ အေျခအေနမေကာင္းဘူးလို႔နားလည္နိုင္ၿပီး Stock ဘက္မွာ Bear Market ျဖစ္ရင္ ကမၻာ့စီးပြားေရး မေရရာ မေသခ်ာမွုေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ခန႔္မွန္းနိုင္ပါတယ္။

၂၅ ရာခိုင္ႏွုန္းသြင္းသမၽွ ေမာ္ေတာ္ကား
ေကာက္ၿပီ

အေမရိကန္ကို တင္သြင္းသမၽွ ေမာ္ေတာ္ကားအားလုံးအေပၚ အခြန္ရာခိုင္ႏွုန္း ၂၅ ေကာက္ခံဖို႔ ထရမ့္က အမိန႔္ထုတ္လိုက္ပါတယ္။ ကမၻာ့ေမာ္ ေတာ္ကားလုပ္ငန္းေတြ “ဆူနာမီ” အတိုက္ခံရေတာ့တာပါပဲ။ အေမရိကန္က တင္ပို႔တဲ့ကားေတြထက္ အေမရိကန္ကိုတင္သြင္းတဲ့ ေမာ္ေတာ္ကားေတြက အဆမတန္မ်ားလို႔ အခြန္နဲ႔ ထရမ့္က အျမတ္ထုတ္လိုက္တာပါ။

ကိန္းေသလဲျဖစ္၊ သခၤ်ာသေဘာ တရားအရဆိုရင္ ထရမ့္မွန္ပါတယ္။ ဒါေပမဲ့ ကိန္းေသမဟုတ္ျပန္ပါဘူး။ Psychology Spending Power ေတြပါလာပါတယ္။ ကိန္းရွင္ေတြ ျဖစ္ပါတယ္။ ၿပီးေတာ့ အေမရိကန္ရဲ့ Moter Industry ရဲ့အေျခအေနကို ထပ္ဆင့္ေလ့လာသင့္တယ္လို႔ျမင္ပါတယ္။ ဂ်ပန္နဲ႔ တ႐ုတ္ေမာ္ေတာ္ ကားေတြကို မယွဥ္ၿပိဳင္နိုင္လို႔ ေခၽြးျပန္ေနတဲ့ အေမရိကန္ေမာ္ေတာ္ကားလုပ္ငန္းဟာ ICU ထဲေရာက္ေတာ့
မယ့္အေျခအေန ခ်က္ခ်င္းျဖစ္သြားခဲ့ပါတယ္။

ဦးဆုံးအသံထြက္လာတာက Elon Musk ပဲျဖစ္ပါတယ္။ သူ႔ေမာ္ေတာ္ကား Tesla ေတြ အႀကီးအက်ယ္ထိခိုက္သြားၿပီလို႔ ညည္းညဴရွာတယ္။ ဥေရာပေဈး ကြက္မွာ Tesla အေရာင္းက ၄၅ ရာခိုင္ႏွုန္းေလာက္ ရက္ရက္စက္စက္က်သြားတယ္။ တ႐ုတ္ EV ေတြကို မယွဥ္ နိုင္တာေရာ၊ Musk ကိုဆန႔္က်င္ၾကတာေရာေၾကာင့္ျဖစ္ပါတယ္။ ထရမ့္ရဲ့ New Tariff ရာခိုင္ႏွုန္း ၂၅ က ႏွစ္ပူေပၚ သုံးပူဆင့္လိုက္သလိုျဖစ္သြားခဲ့ပါၿပီ။
အေမရိကန္ေမာ္ေတာ္ကားလုပ္ငန္းကၽြမ္းက်င္သူက ထရမ့္ရဲ့အခြန္ႏွုန္းထားသစ္ဟာ အေမရိကန္ေမာ္ ေတာ္ကားေတြကို ပ်မ္းမၽွတစ္စီး $ 10,000 ေလာက္ ပိုေဈးႀကီးသြားေစမွာျဖစ္လို႔ ခ်ိဳင္း ေထာက္နဲ႔ ေလၽွာက္ေနသူကို ခ်ိဳင္းေထာက္ဆြဲျဖဳတ္လိုက္သလိုျဖစ္ေစတယ္ လို႔ဆိုလာပါတယ္။ GM ရွယ္ယာ – ၇-၅၄ ျပဳတ္က်သြားၿပီး Ford က – ရာခိုင္ႏွုန္း ၂-၆၂ ျပဳတ္က်သြားတာ ေတြ႕ရ တယ္။ Tesla ေမာ္ေတာ္ကားေတြ ဘက္မေတြးရဲေလာက္ေအာင္ပါပဲ။

