ေနာက္ခံလူ မက္ဂြိင္းရားကို မန္ယူႏိုက္တက္အသင္း တစ္ႏွစ္သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆို

ေနာက္ခံလူ မက္ဂြိင္းရားကို မန္ယူႏိုက္တက္အသင္း တစ္ႏွစ္သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆို
============================
မန္ယူႏိုက္တက္အသင္းဟာ ဝါရင့္ေနာက္ခံလူ မက္ဂြိင္းရားကို တစ္ႏွစ္သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တယ္လို အတည္ျပဳေၾကညာခဲ့ပါတယ္။ မက္ဂြိင္းရား(၃၃ ႏွစ္)ရဲ႕လက္ရွိစာခ်ဳပ္ဟာ အခုရာသီကုန္မွာ သက္တမ္းကုန္ဆုံးမွာ ျဖစ္ပါတယ္။ မက္ဂြိင္းရားအေနနဲ႔ စာခ်ဳပ္သစ္အရ မန္ယူႏိုက္တက္အသင္းမွာ ၂၀၂၆-၂၇ ရာသီကုန္အထိ ဆက္ရွိမွာျဖစ္ၿပီး တစ္ႏွစ္သက္တမ္းတိုးခြင့္လည္း ထည့္သြင္းထားပါတယ္။
မက္ဂြိင္းရားဟာ ၂၀၁၉ ခုႏွစ္မွာ လက္စတာအသင္းကေန ေနာက္ခံလူတစ္ဦးအတြက္ ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္ သန္း ၈၀နဲ႔ ေရာက္ရွိလာခဲ့တာပါ။ ၎အေနနဲ႔ အသင္းအတြက္ ၿပိဳင္ပြဲစုံ ၂၆၆ ပြဲ ကစားထားၿပီး ၂၀၂၂-၂၃ ရာသီမွာ လိဂ္ဖလားနဲ႔ ၂၀၂၃-၂၄ ရာသီမွာ FAဖလားေတြ ဆြတ္ခူးခဲ့ပါတယ္။
နောက်ခံလူ မက်ဂွိင်းရားကို မန်ယူနိုက်တက်အသင်း တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆို
============================
မန်ယူနိုက်တက်အသင်းဟာ ဝါရင့်နောက်ခံလူ မက်ဂွိင်းရားကို တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တယ်လို အတည်ပြုကြေညာခဲ့ပါတယ်။ မက်ဂွိင်းရား(၃၃ နှစ်)ရဲ့လက်ရှိစာချုပ်ဟာ အခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ မက်ဂွိင်းရားအနေနဲ့ စာချုပ်သစ်အရ မန်ယူနိုက်တက်အသင်းမှာ ၂၀၂၆-၂၇ ရာသီကုန်အထိ ဆက်ရှိမှာဖြစ်ပြီး တစ်နှစ်သက်တမ်းတိုးခွင့်လည်း ထည့်သွင်းထားပါတယ်။
မက်ဂွိင်းရားဟာ ၂၀၁၉ ခုနှစ်မှာ လက်စတာအသင်းကနေ နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀နဲ့ ရောက်ရှိလာခဲ့တာပါ။ ၎င်းအနေနဲ့ အသင်းအတွက် ပြိုင်ပွဲစုံ ၂၆၆ ပွဲ ကစားထားပြီး ၂၀၂၂-၂၃ ရာသီမှာ လိဂ်ဖလားနဲ့ ၂၀၂၃-၂၄ ရာသီမှာ FAဖလားတွေ ဆွတ်ခူးခဲ့ပါတယ်။




