စပါးအသင္းက နည္းျပသစ္အျဖစ္ ဒီဇာဘီအား ငါးႏွစ္စာခ်ဳပ္ျဖင့္ခန႔္အပ္

စပါးအသင္းက နည္းျပသစ္အျဖစ္ ဒီဇာဘီအား ငါးႏွစ္စာခ်ဳပ္ျဖင့္ခန႔္အပ္
===========================
စပါးအသင္းက နည္းျပတူေဒါႏွင့္ လမ္းခြဲၿပီး ေနာက္ လစ္လပ္ေနသည့္နည္းျပရာထူးအတြက္ နည္းျပသစ္အျဖစ္ ဒီဇာဘီအား ငါးႏွစ္စာခ်ဳပ္ျဖင့္ ခန႔္အပ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

စပါးအသင္းသည္ ယခုေဘာလုံးရာသီတြင္ ရလဒ္မ်ား ဆက္တိုက္ဆိုး႐ြားေနသည့္အတြက္ နည္းျပေသာမက္ဖရန႔္ကို ထုတ္ပယ္ၿပီးေနာက္ ရာသီကုန္အထိ နည္းျပအျဖစ္ တူေဒါအား ခန႔္အပ္ခဲ့ ေသာ္လည္း အသင္းအေနျဖင့္ နည္းျပတူေဒါလက္ ေအာက္တြင္လည္း ရလဒ္မ်ားဆက္လက္ဆိုး႐ြားေန ၿပီး တန္းဆင္းဇုန္ဖိအားမ်ားရွိလာ၍ ၿပီးခဲ့သည့္ရက္ ပိုင္းက နည္းျပတူေဒါအား ရာထူးမွ ထုတ္ပယ္ခဲ့ျခင္း ျဖစ္သည္။

စပါးအသင္းက နည္းျပသစ္အျဖစ္ ဒီဇာဘီအား ခန႔္အပ္ရန္ ေဆြးေႏြးမႈမ်ားလုပ္ေဆာင္ရာမွ ငါးႏွစ္စာခ်ဳပ္ျဖင့္ ခန႔္အပ္ႏိုင္ခဲ့ၿပီး ယခုေဘာလုံးရာသီ အကုန္တြင္ စပါးအသင္းကို တန္းမဆင္းရေအာင္စြမ္းေဆာင္ႏိုင္မည္ဆိုပါကလည္း အပိုဆုေၾကးေပးအပ္ မည္ျဖစ္သည္။

အေစာပိုင္းက စပါးအသင္းသည္ နည္းျပသစ္ ရာထူးအတြက္ မိုနာကိုအသင္းနည္းျပေဟာင္း အဒီ ဟတ္တာအား ခန႔္အပ္ရန္ေဆြးေႏြးရာ ခန႔္အပ္ႏိုင္ရန္ နီးစပ္ခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲႏွင့္ အေတြ႕အႀကဳံေကာင္းမ်ားရွိသည့္ နည္းျပ ဒီဇာဘီႏွင့္ေဆြးေႏြးခဲ့ရာ အဆင္ေျပသည့္အတြက္ နည္းျပဒီဇာဘီအား ခန႔္အပ္ရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္။

နည္းျပဒီဇာဘီသည္ ဘ႐ိုက္တန္အသင္းကို ၂၀၂၂ ခုႏွစ္မွ ၂၀၂၄ ခုႏွစ္အထိ တာဝန္ယူကိုင္တြယ္ကာ အသင္းကို ရလဒ္ေကာင္းမ်ားရရွိေအာင္ စြမ္းေဆာင္ ေပးႏိုင္ခဲ့ေသာ ၿပိဳင္ပြဲအေတြ႕အႀကဳံေကာင္းမ်ားရွိ သည့္ နည္းျပတစ္ဦးျဖစ္သည့္အတြက္ စပါးအသင္းက ပရိသတ္မ်ား၏ ကန႔္ကြက္မႈမ်ားၾကားမွ နည္းျပ သစ္အျဖစ္ခန႔္အပ္ရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ၿပီး ဒီဇာဘီ အေနျဖင့္ စပါးအသင္း၌ ျမင့္မားသည့္လုပ္ခလစာ ကိုလည္း ရရွိမည္ျဖစ္သည္။