အားေကာင္းေမာင္းသန္ရွိေနဆဲ Toyota ေမာ္ေတာ္ ကားကုမၸဏီကေတာင္ အခုအခြန္ႏွုန္းထားသစ္နဲ႔ဆိုရင္ Toyota ကို ဂ်ပန္ကအျခားထုတ္လုပ္ သူေတြထက္ပိုၿပီးအထိနာေစပါတယ္လို႔ ထုတ္ေျပာလာပါတယ္။ ခ်က္ခ်င္းပဲ ရွယ္ယာ ေဈးကလည္းျပဳတ္က်သြားတာကို ေတြ႕ရတယ္။

ဒီေနရာမွာ Winner & Looser ေတြဘယ္သူျဖစ္မလဲဆိုတာ တြက္ၾကည့္လို႔ရပါတယ္။

အေမရိကန္ကားထုတ္လုပ္မွုနဲ႔ ဂ်ပန္ကား ထုတ္ လုပ္မွုယွဥ္ၿပိဳင္ၾကတုန္းက ေဈးအၿပိဳင္ေလၽွာ့၊ အရည္ အေသြးျမႇင့္ၾကရာမွာ အေမရိကန္ဘက္က မယွဥ္ၿပိဳင္နိုင္ခဲ့ပါဘူး။ အေမရိကန္ေမာ္ေတာ္ကား မြန္းတည့္ခ်ိန္မွာလုပ္သားေတြအတြက္ ေပးထားတဲ့ လူမွုဖူလုံေရးက ေမာ္ေတာ္ကား တစ္စီးေပၚမွာ $ 2500 ေလာက္ ထပ္ေပါင္းထည့္ေနခ်ိန္မွာ ဂ်ပန္က $ 700 ပဲအပိုေဆာင္းရပါတယ္။ လိုအပ္သလို အရည္အေသြးတူကိုအၿပိဳင္ေဈးေလၽွာ့ၾကရာမွာ ဂ်ပန္ကအသာစီးရသြားပါတယ္။
ဒီေန႔ အလွည့္က်တစ္ေက်ာ့ျပန္လာၿပီလို႔ ဆိုရပါမယ္။
• ကားတစ္စီးေပၚ ထပ္ေပါင္းတန္ဖိုး
• ထုတ္လုပ္မွုကုန္က်စရိတ္
• လုပ္အားခ
သုံးလုံးမွာ တ႐ုတ္ကအသာစီး ျဖစ္ေနပါတယ္။ ေနာက္ဆုံး သတ္မွတ္ ေဈးႏွုန္း Price Tag ေရာက္ရင္ တ႐ုတ္ေဈးႏွုန္းကို အေမရိကန္ေရာ၊ ဂ်ပန္ေတြပါ ယွဥ္ၿပိဳင္နိုင္မွာမဟုတ္ပါဘူး။ အနာတျခား၊ ေဆးတျခားျဖစ္ဦးမွာလို႔ သုံးသပ္ရပါတယ္။

ဒါေၾကာင့္ ထရမ္ရဲ့ New Tari Policy ဟာ ကိန္း ေသရယ္လို႔မတြက္ သင့္ပဲကိန္းရွင္ေတြေပၚမွာပါ သက္ေရာက္တယ္လို႔တြက္ခ်က္မိမယ္ဆိုရင္ အျခားနည္းဗ်ဴဟာတစ္ခုကို စဥ္းစားလိမ့္မယ္လို႔ ယူဆရပါတယ္။

#PAN
__________________________________
လောင်းကြေးကြီးလွန်းတဲ့ ထရမ်ရဲ့ ကုန်သွယ်ရေးမူဝါဒအသစ်
==========================
(ဆောင်းပါးကဏ္ဍ) မေ ၂၀
နေဇင်လတ်

