ျမစ္ႀကီးနားၿမိဳကို ဧၿပီ ၄ ရက္မွစ၍ ျပည္တြင္းေလ ေၾကာင္းလိုင္းမ်ားျပန္လည္ေျပးဆြဲမည္

ျမစ္ႀကီးနားၿမိဳကို ဧၿပီ ၄ ရက္မွစ၍ ျပည္တြင္းေလ ေၾကာင္းလိုင္းမ်ားျပန္လည္ေျပးဆြဲမည္
=========================
ယာယီပိတ္ထားသည့္ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳရွိ ျမစ္ႀကီးနားေလဆိပ္သို ျပည္တြင္းေလေၾကာင္းလိုင္းမ်ားမွ ဧၿပီ ၄ ရက္မွစတင္၍ ျပန္လည္ပ်ံသန္းေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထိုျပင္ ပူတာအိုၿမိဳရွိ ပူတာအိုေလဆိပ္သိုလည္း ဧၿပီ ၅ ရက္မွစတင္၍ ျပည္တြင္းေလေၾကာင္းလိုင္းမ်ားမွ ျပန္ လည္ပ်ံသန္းေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထိုအတူ မတ္ ၂၅ ရက္မွစတင္၍လည္း ျပည္တြင္းခရီး စဥ္မ်ားအနက္ ဦးစားေပးေျပးဆြဲရန္စီစဥ္ထားေသာ က်ိဳင္းတုံၿမိဳ၊ တာခ်ီလိတ္ၿမိဳ၊ ေကာ့ေသာင္းၿမိဳ၊ ေက်ာက္ျဖဴၿမိဳ၊ စစ္ေတြၿမိဳ၊ ကေလးၿမိဳ၊ ဟုမၼလင္းၿမိဳႏွင့္ ခႏၲီးၿမိဳမ်ားသိုလည္း ျပည္တြင္းေလေၾကာင္းလိုင္းမ်ားက ျပန္လည္ပ်ံသန္းေျပးဆြဲေပးလ်က္ရွိေၾကာင္း သိရသည္။
အဆိုပါ ေဒသမ်ားကို ျပည္တြင္းေလေၾကာင္းလိုင္းမ်ားျဖစ္သည့္ ျမန္မာအမ်ိဳးသားေလေၾကာင္း၊ အျပည္ျပည္ဆိုင္ရာျမန္မာေလေၾကာင္း၊ မဂၤလာေလေၾကာင္း၊ မန္းရတနာပုံေလေၾကာင္းႏွင့္ အဲသံလြင္ေလေၾကာင္းလိုင္း တိုက ပ်ံသန္းေျပးဆြဲေပးျခင္းျဖစ္ေၾကာင္း သိရသည္။
မြစ်ကြီးနားမြိုကို ဧပြီ ၄ ရက်မှစ၍ ပြည်တွင်းလေ ကြောင်းလိုင်းများပြန်လည်ပြေးဆွဲမည်
=========================
ယာယီပိတ်ထားသည့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြိုရှိ မြစ်ကြီးနားလေဆိပ်သို ပြည်တွင်းလေကြောင်းလိုင်းများမှ ဧပြီ ၄ ရက်မှစတင်၍ ပြန်လည်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုပြင် ပူတာအိုမြိုရှိ ပူတာအိုလေဆိပ်သိုလည်း ဧပြီ ၅ ရက်မှစတင်၍ ပြည်တွင်းလေကြောင်းလိုင်းများမှ ပြန် လည်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုအတူ မတ် ၂၅ ရက်မှစတင်၍လည်း ပြည်တွင်းခရီး စဉ်များအနက် ဦးစားပေးပြေးဆွဲရန်စီစဉ်ထားသော ကျိုင်းတုံမြို၊ တာချီလိတ်မြို၊ ကော့သောင်းမြို၊ ကျောက်ဖြူမြို၊ စစ်တွေမြို၊ ကလေးမြို၊ ဟုမ္မလင်းမြိုနှင့် ခန္တီးမြိုများသိုလည်း ပြည်တွင်းလေကြောင်းလိုင်းများက ပြန်လည်ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဒေသများကို ပြည်တွင်းလေကြောင်းလိုင်းများဖြစ်သည့် မြန်မာအမျိုးသားလေကြောင်း၊ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း၊ မင်္ဂလာလေကြောင်း၊ မန်းရတနာပုံလေကြောင်းနှင့် အဲသံလွင်လေကြောင်းလိုင်း တိုက ပျံသန်းပြေးဆွဲပေးခြင်းဖြစ်ကြောင်း သိရသည်။




