ရခိုင္ျပည္နယ္သို႔ ပို႔ေဆာင္မည့္ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိရခိုင္ျပည္နယ္သို႔ ပို႔ေဆာင္မည့္ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ

ရခိုင္ျပည္နယ္သို႔ ပို႔ေဆာင္မည့္ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိရခိုင္ျပည္နယ္သို႔ ပို႔ေဆာင္မည့္ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ
===================
ဧၿပီ ၆
မေကြးတိုင္းေဒသႀကီး၊နတ္ေမာက္ၿမိဳ႕နယ္၊ ႐ြာေတာ္စစ္ေဆးေရးဂိတ္၌ ရခိုင္ျပည္နယ္သို႔ ပို႔ေဆာင္မည့္ က်ပ္ ၁၁.၇ ဘီလီယံတန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိေၾကာင္း သိရသည္။
ဧၿပီလ ၄ ရက္တြင္ တာဝန္သိျပည္သူတစ္ဦး၏ သတင္းေပးခ်က္အရ ရမည္းသင္းၿမိဳ႕မွ ပဒါန္းၿမိဳ႕သို႔ မူးယစ္ေဆးဝါးမ်ားပို႔ေဆာင္မည္ျဖစ္ေၾကာင္း သိရွိရသျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ တရားခံဖမ္းဆီးရမိေရးေဆာင္႐ြက္ခဲ့ရာ နတ္ေမာက္ၿမိဳ႕နယ္၊ ႐ြာေတာ္စစ္ေဆးေရးဂိတ္၌ တရားခံမ်ိဳးမင္းေအာင္ႏွင့္အတူ TOYOTA PRADO ယာဥ္အားလည္းေကာင္း၊ နတ္ေမာက္ၿမိဳ႕နယ္၊ စိုင္ေကာင္းေက်း႐ြာအနီး၌ တရားခံ မင္းမင္းခိုင္ ေမာင္းႏွင္၍ လႈိင္ဝင္းလိုက္ပါလာသည့္ ေထာ္လာဂ်ီယာဥ္အား ဖမ္းဆီးရမိခဲ့ၿပီး ယာဥ္ေပၚတြင္ ထုံးအိတ္မ်ားျဖင့္ ဖုံးအုပ္သယ္ေဆာင္လာသည့္ ဆာလာအိတ္ ၃၉ အိတ္အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၇၈ သိန္းျပား ကာလတန္ဖိုးေငြက်ပ္ ၁၁.၇ ဘီလီယံခန႔္အား ဖမ္းဆီးရမိခဲ့သည္။
ျဖစ္စဥ္တြင္ တရားခံ က်ား ၃ ဦး၊ ေမာ္ေတာ္ယာဥ္ ၂ စီး၊ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၇၈ သိန္း ျပား(၁ ျပားလွ်င္ ၁၅၀၀ က်ပ္)၊ ကာလတန္ဖိုးေငြက်ပ္ ၁၁.၇ ဘီလီယံခန႔္တို႔အား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရွိရသည္။ဖမ္းဆီးရမိတရားခံမ်ား၏ ထြက္ဆိုခ်က္အရ ဖမ္းဆီးရန္က်န္ တရားခံျဖစ္သည့္ ပင္ေလာင္းၿမိဳ႕နယ္၊ တီဂ်စ္ေက်း႐ြာေန ေက်ာ္ဝင္းေအာင္(ခ)ပအို႔ဝ္(ဖမ္းဆီးရန္က်န္)မွ ဝမ္ဟိုင္းေဒသရွိ မူးယစ္ေဆးဝါးမ်ားအား ၎၏အစီအစဥ္ျဖင့္ ကေလာၿမိဳ႕နယ္၊ ဘြန္ယြာေက်း႐ြာအနီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း၊ ေက်ာ္ဝင္းေအာင္(ခ)ပအို႔ဝ္(ဖမ္းဆီးရန္က်န္)၏ ခိုင္းေစခ်က္ျဖင့္ မ်ိဳးမင္းေအာင္၊ မင္းမင္းခိုင္ႏွင့္ လႈိင္ဝင္း တို႔မွ ဖမ္းဆီးရမိ ေထာ္လာဂ်ီယာဥ္ျဖင့္ ဘြန္ယြာေက်း႐ြာမွတစ္ဆင့္ ရမည္းသင္း- ေပ်ာ္ဘြယ္-နတ္ေမာက္- မေကြးလမ္းေၾကာင္းအတိုင္း ပဒါန္းၿမိဳ႕နယ္သို႔ ပို႔ေဆာင္မည္ျဖစ္ေၾကာင္းႏွင့္ ပဒါန္းၿမိဳ႕နယ္မွတစ္ဆင့္ ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕ရွိ AAေသာင္းက်န္းသူအဖြဲ႕ ၿမိဳ႕နယ္မႉးအဆင့္ရွိ(စိစစ္ဆဲ)ထံသို႔ ပို႔ေဆာင္မည္ျဖစ္ေၾကာင္း ေဖာ္ထုတ္သိရွိရသည္။