ထရမ့်ကတော့ “အကြီးအကျယ်စွန့်စားမှု” တွေကိုလုပ်နေပါပြီ။ ပထမ Canada, Mexico ကိုအခွန်တိုးတယ်။ ကုန်သွယ်လိုငွေအများဆုံးပြတဲ့ နိုင်ငံနှစ်ခုဖြစ်လို့ပါ။နောက်ပိုင်း“ရန်သူ- မိတ်ဆွေမချန်ပဲ ကုန်သွယ်ခွန်တွေတိုးခဲ့တယ်။ နောက်တစ်ခါ မော်တော်ကားဘက်အခွန်တိုးတယ်။ နောက်ဆုံး ကုန်သွယ်ခွန်မူဝါဒအသစ်အရ နိုင်ငံအားလုံးနဲ့သက်ဆိုင်တယ်ဆိုပြီးဖြစ်လာခဲ့ပြန်ပါတယ်။ ပီပီပြင်ပြင် တစ်ကမ္ဘာလုံးနဲ့ တစ်ယောက်ဖြစ်သွားခဲ့ပါပြီ။

ဒီအလုပ်က အတော်စွန့်စားမှုရှိတဲ့အရာပါ။ လောင်း ကြေးလည်းအတော်ကြီးလှပါတယ်။အောင်မြင်သွားရင် မထောင်းသာပေမယ့် မအောင်မြင်ခဲ့ရင် အမေရိကန်မူဝါဒကို ဘယ်သူကမှမယုံကြည်တော့မယ့်အပြင် တိုးပြီးသားအခွန်နှုန်းထားအပေါ်အသာရတဲ့ နိုင်ငံတွေက လျှော့ပေးတော့မှာမဟုတ်ပါဘူး။

အခွန်တိုးတယ်ဆိုတဲ့နေရာမှာ ထရမ့်ဘက်က အရင်စလိုက်တာပါ။ အမေရိကန်နိုင်ငံကို တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ်မှာ သက်ဆိုင်ရာအုပ်စုအလိုက်အခွန်တိုးကောက်တာပဲဖြစ်ပါတယ်။ ကျန်တဲ့နိုင်ငံတွေကလည်း ငြိမ်နေကြမှာမဟုတ်ပါဘူး။ သူတို့နိုင်ငံတွင်း တင်သွင်းလာတဲ့ အမေရိကန်ထုတ်ကုန်တွေ အပေါ်အခွန်တိုးကောက်လာကြမှာပဲဖြစ်ပါတယ်။

လောလောဆယ်ကတော့ Tariff War ဆိုတဲ့အခွန်စစ်ပွဲက“အစပိုင်း” ဖြစ်တာမို့ဘယ်သူနိုင်တယ်၊ ရှုံးတယ်ဆိုတာကို ဆုံးဖြတ်လို့မရသေးပါဘူး။ တစ်ပတ်လည်(သို့)တစ်နှစ်လောက်ဆိုရင်တော့အဖြေတစ်ခုထွက်လာမှာဖြစ်ပါတယ်။

ကုန်သွယ်လိုငွေကြီးတဲ့အမေရိကန်

တစ်ချိန်က ကုန်သွယ်ပိုငွေတွေ ပြခဲ့ပြီးချမ်းသာလာတဲ့ အမေရိကန်ဟာ တဖြည်းဖြည်း ကုန်သွယ် လိုငွေတွေမြင့်တက်လာပြီး ကျဆင်းလာခဲ့ပါတယ်။ ၂၀၂၄ အမေရိကန်ရဲ့ကုန်သွယ်လိုငွေဟာ $ 1.13 Trillion အထိရှိခဲ့ပြီး ၂၀၂၃ ကထက် $ 228 Billion ပိုခဲ့တယ်။ အခုပုံအတိုင်း ဆက်သွားရင် မတွေးရဲစရာပါ။ ပြည်တွင်းဘတ် ဂျက်လိုငွေ ကလည်း $ 1.0 + Trillion ဖြစ်နေပါတယ်။ အကြွေးအတွက်အတိုးကလည်း ပုံမှန်
တက်နေတယ်။ လိုငွေပြတိုင်း Bond တွေ ထုတ်ရောင်း၊အကြွေးပိုတက်၊ အတိုးတွက်ကထပ်ပြီး ဖိစီးလာရင် အဆိုးကျော့သံသရာ Vicious Cycle ထဲက အမေရိကန် မထွက်နိုင်ခဲ့တာ ဆယ်စုနှစ်တစ်ခု ကျော်လာခဲ့ပါပြီ။

