အီတလီအသင္း ကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔ (၃)ႀကိမ္ဆက္လြဲေခ်ာ္ခဲ့

အီတလီအသင္း ကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔ (၃)ႀကိမ္ဆက္လြဲေခ်ာ္ခဲ့
======================
အီတလီလက္ေ႐ြးစင္အသင္းဟာ မေန႔က ယွဥ္ၿပိဳင္ခဲ့တဲ့ ၂၀၂၆ ကမာၻ႔ဖလားေျခစစ္ပြဲ Play-offs အဆင့္ဗိုလ္လုပြဲမွာ ေဘာ့စနီးယားအသင္းကို ပယ္နယ္တီအဆုံးအျဖတ္နဲ႔ အေရးနိမ့္ခဲ့တာေၾကာင့္ ေနာက္ဆုံးကမာၻ႔ဖလားၿပိဳင္ပြဲ (၃)ႀကိမ္ဆက္ ေျခစစ္ပြဲမေအာင္ဘဲ ျဖစ္ခဲ့ရပါတယ္။

အီတလီနဲ႔ ေဘာ့စနီးယားတိုဟာ ပုံမွန္ပြဲခ်ိန္အတြင္း (၁-၁)ဂိုးနဲ႔ သေရက်ခဲ့တာေၾကာင့္ အခ်ိန္ပိုဆက္ကစားရမွာလည္း ဂိုးထပ္မသြင္းႏိုင္တဲ့အတြက္ ပယ္နယ္တီအဆုံးအျဖတ္ခံယူရာမွာ ေဘာ့စနီးယားအသင္းက (၄-၁)ဂိုးနဲ႔ အႏိုင္ရရွိၿပီး ကမာၻ႔ဖလားယွဥ္ၿပိဳင္ခြင့္တစ္ေနရာ ရယူသြားခဲ့တာပါတယ္။

ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ခ်န္ပီယံဆု (၄)ႀကိမ္ရရွိဖူးတဲ့ အီတလီအသင္းကေတာ့ ၂၀၁၈၊ ၂၀၂၂ နဲ႔ ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲ (၃)ႀကိမ္ဆက္ ေျခစစ္ပြဲမေအာင္ျမင္ဘဲ ျဖစ္ခဲ့ရတာပါတယ္။


အီတလီအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ (၃)ကြိမ်ဆက်လွဲချော်ခဲ့
======================
အီတလီလက်ရွေးစင်အသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-offs အဆင့်ဗိုလ်လုပွဲမှာ ဘော့စနီးယားအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ (၃)ကြိမ်ဆက် ခြေစစ်ပွဲမအောင်ဘဲ ဖြစ်ခဲ့ရပါတယ်။

အီတလီနဲ့ ဘော့စနီးယားတိုဟာ ပုံမှန်ပွဲချိန်အတွင်း (၁-၁)ဂိုးနဲ့ သရေကျခဲ့တာကြောင့် အချိန်ပိုဆက်ကစားရမှာလည်း ဂိုးထပ်မသွင်းနိုင်တဲ့အတွက် ပယ်နယ်တီအဆုံးအဖြတ်ခံယူရာမှာ ဘော့စနီးယားအသင်းက (၄-၁)ဂိုးနဲ့ အနိုင်ရရှိပြီး ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်တစ်နေရာ ရယူသွားခဲ့တာပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆု (၄)ကြိမ်ရရှိဖူးတဲ့ အီတလီအသင်းကတော့ ၂၀၁၈၊ ၂၀၂၂ နဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ (၃)ကြိမ်ဆက် ခြေစစ်ပွဲမအောင်မြင်ဘဲ ဖြစ်ခဲ့ရတာပါတယ်။