ဥေရာပေဒသ တစ္ဝန္းတြင္ ဒီဇယ္ဆီေဈးႏႈန္း ၃၀ ရာခိုင္ႏႈန္းေက်ာ္ျမင့္တက္

ဥေရာပေဒသ တစ္ဝန္းတြင္ ဒီဇယ္ဆီေဈးႏႈန္း ၃၀ ရာခိုင္ႏႈန္းေက်ာ္ျမင့္တက္
==============================
အေရွ႕အလယ္ပိုင္းစစ္ပြဲ စတင္ျဖစ္ပြားခ်ိန္မွစ၍ ဥေရာပေဒသတစ္ဝန္းတြင္ ဒီဇယ္ဆီေဈးႏႈန္းသည္ ၃၀ ရာခိုင္ႏႈန္းေက်ာ္ျမင့္တက္ လာခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ဥေရာပတစ္ဝန္း၌ အီစတာအားလပ္ရက္ ကာလအတြင္း ဒီဇယ္ဆီ လိုအပ္ခ်က္မွာ ျမင့္တက္လာမည္ဟု ခန႔္မွန္းထားၿပီး ေလာင္စာဆီဆိုင္မ်ားတြင္လည္း ေမာ္ေတာ္ယာဥ္မ်ား တန္းစီေစာင့္ဆိုင္းမႈမ်ား ျဖစ္ေပၚလာႏိုင္သည္ဟု ခန႔္မွန္းထားသည္။

အေရွ႕အလယ္ပိုင္းတြင္ ျဖစ္ပြားသည့္ စစ္ပြဲေၾကာင့္ ဒီဇယ္ဆီသည္ အျခားေလာင္စာဆီမ်ားႏွင့္ ႏႈိင္းယွဥ္ပါက ပိုမိုထိခိုက္မႈရွိၿပီး စစ္ပြဲမစတင္မီကပင္ ဒီဇယ္ေဈးႏႈန္းမွာ ဖိအားမ်ားႏွင့္ရင္ဆိုင္ေနရသည့္ အေျခအေနတြင္ ရွိေနခဲ့သည္။

ထို႔ျပင္ ေဟာ္မုေရလက္ၾကားမွတစ္ဆင့္ ေလာင္စာဆီကုန္သြယ္မႈမ်ား ပိတ္ဆို႔ေနသေ႐ြ႕ ဒီဇယ္ဆီေဈးႏႈန္းမွာ ဆက္လက္ျမင့္တက္ေနမည္ျဖစ္ၿပီး ၎၏ေနာက္ဆက္တြဲ အက်ိဳးဆက္အျဖစ္ ေငြေၾကးေဖာင္းပြမႈကိုလည္း ျဖစ္ေပၚေစမည္ဟု ကြၽမ္းက်င္သူမ်ားက သုံးသပ္ထားေၾကာင္း သိရသည္။

ဥေရာပေဒသတြင္ ဧၿပီလ ၂ ရက္ေန႔က ဒီဇယ္ဆီ တစ္စည္လွ်င္ အေမရိကန္ေဒၚလာ ၂၀၀ ေက်ာ္ အထိျမင့္တက္ခဲ့ၿပီး ၎ပမာဏသည္ ၂၀၂၂ ခုႏွစ္ မတ္လေနာက္ပိုင္း အျမင့္ဆုံးအဆင့္သို႔ ေရာက္ရွိလာျခင္းျဖစ္ေၾကာင္း သိရသည္။


ဥရောပဒေသ တစ်ဝန်းတွင် ဒီဇယ်ဆီဈေးနှုန်း ၃၀ ရာခိုင်နှုန်းကျော်မြင့်တက်
==============================
အရှေ့အလယ်ပိုင်းစစ်ပွဲ စတင်ဖြစ်ပွားချိန်မှစ၍ ဥရောပဒေသတစ်ဝန်းတွင် ဒီဇယ်ဆီဈေးနှုန်းသည် ၃၀ ရာခိုင်နှုန်းကျော်မြင့်တက် လာခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဥရောပတစ်ဝန်း၌ အီစတာအားလပ်ရက် ကာလအတွင်း ဒီဇယ်ဆီ လိုအပ်ချက်မှာ မြင့်တက်လာမည်ဟု ခန့်မှန်းထားပြီး လောင်စာဆီဆိုင်များတွင်လည်း မော်တော်ယာဉ်များ တန်းစီစောင့်ဆိုင်းမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ခန့်မှန်းထားသည်။

အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားသည့် စစ်ပွဲကြောင့် ဒီဇယ်ဆီသည် အခြားလောင်စာဆီများနှင့် နှိုင်းယှဉ်ပါက ပိုမိုထိခိုက်မှုရှိပြီး စစ်ပွဲမစတင်မီကပင် ဒီဇယ်ဈေးနှုန်းမှာ ဖိအားများနှင့်ရင်ဆိုင်နေရသည့် အခြေအနေတွင် ရှိနေခဲ့သည်။

ထို့ပြင် ဟော်မုရေလက်ကြားမှတစ်ဆင့် လောင်စာဆီကုန်သွယ်မှုများ ပိတ်ဆို့နေသရွေ့ ဒီဇယ်ဆီဈေးနှုန်းမှာ ဆက်လက်မြင့်တက်နေမည်ဖြစ်ပြီး ၎င်း၏နောက်ဆက်တွဲ အကျိုးဆက်အဖြစ် ငွေကြေးဖောင်းပွမှုကိုလည်း ဖြစ်ပေါ်စေမည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားကြောင်း သိရသည်။

ဥရောပဒေသတွင် ဧပြီလ ၂ ရက်နေ့က ဒီဇယ်ဆီ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၂၀၀ ကျော် အထိမြင့်တက်ခဲ့ပြီး ၎င်းပမာဏသည် ၂၀၂၂ ခုနှစ် မတ်လနောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။