ထရမ့်သမ္မတဖြစ်လာတဲ့အချိန်မှာ အမေရိကန်ရဲ့အကြွေးဟာ $ 37 Trillion လောက်ရှိနေပြီး ဒီတစ်ခါဘတ်ဂျက်မှာ $ 3 + Trillion ကျော်သွားပါလိမ့်မယ်။ တစ်နှစ်ကို $ 2.4 Trillion အကြွေးမှန်မှန် တက်နေပြီး တစ်ခုခုပြုပြင်ပြောင်းလဲရေးမလုပ်နိုင်ရင် ရေလယ်မှာ သက်ကယ်လှေတွေမပါပဲ သင်္ဘောကြီးမြှုပ်သလိုဖြစ်မှာ သေချာနေပါတယ်။
အဓိက အကြွေးတင်စေတဲ့ နေရာကနှစ်ခုပါ။ ကုန်သွယ်ရေးဘက်ကလိုငွေ (ဝင်ငွေနည်းပြီးသူဌေးသုံး သုံးသလို)နဲ့ ပြည်တွင်းသုံးစွဲမှုတွေမြင့်တက်နေတာပဲ ဖြစ်ပါတယ်။ အစိုးရဘတ်ဂျက်လိုငွေ $ 1.0 + Trillion ကို ဖြတ်တောက်ဖို့ DOGE က တာဝန်ယူပြီး $ 1.13 Trillion လိုငွေပြနေတဲ့ ကုန်သွယ်လိုငွေကို သမ္မတကိုယ်တိုင်က တာဝန်ယူဖြေရှင်းတဲ့သဘောပါ။

၂ဝ၂၄ ခုနှစ်ရဲ့ US ထုတ်ကုန်နဲ့ သွင်းကုန်ကိုကြည့်ရင် Export က $ 3 + Trillion နဲ့ Import $4+ Trillion ဖြစ်တာကိုတွေ့ရပါလိမ့်မယ်။ ဆိုလိုချင်တာက ကိုယ့်ပစ္စည်းရောင်းရမှုက $ 3 Trillion ကျော်ပဲရှိပြီး ပြန်ဝယ်ရတာက S 4.0 +Trillion ရှိတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ ရောင်းရတာထက် ဝယ်သုံးတာကပိုများနေတာ
မျိုးပါ။

ကုန်သွယ်ရေးဟာ သင်္ချာမဟုတ်

ထရမ့်ရဲ့မဟာဗျူဟာက “အခွန်တိုးခြင်းနဲ့အသာစီးရယူပြီး ကုန်သွယ်လိုငွေကို လျှော့ချ”တဲ့နည်းဖြစ်ပါတယ်။ သင်္ချာနည်းနဲ့တွက်ရင်တော့ အလွန်မှန်တဲ့ နည်းပါ။ ဒါပေမဲ့ ကုန်သွယ်ရေးဆိုတာ လိုအပ်တဲ့ ပစ္စည်းတွေကိုဝယ်ယူသုံးစွဲမှုဖြစ် ပြီး စိတ်ခံစားချက်၊ အမြင်တွေ ပေါ်မှာမူတည်ပြီး ပြောင်းလဲသွားနိုင်ပါတယ်။ ထရမ့်ရဲ့ ရှုထောင့်က ကုန်သွယ်ခွန်တွေ တိုးလိုက်ရင်
ကိုယ်က $3.0 +Trillion ပေါ်မှာပိုပေးရမှာဖြစ်ပြီး
ကိုယ်က $ 4.0+Trillionပေါ်မှာ အခွန်ပိုရမှာဖြစ်လို့ သင်္ချာသဘော အရမှန်ပါတယ်။
ဒါပေမဲ့ သွင်းကုန်ရော၊ ပို့ကုန်ရော ပမာဏဘယ်လောက်“ကျဆင်း” သွားမယ်ဆိုတဲ့အပိုင်းရှိလာပါတယ်။ အမေရိကန်လို“လက်မဖွာတဲ့”နိုင်ငံတွေက အမေရိကန်ကုန်ပစ္စည်းတွေကို အများကြီးလျှော့ချ တင်သွင်းသွားနိုင်ပါတယ်။ အမေရိကန်ကတော့ အကြွေးနဲ့လည်ပတ်နေတဲ့နိုင်ငံဖြစ်ပြီး လက်ဖွာတဲ့နိုင်ငံဖြစ်လေတော့ သွင်းကုန်တွေကိုအများကြီး လျှော့ချတင်သွင်းလို့ရမယ်မထင်ပါဘူး။ ဒီမှာတင်အခွန်ပိုရတာကနည်းနည်း ကုန် သွယ်ရေး“ကွာဟချက်” က များများဖြစ်သွားနိုင်ပါတယ်။ ဒါကတစ်ချက်ပါ။

