private ပုံေတြ ခိုးေဒါင္းလို႔ အလုပ္ျဖဳတ္ခံရတဲ့ Facebook ဝန္ထမ္း

private ပုံေတြ ခိုးေဒါင္းလို႔ အလုပ္ျဖဳတ္ခံရတဲ့ Facebook ဝန္ထမ္း
==========================
လူသန္းေထာင္ခ်ီ သုံးတဲ့ Social Media ကုမၸဏီရဲ႕ အင္ဂ်င္နီယာတစ္ေယာက္မွာ လူအမ်ားမသိတဲ့ လွ်ိဳ႕ဝွက္ခ်က္ေတြ ရွိႏိုင္ပါတယ္။

Facebook အင္ဂ်င္နီယာတစ္ေယာက္ကေတာ့ ဒီလွ်ိဳ႕ဝွက္ခ်က္မ်ိဳးကို သိ႐ုံတင္မဟုတ္ဘဲ သူ႔စက္ထဲပါ Download ခိုးသိမ္းခဲ့လို႔ ျပႆနာတက္ ေနပါတယ္။ သူလုပ္ပုံက ကုမၸဏီတြင္း လုံၿခဳံေရးစစ္ေဆးမႈ security checks ေတြ ေရွာင္ၿပီး private ဓါတ္ပုံေတြ ဆြဲထုတ္ႏိုင္တဲ့ ပ႐ိုဂရမ္တစ္ခု တည္ေဆာက္ခဲ့တာပါ။

ဒီနည္းနဲ႔ မျမင္အပ္တဲ့ private ပုံ ၃ ေသာင္းေလာက္ကို ေဒါင္းလုတ္ဆြဲသြားတယ္လို႔ ဆိုပါတယ္။ ၿဗိတိန္ Metropolitan Police ရဲတပ္ဖြဲ႕ ဆိုက္ဘာမူခင္းဌာနက အထူးစုံေထာက္နဲ႔ ဒီအမႈစုံစမ္းေနပါတယ္။

Facebook သုံးသူေတြရဲ႕ private ပုံေတြ ေပါက္ၾကားခဲ့တဲ့အျဖစ္က ၿပီးခဲ့တဲ့ တစ္ႏွစ္ေက်ာ္က ျဖစ္ခဲ့တာ ျဖစ္ၿပီး Meta ကိုယ္တိုင္ ဒီအင္ဂ်င္နီယာကို အလုပ္ထုတ္ၿပီး ရဲတိုင္ထားတာပါ။

နစ္နာသူေတြကိုလည္း ကုမၸဏီဘက္က အသိေပးခဲ့သလို ျဖစ္ခဲ့တဲ့ လုံၿခဳံေရးစနစ္ေတြလည္း အဆင့္ျမႇင့္လိုက္ၿပီလို႔ ေျပာပါတယ္။ လန္ဒန္မွာေနတဲ့ Facebook အင္ဂ်င္နီယာေဟာင္းကေတာ့ အာမခံရထားေပမယ့္ ေျခခ်ဳပ္နဲ႔ ေနေနရပါတယ္။

ပုဂၢိဳလ္ေရးအခ်က္အလက္ ကိုင္တြယ္မႈနဲ႔ ပတ္သက္လို႔ Social Media ကုမၸဏီေတြရဲ႕ လုပ္ထုံးကို သတင္းအခ်က္အလက္ ေကာ္မရွင္နာမင္းႀကီး႐ုံး ICO လို အဖြဲ႕အစည္းေတြကလည္း ေဒါက္ေထာက္ၾကည့္ေနတယ္လို႔ ေျပာထားပါတယ္။ #Duwun


private ပုံတွေ ခိုးဒေါင်းလို့ အလုပ်ဖြုတ်ခံရတဲ့ Facebook ဝန်ထမ်း
==========================
လူသန်းထောင်ချီ သုံးတဲ့ Social Media ကုမ္ပဏီရဲ့ အင်ဂျင်နီယာတစ်ယောက်မှာ လူအများမသိတဲ့ လျှို့ဝှက်ချက်တွေ ရှိနိုင်ပါတယ်။

Facebook အင်ဂျင်နီယာတစ်ယောက်ကတော့ ဒီလျှို့ဝှက်ချက်မျိုးကို သိရုံတင်မဟုတ်ဘဲ သူ့စက်ထဲပါ Download ခိုးသိမ်းခဲ့လို့ ပြဿနာတက် နေပါတယ်။ သူလုပ်ပုံက ကုမ္ပဏီတွင်း လုံခြုံရေးစစ်ဆေးမှု security checks တွေ ရှောင်ပြီး private ဓါတ်ပုံတွေ ဆွဲထုတ်နိုင်တဲ့ ပရိုဂရမ်တစ်ခု တည်ဆောက်ခဲ့တာပါ။

ဒီနည်းနဲ့ မမြင်အပ်တဲ့ private ပုံ ၃ သောင်းလောက်ကို ဒေါင်းလုတ်ဆွဲသွားတယ်လို့ ဆိုပါတယ်။ ဗြိတိန် Metropolitan Police ရဲတပ်ဖွဲ့ ဆိုက်ဘာမူခင်းဌာနက အထူးစုံထောက်နဲ့ ဒီအမှုစုံစမ်းနေပါတယ်။

Facebook သုံးသူတွေရဲ့ private ပုံတွေ ပေါက်ကြားခဲ့တဲ့အဖြစ်က ပြီးခဲ့တဲ့ တစ်နှစ်ကျော်က ဖြစ်ခဲ့တာ ဖြစ်ပြီး Meta ကိုယ်တိုင် ဒီအင်ဂျင်နီယာကို အလုပ်ထုတ်ပြီး ရဲတိုင်ထားတာပါ။

နစ်နာသူတွေကိုလည်း ကုမ္ပဏီဘက်က အသိပေးခဲ့သလို ဖြစ်ခဲ့တဲ့ လုံခြုံရေးစနစ်တွေလည်း အဆင့်မြှင့်လိုက်ပြီလို့ ပြောပါတယ်။ လန်ဒန်မှာနေတဲ့ Facebook အင်ဂျင်နီယာဟောင်းကတော့ အာမခံရထားပေမယ့် ခြေချုပ်နဲ့ နေနေရပါတယ်။

ပုဂ္ဂိုလ်ရေးအချက်အလက် ကိုင်တွယ်မှုနဲ့ ပတ်သက်လို့ Social Media ကုမ္ပဏီတွေရဲ့ လုပ်ထုံးကို သတင်းအချက်အလက် ကော်မရှင်နာမင်းကြီးရုံး ICO လို အဖွဲ့အစည်းတွေကလည်း ဒေါက်ထောက်ကြည့်နေတယ်လို့ ပြောထားပါတယ်။ #Duwun