စပါးအသင္းသည္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ၌ ၃၁ ပြဲ ကစားၿပီးခ်ိန္တြင္ ရမွတ္ ၃၀ ျဖင့္ အဆင့္(၁၇)ေနရာ ၌ရပ္တည္ေနၿပီး တန္းဆင္းဇုန္မွ ဝက္စ္ဟမ္းအသင္း ႏွင့္ ရမွတ္တစ္မွတ္သာ ကြာဟေနေၾကာင္း သိရ သည္။


စပါးအသင်းက နည်းပြသစ်အဖြစ် ဒီဇာဘီအား ငါးနှစ်စာချုပ်ဖြင့်ခန့်အပ်
===========================
စပါးအသင်းက နည်းပြတူဒေါနှင့် လမ်းခွဲပြီး နောက် လစ်လပ်နေသည့်နည်းပြရာထူးအတွက် နည်းပြသစ်အဖြစ် ဒီဇာဘီအား ငါးနှစ်စာချုပ်ဖြင့် ခန့်အပ်နိုင်ခဲ့ကြောင်း သိရသည်။

စပါးအသင်းသည် ယခုဘောလုံးရာသီတွင် ရလဒ်များ ဆက်တိုက်ဆိုးရွားနေသည့်အတွက် နည်းပြသောမက်ဖရန့်ကို ထုတ်ပယ်ပြီးနောက် ရာသီကုန်အထိ နည်းပြအဖြစ် တူဒေါအား ခန့်အပ်ခဲ့ သော်လည်း အသင်းအနေဖြင့် နည်းပြတူဒေါလက် အောက်တွင်လည်း ရလဒ်များဆက်လက်ဆိုးရွားနေ ပြီး တန်းဆင်းဇုန်ဖိအားများရှိလာ၍ ပြီးခဲ့သည့်ရက် ပိုင်းက နည်းပြတူဒေါအား ရာထူးမှ ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။

စပါးအသင်းက နည်းပြသစ်အဖြစ် ဒီဇာဘီအား ခန့်အပ်ရန် ဆွေးနွေးမှုများလုပ်ဆောင်ရာမှ ငါးနှစ်စာချုပ်ဖြင့် ခန့်အပ်နိုင်ခဲ့ပြီး ယခုဘောလုံးရာသီ အကုန်တွင် စပါးအသင်းကို တန်းမဆင်းရအောင်စွမ်းဆောင်နိုင်မည်ဆိုပါကလည်း အပိုဆုကြေးပေးအပ် မည်ဖြစ်သည်။

အစောပိုင်းက စပါးအသင်းသည် နည်းပြသစ် ရာထူးအတွက် မိုနာကိုအသင်းနည်းပြဟောင်း အဒီ ဟတ်တာအား ခန့်အပ်ရန်ဆွေးနွေးရာ ခန့်အပ်နိုင်ရန် နီးစပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပရီးမီးယားလိဂ် ပြိုင်ပွဲနှင့် အတွေ့အကြုံကောင်းများရှိသည့် နည်းပြ ဒီဇာဘီနှင့်ဆွေးနွေးခဲ့ရာ အဆင်ပြေသည့်အတွက် နည်းပြဒီဇာဘီအား ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

နည်းပြဒီဇာဘီသည် ဘရိုက်တန်အသင်းကို ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ တာဝန်ယူကိုင်တွယ်ကာ အသင်းကို ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့သော ပြိုင်ပွဲအတွေ့အကြုံကောင်းများရှိ သည့် နည်းပြတစ်ဦးဖြစ်သည့်အတွက် စပါးအသင်းက ပရိသတ်များ၏ ကန့်ကွက်မှုများကြားမှ နည်းပြ သစ်အဖြစ်ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ဒီဇာဘီ အနေဖြင့် စပါးအသင်း၌ မြင့်မားသည့်လုပ်ခလစာ ကိုလည်း ရရှိမည်ဖြစ်သည်။

စပါးအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ၃၁ ပွဲ ကစားပြီးချိန်တွင် ရမှတ် ၃၀ ဖြင့် အဆင့်(၁၇)နေရာ ၌ရပ်တည်နေပြီး တန်းဆင်းဇုန်မှ ဝက်စ်ဟမ်းအသင်း နှင့် ရမှတ်တစ်မှတ်သာ ကွာဟနေကြောင်း သိရ သည်။