နောက်တစ်ချက်က ကုန်ပစ္စည်းတွေအားလုံးဈေး နှုန်းကြီးသွားကြပါလိမ့်မယ်။ လူတွေ အသုံး အစွဲခြိုးခြံရပါတော့မယ်။ ဒါကြောင့်သွင်းကုန်ရော၊ပို့ကုန်ပါကျဆင်းသွားနိုင်ပါတယ်။ စက်ရုံတစ်ရုံဟာ အခု (၁ဝဝ,ဝဝဝ)ပုံမှန်ထုတ်ပေမယ့်ကုန်သွယ်ခွန်တိုးလာတာကြောင့် အခု (၇၀,၀၀၀)ပဲ ရောင်းရတဲ့အဖြစ်မျိုးကြုံတွေ့လာရပါတော့မယ်။ ကုန်ထုတ်လုပ်မှုမှာ Eeonomy of Scale ဆိုတဲ့ “တွက်ချက် ကိုက်မှု”ဆိုတာရှိနေတယ်။ များများထုတ်နိုင်ရင် တစ်ခုချင်းတန်ဖိုးနည်းပြီး နည်း နည်းထုတ်ရရင် တစ်ခုချင်းတန်ဖိုး ပိုကြီးသွားရတယ်။ လျှော့ထုတ်ရလို့ တစ်ခုချင်းတန်ဖိုးဈေးတက်လာတဲ့အပြင် ကုန်သွယ်ခွန်ကထပ်ဆင့်တိုးထားလို့ ပစ္စည်းတန်ဖိုးက ပိုပြီးဈေးမြင့်သွားပါ
လိမ့်မယ်။အဲ့ဒီရဲ့ဘေးထွက်ဆိုးကျိုးက –
• ငွေစီးဆင်းမှုကို တုံ့နှေးစေပါတယ်
• အရောင်းကျပါတယ်
• အလုပ်လက်မဲ့တွေထွက်ပေါ်စေပါတယ်
• ထရမ့်ရဲ့အယူအဆကိုနည်းနည်းရှင်းရရင်
• သွင်းကုန် $ 4.0+Trillion
• ပို့ကုန် $ 3.0 + Trillion
• လိုငွေ $ 1.0 + Trillion
အဲ့ဒီ ပမာဏပေါ်မှာ အခြေခံရင် ကုန်သွယ်လိုငွေ $ 1 Trillion ပေါ်မှာ အခွန်က အမြတ်ပိုထွက်မှာဖြစ်ပေမယ့်၊ တကယ်လို့-
• သွင်းကုန် $ 3.5 Trillion
• ပို့ကုန် $ 2.0 Trillion ဖြစ်သွားခဲ့မယ်ဆိုရင်
• လိုငွေက $ 1.5 Trillion အထိ ထပ်တိုးသွားနိုင်တာမျိုးဖြစ်သွားနိုင်တာတွေ့ရတယ်။

