႐ုရွားတြင္ တယ္လီဂရမ္ကိုထိန္းခ်ဳပ္မႈေၾကာင့္ လုပ္ငန္းရွင္မ်ားအခက္ေတြ႕

႐ုရွားတြင္ တယ္လီဂရမ္ကိုထိန္းခ်ဳပ္မႈေၾကာင့္ လုပ္ငန္းရွင္မ်ားအခက္ေတြ႕
—————————-
႐ုရွားမွာ လူသုံးမ်ားတဲ့ စာတိုေပးပို႔ေရးအက္ပ္ Telegram ကို တင္းက်ပ္စြာ ထိန္းခ်ဳပ္လာမႈေၾကာင့္ စီးပြားေရးလုပ္ငန္းေတြနဲ႔ အသုံးျပဳသူေတြ အခက္ေတြ႕ေနရတယ္လို႔ CNA သတင္းမွာေဖာ္ျပထားပါတယ္။
အဲဒီလိုလုပ္ေဆာင္မႈမွာ တင္းက်ပ္တဲ့ ေဒတာဥပေဒေတြကို ျပ႒ာန္းဖို႔နဲ႔ အသုံးျပဳသူေတြကို ႏိုင္ငံေတာ္ကထိန္းခ်ဳပ္ထားတဲ့ ပလက္ေဖာင္းေတြဆီကို ပို႔ေဆာင္တဲ့ တြန္းအားေပးမႈ တစ္စိတ္တစ္ပိုင္းျဖစ္ၿပီး လူအမ်ားအတြက္ မလြယ္ကူတဲ့ အေျပာင္းအလဲတစ္ခုလည္းျဖစ္လာပါတယ္။ ႐ုရွားရွိ အေသးစားစီးပြားေရးလုပ္ငန္းေတြနဲ႔ လူမႈမီဒီယာအသုံးျပဳသူ သန္းေပါင္းမ်ားစြာဟာ အာဏာပိုင္ေတြရဲ႕ဒစ္ဂ်စ္တယ္က႑ကို ထိန္းခ်ဳပ္တင္းက်ပ္လာတာနဲ႔ အမွ် မေရမရာမႈေတြတိုးပြားလာေနပါတယ္။
ရုရှားတွင် တယ်လီဂရမ်ကိုထိန်းချုပ်မှုကြောင့် လုပ်ငန်းရှင်များအခက်တွေ့
—————————-
ရုရှားမှာ လူသုံးများတဲ့ စာတိုပေးပို့ရေးအက်ပ် Telegram ကို တင်းကျပ်စွာ ထိန်းချုပ်လာမှုကြောင့် စီးပွားရေးလုပ်ငန်းတွေနဲ့ အသုံးပြုသူတွေ အခက်တွေ့နေရတယ်လို့ CNA သတင်းမှာဖော်ပြထားပါတယ်။
အဲဒီလိုလုပ်ဆောင်မှုမှာ တင်းကျပ်တဲ့ ဒေတာဥပဒေတွေကို ပြဋ္ဌာန်းဖို့နဲ့ အသုံးပြုသူတွေကို နိုင်ငံတော်ကထိန်းချုပ်ထားတဲ့ ပလက်ဖောင်းတွေဆီကို ပို့ဆောင်တဲ့ တွန်းအားပေးမှု တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လူအများအတွက် မလွယ်ကူတဲ့ အပြောင်းအလဲတစ်ခုလည်းဖြစ်လာပါတယ်။ ရုရှားရှိ အသေးစားစီးပွားရေးလုပ်ငန်းတွေနဲ့ လူမှုမီဒီယာအသုံးပြုသူ သန်းပေါင်းများစွာဟာ အာဏာပိုင်တွေရဲ့ဒစ်ဂျစ်တယ်ကဏ္ဍကို ထိန်းချုပ်တင်းကျပ်လာတာနဲ့ အမျှ မရေမရာမှုတွေတိုးပွားလာနေပါတယ်။



