ျပည္ခိုင္ၿဖိဳးပါတီအႀကီးအကဲမ်ားႏွင့္ ပါတီကိုယ္စားျပဳလႊတ္ေတာ္ကိုယ္စားလွယ္မ်ားေတြ႕ဆုံပြဲျပဳလုပ္




ျပည္ခိုင္ၿဖိဳးပါတီအႀကီးအကဲမ်ားႏွင့္ ပါတီကိုယ္စားျပဳလႊတ္ေတာ္ကိုယ္စားလွယ္မ်ားေတြ႕ဆုံပြဲျပဳလုပ္
==========================
ဧၿပီ ၉၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ အႀကီးအကဲမ်ားႏွင့္ ပါတီကိုယ္စားျပဳလႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေတြ႕ဆုံပြဲကို ၈-၄-၂၀၂၆ ရက္ေန႔ ေန႔လည္ ၁ နာရီခြဲအခ်ိန္တြင္ ပါတီဌာနခ်ဳပ္ ညီလာခံခန္းမ၌ က်င္းပျပဳလုပ္ရာ ပါတီဒုတိယဥကၠ႒ ဦးျမတ္ဟိန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ပါတီကိုယ္စားျပဳ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား တက္ေရာက္ၾကပါသည္။
ေတြ႕ဆုံပြဲ ပါတီဒုတိယဥကၠ႒ ဦးျမတ္ဟိန္းက အဖြင့္အမွာစကားေျပာၾကားၿပီး အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးမွ ေပါင္းစပ္ညႇိႏႈိင္းေရးအဖြဲ႕မ်ားျဖစ္သည့္ ဗဟိုတာဝန္ခံေပါင္းစပ္ညႇိႏႈိင္းေရးအဖြဲ႕၊ ျပည္သူ႔လႊတ္ေတာ္ေပါင္းစပ္ညႇိႏႈိင္းေရးအဖြဲ႕၊ အမ်ိဳးသားလႊတ္ေတာ္ေပါင္းစပ္ညႇိႏႈိင္းေရးအဖြဲ႕မ်ား ဖြဲ႕စည္းထားရွိမႈႏွင့္ ေဆာင္႐ြက္မည့္ လုပ္ငန္းစဥ္မ်ားအား အက်ယ္တဝံ့ရွင္းလင္းေျပာၾကားပါသည္။
၎ေနာက္ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္ႏွင့္ တက္ေရာက္လာေသာကိုယ္စားလွယ္မ်ားက ႏိုင္ငံေတာ္အစိုးရ၊ တိုင္းေဒသႀကီး/ျပည္နယ္အစိုးရမ်ားႏွင့္ ခ်ိတ္ဆက္ေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္ေရးကိစၥရပ္မ်ားအပါအဝင္ ေရွ႕ဆက္ေဆာင္႐ြက္ရမည့္ လုပ္ငန္းစဥ္မ်ားအား အသီးသီးေဆြးေႏြးကာ ညေန ၃ နာရီအခ်ိန္တြင္ ေတြ႕ဆုံပြဲအခမ္းအနား ေအာင္ျမင္စြဲ ၿပီးေျမာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။
ပြည်ခိုင်ဖြိုးပါတီအကြီးအကဲများနှင့် ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံပွဲပြုလုပ်
==========================
ဧပြီ ၉၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အကြီးအကဲများနှင့် ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲကို ၈-၄-၂၀၂၆ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်တွင် ပါတီဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ရာ ပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။
တွေ့ဆုံပွဲ ပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းက အဖွင့်အမှာစကားပြောကြားပြီး အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးမှ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များဖြစ်သည့် ဗဟိုတာဝန်ခံပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊ ပြည်သူ့လွှတ်တော်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊ အမျိုးသားလွှတ်တော်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုနှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အကျယ်တဝံ့ရှင်းလင်းပြောကြားပါသည်။
၎င်းနောက် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်နှင့် တက်ရောက်လာသောကိုယ်စားလှယ်များက နိုင်ငံတော်အစိုးရ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနှင့် ချိတ်ဆက်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးကိစ္စရပ်များအပါအဝင် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အသီးသီးဆွေးနွေးကာ ညနေ ၃ နာရီအချိန်တွင် တွေ့ဆုံပွဲအခမ်းအနား အောင်မြင်စွဲ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။




