ျပည္တြင္းႏွင့္ ျပည္ပထြက္ခြာမည့္ ခရီးသည္မ်ားကို ေလဆိပ္မ်ားတြင္ အခ်က္အလက္စစ္ေဆးမႈမ်ား တိုးျမႇင့္ေဆာင္႐ြက္ေန

ျပည္တြင္းႏွင့္ ျပည္ပထြက္ခြာမည့္ ခရီးသည္မ်ားကို ေလဆိပ္မ်ားတြင္ အခ်က္အလက္စစ္ေဆးမႈမ်ား တိုးျမႇင့္ေဆာင္႐ြက္ေန
===========================
ျပည္တြင္းႏွင့္ ျပည္ပထြက္ခြာမည့္ ခရီးသည္မ်ားကို ေလဆိပ္မ်ားတြင္ အခ်က္အလက္စစ္ေဆးမႈမ်ား ဧၿပီ ၉ ရက္က စ၍ တိုးျမႇင့္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း အျပည္ျပည္ဆိုင္ရာျမန္မာေလေၾကာင္းလိုင္း MAI က အသိေပးထုတ္ျပန္သည္။

၂၀၂၆ ခုႏွစ္ ဧၿပီ ၉ ရက္မွစတင္၍ အျပည္ျပည္ဆိုင္ရာေလဆိပ္မ်ားမွ ျပည္တြင္းႏွင့္ ျပည္ပထြက္ခြာမည့္ ခရီးစဥ္မ်ားအားလုံးအတြက္ သက္ဆိုင္ရာေလဆိပ္အာဏာပိုင္မ်ားမွ ခရီးသည္အခ်က္အလက္ စစ္ေဆးမႈမ်ားကို တိုးျမႇင့္ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

သို႔ျဖစ္၍ Myanmar Citizen ခရီးသည္မ်ားအေနျဖင့္ ေလယာဥ္လက္မွတ္ booking ျပဳလုပ္ရာတြင္ မွတ္ပုံံတင္ အခ်က္အလက္မ်ားကို မွန္ကန္စြာျဖည့္သြင္းေပးပါရန္၊ Check-in ေကာင္တာ၌ Check-in ျပဳလုပ္ရာတြင္ မွတ္ပုံတင္ အခ်က္အလက္စစ္ေဆးမႈမ်ား အေသးစိတ္ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း၊ ခရီးစဥ္ေႏွာင့္ေႏွးမႈၾကန႔္ၾကာမႈမ်ား မျဖစ္ေစရန္ ႏွင့္ စစ္ေဆးေရးလုပ္ငန္းစဥ္မ်ားအတြက္ လုံေလာက္ေသာ အခ်ိန္ရရွိေစရန္အတြက္ သတ္မွတ္ခ်ိန္ထက္ ႀကိဳတင္ေရာက္ရွိေစရန္ လိုအပ္ေၾကာင္း စသည့္အခ်က္မ်ားကို လိုက္နာေဆာင္႐ြက္ေပးရန္ အျပည္ျပည္ဆိုင္ရာျမန္မာေလေၾကာင္းလိုင္း MAI က အသိေပးထုတ္ျပန္သည္။


ပြည်တွင်းနှင့် ပြည်ပထွက်ခွာမည့် ခရီးသည်များကို လေဆိပ်များတွင် အချက်အလက်စစ်ဆေးမှုများ တိုးမြှင့်ဆောင်ရွက်နေ
===========================
ပြည်တွင်းနှင့် ပြည်ပထွက်ခွာမည့် ခရီးသည်များကို လေဆိပ်များတွင် အချက်အလက်စစ်ဆေးမှုများ ဧပြီ ၉ ရက်က စ၍ တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း MAI က အသိပေးထုတ်ပြန်သည်။

၂၀၂၆ ခုနှစ် ဧပြီ ၉ ရက်မှစတင်၍ အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ပြည်တွင်းနှင့် ပြည်ပထွက်ခွာမည့် ခရီးစဉ်များအားလုံးအတွက် သက်ဆိုင်ရာလေဆိပ်အာဏာပိုင်များမှ ခရီးသည်အချက်အလက် စစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ Myanmar Citizen ခရီးသည်များအနေဖြင့် လေယာဉ်လက်မှတ် booking ပြုလုပ်ရာတွင် မှတ်ပုံံတင် အချက်အလက်များကို မှန်ကန်စွာဖြည့်သွင်းပေးပါရန်၊ Check-in ကောင်တာ၌ Check-in ပြုလုပ်ရာတွင် မှတ်ပုံတင် အချက်အလက်စစ်ဆေးမှုများ အသေးစိတ်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ခရီးစဉ်နှောင့်နှေးမှုကြန့်ကြာမှုများ မဖြစ်စေရန် နှင့် စစ်ဆေးရေးလုပ်ငန်းစဉ်များအတွက် လုံလောက်သော အချိန်ရရှိစေရန်အတွက် သတ်မှတ်ချိန်ထက် ကြိုတင်ရောက်ရှိစေရန် လိုအပ်ကြောင်း စသည့်အချက်များကို လိုက်နာဆောင်ရွက်ပေးရန် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း MAI က အသိပေးထုတ်ပြန်သည်။