သို႔ျဖစ္၍ ဖမ္းဆီးရမိတရားခံမ်ားအား ဥပေဒအရ ထိေရာက္စြာအေရးယူႏိုင္ေရး ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး တရားခံေျပးမ်ားအပါအဝင္ ဆက္စပ္တရားခံမ်ားအား ေဖာ္ထုတ္ဖမ္းဆီးရမိေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
===================
ဧပြီ ၆
မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်၊ ရွာတော်စစ်ဆေးရေးဂိတ်၌ ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် ကျပ် ၁၁.၇ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။
ဧပြီလ ၄ ရက်တွင် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်အရ ရမည်းသင်းမြို့မှ ပဒါန်းမြို့သို့ မူးယစ်ဆေးဝါးများပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တရားခံဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ နတ်မောက်မြို့နယ်၊ ရွာတော်စစ်ဆေးရေးဂိတ်၌ တရားခံမျိုးမင်းအောင်နှင့်အတူ TOYOTA PRADO ယာဉ်အားလည်းကောင်း၊ နတ်မောက်မြို့နယ်၊ စိုင်ကောင်းကျေးရွာအနီး၌ တရားခံ မင်းမင်းခိုင် မောင်းနှင်၍ လှိုင်ဝင်းလိုက်ပါလာသည့် ထော်လာဂျီယာဉ်အား ဖမ်းဆီးရမိခဲ့ပြီး ယာဉ်ပေါ်တွင် ထုံးအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဆာလာအိတ် ၃၉ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇၈ သိန်းပြား ကာလတန်ဖိုးငွေကျပ် ၁၁.၇ ဘီလီယံခန့်အား ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ ကျား ၃ ဦး၊ မော်တော်ယာဉ် ၂ စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ၇၈ သိန်း ပြား(၁ ပြားလျှင် ၁၅၀၀ ကျပ်)၊ ကာလတန်ဖိုးငွေကျပ် ၁၁.၇ ဘီလီယံခန့်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန် တရားခံဖြစ်သည့် ပင်လောင်းမြို့နယ်၊ တီဂျစ်ကျေးရွာနေ ကျော်ဝင်းအောင်(ခ)ပအို့ဝ်(ဖမ်းဆီးရန်ကျန်)မှ ဝမ်ဟိုင်းဒေသရှိ မူးယစ်ဆေးဝါးများအား ၎င်း၏အစီအစဉ်ဖြင့် ကလောမြို့နယ်၊ ဘွန်ယွာကျေးရွာအနီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ကျော်ဝင်းအောင်(ခ)ပအို့ဝ်(ဖမ်းဆီးရန်ကျန်)၏ ခိုင်းစေချက်ဖြင့် မျိုးမင်းအောင်၊ မင်းမင်းခိုင်နှင့် လှိုင်ဝင်း တို့မှ ဖမ်းဆီးရမိ ထော်လာဂျီယာဉ်ဖြင့် ဘွန်ယွာကျေးရွာမှတစ်ဆင့် ရမည်းသင်း- ပျော်ဘွယ်-နတ်မောက်- မကွေးလမ်းကြောင်းအတိုင်း ပဒါန်းမြို့နယ်သို့ ပို့ဆောင်မည်ဖြစ်ကြောင်းနှင့် ပဒါန်းမြို့နယ်မှတစ်ဆင့် ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ AAသောင်းကျန်းသူအဖွဲ့ မြို့နယ်မှူးအဆင့်ရှိ(စိစစ်ဆဲ)ထံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
သို့ဖြစ်၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး တရားခံပြေးများအပါအဝင် ဆက်စပ်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