ကမ္ဘာ့စီးပွားရေးက Covid နောက်ပိုင်း အခြေအနေမကောင်းလှပါဘူး။ အခြားနိုင်ငံတွေက အမေရိကန်ထုတ်ပစ္စည်းကို“ပိုပြီး” လျှော့ချလာကြမှာသေချာပါတယ်။ ဒါကြောင့်ကုန်သွယ်ရေးအခွန်တိုးခြင်းဟာ မရေရာမသေချာတဲ့ လောင်းကြေးထပ်ခြင်းလို့ပဲမြင်ပါတယ်။ အနာနဲ့ဆေးတွေ့ ရင်အနာသက်သာပေမယ့် လက်ရှိကမ္ဘာ့စီးပွားရေးအခြေအနေအရဆိုရင်တော့ ဆေးမှားလို့ အနာပိုကြီးလာမှာမြင်ယောင်မိပါသေးတယ်။

ပြည်တွင်းအစိုးရအသုံးစရိတ်ဖြတ်တောက်တဲ့ဘက်ကတော့ ထောက်ခံရမှာဖြစ်ပါတယ်။ လေ လွင့်သွားတဲ့ငွေတွေက မနည်းမနောပါပဲ။ Elon Musk ရဲ့ ပြောကြားချက်အရဆိုရင် တစ်နေ့ကို $ 4.0 Billion လောက်သက်သာသွားတယ်လို့ဆိုတယ်။ တစ်နှစ်ဆိုရင် $ 1.0 + Trillionဂဏန်းဖြစ်ပါတယ်။

ဆေးကြောင့်လူနာတော့အရင်ထိနေပြီ

ဆေးကတစ်ပတ်လည်မှ အဖြေတွေ့ရမှာပါ။ ဆေးတစ်ပတ်လည်ဖို့ ခြောက်လ၊ တစ်နှစ်တော့စောင့်ရပါဦးမယ်။ ဆေးတစ်ပတ်မလည်ခင်မှာတင် လူနာကတော့ “ကော့”နေအောင်ခံကြရတာတွေ့ရပါတယ်။ အမေရိကန်စတော့တန်ဖိုး $ 5.7 Trillion ဖိုးတန်ဖိုးကျသွားတယ်။ နည်းတဲ့ ပမာဏမဟုတ်ပါဘူး။ Future ဆိုတဲ့ကြိုပွိုင့်ဈေးတွေလည်း ကမောက်ကမဖြစ်ကုန်တယ်။ ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ Top 10 ဘီလီယံနာကြီးတွေရဲ့ပိုင်ဆိုင်မှ အများ အပြားဆုံးရှုံးသွားကြတယ်။ Elon Musk တစ်ဦးထဲတင် $ 140 Billion လောက်ပိုင်ဆိုင်မှုလျော့ကျသွားပြီး ဘီလီယံနာများရဲ့ စုစုပေါင်း ဆုံးရှုံးမှုက $ Trillion ဂဏန်းဖြစ်သွားတာ တွေ့ရတယ်။

Dow Jones, S & P -500, Nasdaq တို့ ဆိုးဆိုးဝါးဝါးကျဆင်းသွားခဲ့ကြတယ်။ တစ်ပတ်လောက်အကြာမှာ ခဏလေးပြန်ခေါင်းထောင်လာပြီး တစ်ခါထပ်ကျသွားပြန်ပါတယ်။ Wall Street လည်းထရမ့်ရဲ့မူဝါဒကြောင့် “အရူးမလင်လုပ်ရသလို” ဖြစ်နေတယ် လို့ဆိုလာတယ်။ နောက်ဆုံး တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ အခွန်တိုးစနစ်တစ်ခုကို ကြေညာမယ်လို့ ထရမ့်ကပြောလိုက်တဲ့အခါမှာ စတော့တွေအားလုံးအနီရောင်ဖြစ်သွားကြတာ တွေ့ရပါတယ်။

အမေရိကန်ဟာ ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်နေဆဲမို့ နဂါးခေါင်းတစ်ချက်အလှည့်မှာ အမြီးရမ်းလို့အားလုံး ကမောက်ကမဖြစ်ကုန်ကြရတယ်။ ဒါကြောင့် သေချာတဲ့ Safe Heaven ဖြစ်တဲ့ ကမ္ဘာ့ရွှေက $ 3100 ကျော်အထိ ထောင်တက်သွားခဲ့တာတွေ့ ရတယ်။ (Safe Heaven – တန်ဖိုးမဆုံးသောအရာများ)

