ဂ်ပန္ဖိုက္တာနဲ႔ ခ်န္ပီယံကာကြယ္ပြဲထိုးသတ္ရမယ့္ ဂ်ိဳရႈအာဗန္

ဂ်ပန္ဖိုက္တာနဲ႔ ခ်န္ပီယံကာကြယ္ပြဲထိုးသတ္ရမယ့္ ဂ်ိဳရႈအာဗန္
=================
ဧၿပီ ၁၁ ရက္(ျမန္မာစံေတာ္ခ်ိန္ ဧၿပီ ၁၂ ရက္)တြင္ အေမရိကန္ႏိုင္ငံ မိုင္ယာမီ ၿမိဳ႕၌ က်င္းပမည့္ UFC 327 ၿပိဳင္ပြဲတြင္ ျမန္မာဖိုက္တာ ဂ်ိဳရႈအာဗန္၏ ပထမဆုံး ကမာၻ႔ခ်န္ပီယံကာကြယ္ပြဲ ပါဝင္လာမည္ ျဖစ္ၿပီး ဂ်ပန္ဖိုက္တာ တက္ဆု႐ိုတီအီ႐ိုႏွင့္ ထိုးသတ္ရမည္ျဖစ္သည္။
ဂ်ိရႈအာဗန္သည္ ၂၀၂၃ ခုႏွစ္တြင္ နာမည္ေက်ာ္တိုက္ခိုက္ေရးအဖြဲ႕အစည္း UFC ႏွင့္ စတင္လက္တြဲၿပီးေနာက္ ႏွစ္ႏွစ္ေက်ာ္ကာလအတြင္း ကမာၻ႔ခ်န္ပီယံ ျဖစ္လာျခင္းျဖစ္သည္။ ဂ်ိဳရႈအာဗန္သည္ ပေရာ္ဖက္ရွင္နယ္ MMA ကစားသမားဘဝ စုစုေပါင္း ၁၈ ပြဲထိုးသတ္ရာတြင္ ၁၆ ပြဲႏိုင္ ႏွစ္ပြဲရႈံးနိမ့္ထားၿပီး UFC ႏွင့္ ၁၀ ပြဲထိုးသတ္ရာတြင္ ကိုးပြဲႏိုင္ တစ္ပြဲရႈံးနိမ့္ထားသည္။
ဂ်ိဳရႈအာဗန္သည္ UFC တြင္ ေနာက္ဆုံး ေျခာက္ပြဲဆက္တိုက္အႏိုင္ရၿပီး ကမာၻ႔ခ်န္ပီယံပါ ျဖစ္လာ ခဲ့ျခင္းျဖစ္သည္။ ဂ်ိဳရႈအာဗန္သည္ ဒီဇင္ဘာ ၆ ရက္က ထိုးသတ္သည့္ပြဲတြင္ ဘရာဇီးဖိုက္တာ ပန္တိုဂ်ာကို အလဲထိုး အႏိုင္ယူၿပီးေနာက္ ကမာၻ႔ခ်န္ပီယံျဖစ္လာၿပီး ေလးလေက်ာ္ အၾကာတြင္ ခ်န္ပီယံကာကြယ္ပြဲ ပထမဆုံးအႀကိမ္ ထိုးသတ္ ရမည္ျဖစ္သည္။
ဂ်ိဳရႈအာဗန္ႏွင့္ ထိုးသတ္မည့္ ဂ်ပန္ဖိုက္တာ တက္ဆု႐ို သည္ ပေရာ္ဖက္ရွင္နယ္ MMA ကစားသမားဘ၀ စုစုေပါင္း ၁၉ ပြဲထိုးသတ္ရာတြင္ ၁၈ ပြဲႏိုင္၊ တစ္ပြဲရႈံးနိမ့္ထားၿပီး ပေရာ္ ဖက္ရွင္နယ္ကစားသမားဘဝတြင္ ၁၆ ပြဲဆက္တိုက္ အႏိုင္ရ ခဲ့ဖူးသူျဖစ္သည္။
ဂျပန်ဖိုက်တာနဲ့ ချန်ပီယံကာကွယ်ပွဲထိုးသတ်ရမယ့် ဂျိုရှုအာဗန်
=================
ဧပြီ ၁၁ ရက်(မြန်မာစံတော်ချိန် ဧပြီ ၁၂ ရက်)တွင် အမေရိကန်နိုင်ငံ မိုင်ယာမီ မြို့၌ ကျင်းပမည့် UFC 327 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ ဂျိုရှုအာဗန်၏ ပထမဆုံး ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ ပါဝင်လာမည် ဖြစ်ပြီး ဂျပန်ဖိုက်တာ တက်ဆုရိုတီအီရိုနှင့် ထိုးသတ်ရမည်ဖြစ်သည်။
ဂျိရှုအာဗန်သည် ၂၀၂၃ ခုနှစ်တွင် နာမည်ကျော်တိုက်ခိုက်ရေးအဖွဲ့အစည်း UFC နှင့် စတင်လက်တွဲပြီးနောက် နှစ်နှစ်ကျော်ကာလအတွင်း ကမ္ဘာ့ချန်ပီယံ ဖြစ်လာခြင်းဖြစ်သည်။ ဂျိုရှုအာဗန်သည် ပရော်ဖက်ရှင်နယ် MMA ကစားသမားဘဝ စုစုပေါင်း ၁၈ ပွဲထိုးသတ်ရာတွင် ၁၆ ပွဲနိုင် နှစ်ပွဲရှုံးနိမ့်ထားပြီး UFC နှင့် ၁၀ ပွဲထိုးသတ်ရာတွင် ကိုးပွဲနိုင် တစ်ပွဲရှုံးနိမ့်ထားသည်။
ဂျိုရှုအာဗန်သည် UFC တွင် နောက်ဆုံး ခြောက်ပွဲဆက်တိုက်အနိုင်ရပြီး ကမ္ဘာ့ချန်ပီယံပါ ဖြစ်လာ ခဲ့ခြင်းဖြစ်သည်။ ဂျိုရှုအာဗန်သည် ဒီဇင်ဘာ ၆ ရက်က ထိုးသတ်သည့်ပွဲတွင် ဘရာဇီးဖိုက်တာ ပန်တိုဂျာကို အလဲထိုး အနိုင်ယူပြီးနောက် ကမ္ဘာ့ချန်ပီယံဖြစ်လာပြီး လေးလကျော် အကြာတွင် ချန်ပီယံကာကွယ်ပွဲ ပထမဆုံးအကြိမ် ထိုးသတ် ရမည်ဖြစ်သည်။
ဂျိုရှုအာဗန်နှင့် ထိုးသတ်မည့် ဂျပန်ဖိုက်တာ တက်ဆုရို သည် ပရော်ဖက်ရှင်နယ် MMA ကစားသမားဘ၀ စုစုပေါင်း ၁၉ ပွဲထိုးသတ်ရာတွင် ၁၈ ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားပြီး ပရော် ဖက်ရှင်နယ်ကစားသမားဘဝတွင် ၁၆ ပွဲဆက်တိုက် အနိုင်ရ ခဲ့ဖူးသူဖြစ်သည်။




