ဂ်ပန္တြင္ ဝက္ဝံမ်ား၏ တိုက္ခိုက္မႈေၾကာင့္ ထိခိုက္ေသဆုံးသူ စံခ်ိန္တင္ျမင့္တက္

ဂ်ပန္တြင္ ဝက္ဝံမ်ား၏ တိုက္ခိုက္မႈေၾကာင့္ ထိခိုက္ေသဆုံးသူ စံခ်ိန္တင္ျမင့္တက္
============================
ဂ်ပန္ႏိုင္ငံတစ္ဝန္းလုံးတြင္ ၂၀၂၅ ဘ႑ာႏွစ္အတြင္း ဝက္ဝံမ်ား၏တိုက္ခိုက္မႈေၾကာင့္ လူ ၂၃၈ ဦး ဒဏ္ရာရရွိခဲ့ၿပီး ၎တို႔အနက္ ၁၃ ဦး ေသဆုံးခဲ့ရာ ထိခိုက္ဒဏ္ရာ ရရွိသူဦးေရမွာ စံခ်ိန္တင္ျမင့္တက္လာခဲ့ေၾကာင္း ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာနက ဧၿပီလ ၇ ရက္တြင္ ထုတ္ျပန္ သည္။

ၿပီးခဲ့သည့္ႏွစ္အတြင္း၌ ဝက္ဝံမ်ား၏ တိုက္ခိုက္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူ အေရအတြက္သည္ လြန္ခဲ့သည့္ ၂၀၂၃ ခုႏွစ္က အေရအတြက္ႏွင့္ႏႈိင္းယွဥ္ပါက အလြန္ျမင့္တက္လာခဲ့သည္။ ၂၀၂၃ ဘ႑ာႏွစ္အတြင္း လူ ၂၁၉ ဦးခန႔္သာ ဝက္ဝံမ်ား၏ တိုက္ခိုက္မႈကိုခံခဲ့ရေၾကာင္း သိရသည္။

ဂ်ပန္ႏိုင္ငံတြင္ ဝက္ဝံမ်ားသည္ ၂၀၂၅ ခုႏွစ္ ေႏြရာသီမွစတင္၍ လူသားမ်ားေနထိုင္ရာေဒသမ်ားသို႔ သိသာစြာဝင္ေရာက္လာခဲ့ၿပီး တိုက္ခိုက္မႈ ၇၀ ရာခိုင္ႏႈန္းေက်ာ္သည္ ၿမိဳ႕ျပေဒသမ်ား သို႔မဟုတ္ လူေနရပ္ကြက္မ်ားအနီးတြင္ ျဖစ္ပြားခဲ့ျခင္းေၾကာင့္ ျပည္သူမ်ားအၾကား ေဘးကင္းလုံၿခဳံေရးအတြက္ စိုးရိမ္မႈမ်ားျမင့္တက္လ်က္ရွိေၾကာင္း သိရသည္။


ဂျပန်တွင် ဝက်ဝံများ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူ စံချိန်တင်မြင့်တက်
============================
ဂျပန်နိုင်ငံတစ်ဝန်းလုံးတွင် ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဝက်ဝံများ၏တိုက်ခိုက်မှုကြောင့် လူ ၂၃၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၁၃ ဦး သေဆုံးခဲ့ရာ ထိခိုက်ဒဏ်ရာ ရရှိသူဦးရေမှာ စံချိန်တင်မြင့်တက်လာခဲ့ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဧပြီလ ၇ ရက်တွင် ထုတ်ပြန် သည်။

ပြီးခဲ့သည့်နှစ်အတွင်း၌ ဝက်ဝံများ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်သည် လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်က အရေအတွက်နှင့်နှိုင်းယှဉ်ပါက အလွန်မြင့်တက်လာခဲ့သည်။ ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း လူ ၂၁၉ ဦးခန့်သာ ဝက်ဝံများ၏ တိုက်ခိုက်မှုကိုခံခဲ့ရကြောင်း သိရသည်။

ဂျပန်နိုင်ငံတွင် ဝက်ဝံများသည် ၂၀၂၅ ခုနှစ် နွေရာသီမှစတင်၍ လူသားများနေထိုင်ရာဒေသများသို့ သိသာစွာဝင်ရောက်လာခဲ့ပြီး တိုက်ခိုက်မှု ၇၀ ရာခိုင်နှုန်းကျော်သည် မြို့ပြဒေသများ သို့မဟုတ် လူနေရပ်ကွက်များအနီးတွင် ဖြစ်ပွားခဲ့ခြင်းကြောင့် ပြည်သူများအကြား ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်မှုများမြင့်တက်လျက်ရှိကြောင်း သိရသည်။