နိုင်ငံတကာစီးပွားရေးနဲ့ ရင်းနှီးနေကြသူများအတွက် ဘယ် Index ကို ကြည့်ရင်ဘာဖြစ်နေတယ်၊ ဘာဖြစ်တော့မလဲဆိုတာကိုသိနေလေ့ရှိတယ်။ ရွှေဟာ ပုံမှန်နည်းနည်းချင်းတက်နေတဲ့ သတ္တုတစ်မျိုးပါ။ ကမ္ဘာ့စီးပွားရေးကောင်းရင် Stock တန်ဖိုးတွေ Bull ဖြစ်ပြီး ကမ္ဘာ့စီးပွားရေးမကောင်းရင်စတော့တွေ ဈေးကျတာ၊ “အိုင်”သွားတာ Bearish ဖြစ်လာပါတယ်။ အဲ့ဒီအခါကျရင် ရွှေဈေးကတက်အား ကောင်းလာတတ်ပါတယ်။

လောလောဆယ်မှာ ကမ္ဘာ့ရွှေဈေးတက် အား ကောင်းနေတဲ့အတွက်ကြောင့် Stock ဘက်မှာ အခြေအနေမကောင်းဘူးလို့နားလည်နိုင်ပြီး Stock ဘက်မှာ Bear Market ဖြစ်ရင် ကမ္ဘာ့စီးပွားရေး မရေရာ မသေချာမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ခန့်မှန်းနိုင်ပါတယ်။

၂၅ ရာခိုင်နှုန်းသွင်းသမျှ မော်တော်ကား
ကောက်ပြီ

အမေရိကန်ကို တင်သွင်းသမျှ မော်တော်ကားအားလုံးအပေါ် အခွန်ရာခိုင်နှုန်း ၂၅ ကောက်ခံဖို့ ထရမ့်က အမိန့်ထုတ်လိုက်ပါတယ်။ ကမ္ဘာ့မော် တော်ကားလုပ်ငန်းတွေ “ဆူနာမီ” အတိုက်ခံရတော့တာပါပဲ။ အမေရိကန်က တင်ပို့တဲ့ကားတွေထက် အမေရိကန်ကိုတင်သွင်းတဲ့ မော်တော်ကားတွေက အဆမတန်များလို့ အခွန်နဲ့ ထရမ့်က အမြတ်ထုတ်လိုက်တာပါ။

ကိန်းသေလဲဖြစ်၊ သင်္ချာသဘော တရားအရဆိုရင် ထရမ့်မှန်ပါတယ်။ ဒါပေမဲ့ ကိန်းသေမဟုတ်ပြန်ပါဘူး။ Psychology Spending Power တွေပါလာပါတယ်။ ကိန်းရှင်တွေ ဖြစ်ပါတယ်။ ပြီးတော့ အမေရိကန်ရဲ့ Moter Industry ရဲ့အခြေအနေကို ထပ်ဆင့်လေ့လာသင့်တယ်လို့မြင်ပါတယ်။ ဂျပန်နဲ့ တရုတ်မော်တော် ကားတွေကို မယှဉ်ပြိုင်နိုင်လို့ ချွေးပြန်နေတဲ့ အမေရိကန်မော်တော်ကားလုပ်ငန်းဟာ ICU ထဲရောက်တော့
မယ့်အခြေအနေ ချက်ချင်းဖြစ်သွားခဲ့ပါတယ်။

ဦးဆုံးအသံထွက်လာတာက Elon Musk ပဲဖြစ်ပါတယ်။ သူ့မော်တော်ကား Tesla တွေ အကြီးအကျယ်ထိခိုက်သွားပြီလို့ ညည်းညူရှာတယ်။ ဥရောပဈေး ကွက်မှာ Tesla အရောင်းက ၄၅ ရာခိုင်နှုန်းလောက် ရက်ရက်စက်စက်ကျသွားတယ်။ တရုတ် EV တွေကို မယှဉ် နိုင်တာရော၊ Musk ကိုဆန့်ကျင်ကြတာရောကြောင့်ဖြစ်ပါတယ်။ ထရမ့်ရဲ့ New Tariff ရာခိုင်နှုန်း ၂၅ က နှစ်ပူပေါ် သုံးပူဆင့်လိုက်သလိုဖြစ်သွားခဲ့ပါပြီ။
အမေရိကန်မော်တော်ကားလုပ်ငန်းကျွမ်းကျင်သူက ထရမ့်ရဲ့အခွန်နှုန်းထားသစ်ဟာ အမေရိကန်မော် တော်ကားတွေကို ပျမ်းမျှတစ်စီး $ 10,000 လောက် ပိုဈေးကြီးသွားစေမှာဖြစ်လို့ ချိုင်း ထောက်နဲ့ လျှောက်နေသူကို ချိုင်းထောက်ဆွဲဖြုတ်လိုက်သလိုဖြစ်စေတယ် လို့ဆိုလာပါတယ်။ GM ရှယ်ယာ – ၇-၅၄ ပြုတ်ကျသွားပြီး Ford က – ရာခိုင်နှုန်း ၂-၆၂ ပြုတ်ကျသွားတာ တွေ့ရ တယ်။ Tesla မော်တော်ကားတွေ ဘက်မတွေးရဲလောက်အောင်ပါပဲ။

အားကောင်းမောင်းသန်ရှိနေဆဲ Toyota မော်တော် ကားကုမ္ပဏီကတောင် အခုအခွန်နှုန်းထားသစ်နဲ့ဆိုရင် Toyota ကို ဂျပန်ကအခြားထုတ်လုပ် သူတွေထက်ပိုပြီးအထိနာစေပါတယ်လို့ ထုတ်ပြောလာပါတယ်။ ချက်ချင်းပဲ ရှယ်ယာ ဈေးကလည်းပြုတ်ကျသွားတာကို တွေ့ရတယ်။

ဒီနေရာမှာ Winner & Looser တွေဘယ်သူဖြစ်မလဲဆိုတာ တွက်ကြည့်လို့ရပါတယ်။

အမေရိကန်ကားထုတ်လုပ်မှုနဲ့ ဂျပန်ကား ထုတ် လုပ်မှုယှဉ်ပြိုင်ကြတုန်းက ဈေးအပြိုင်လျှော့၊ အရည် အသွေးမြှင့်ကြရာမှာ အမေရိကန်ဘက်က မယှဉ်ပြိုင်နိုင်ခဲ့ပါဘူး။ အမေရိကန်မော်တော်ကား မွန်းတည့်ချိန်မှာလုပ်သားတွေအတွက် ပေးထားတဲ့ လူမှုဖူလုံရေးက မော်တော်ကား တစ်စီးပေါ်မှာ $ 2500 လောက် ထပ်ပေါင်းထည့်နေချိန်မှာ ဂျပန်က $ 700 ပဲအပိုဆောင်းရပါတယ်။ လိုအပ်သလို အရည်အသွေးတူကိုအပြိုင်ဈေးလျှော့ကြရာမှာ ဂျပန်ကအသာစီးရသွားပါတယ်။
ဒီနေ့ အလှည့်ကျတစ်ကျော့ပြန်လာပြီလို့ ဆိုရပါမယ်။
• ကားတစ်စီးပေါ် ထပ်ပေါင်းတန်ဖိုး
• ထုတ်လုပ်မှုကုန်ကျစရိတ်
• လုပ်အားခ
သုံးလုံးမှာ တရုတ်ကအသာစီး ဖြစ်နေပါတယ်။ နောက်ဆုံး သတ်မှတ် ဈေးနှုန်း Price Tag ရောက်ရင် တရုတ်ဈေးနှုန်းကို အမေရိကန်ရော၊ ဂျပန်တွေပါ ယှဉ်ပြိုင်နိုင်မှာမဟုတ်ပါဘူး။ အနာတခြား၊ ဆေးတခြားဖြစ်ဦးမှာလို့ သုံးသပ်ရပါတယ်။

ဒါကြောင့် ထရမ်ရဲ့ New Tari Policy ဟာ ကိန်း သေရယ်လို့မတွက် သင့်ပဲကိန်းရှင်တွေပေါ်မှာပါ သက်ရောက်တယ်လို့တွက်ချက်မိမယ်ဆိုရင် အခြားနည်းဗျူဟာတစ်ခုကို စဉ်းစားလိမ့်မယ်လို့ ယူဆရပါတယ်။

#PAN