အင္ဒိုနီးရွားတြင္ ျပင္းအား ၇.၄ အဆင့္ရွိ ငလ်င္လႈပ္ခတ္

အင္ဒိုနီးရွားတြင္ ျပင္းအား ၇.၄ အဆင့္ရွိ ငလ်င္လႈပ္ခတ္
=====================
ဧၿပီ-၂
အင္ဒိုနီးရွားႏိုင္ငံ၊ Ternate ကြၽန္းအနီး Molucca ပင္လယ္တြင္ ဧၿပီ ၂ ရက္ နံနက္ပိုင္း၌ ျပင္းအား ၇.၄ အဆင့္ရွိ ငလ်င္တစ္ခု လႈပ္ခတ္ခဲ့ေၾကာင္း Aisa One သတင္းတြင္ ေဖာ္ျပသည္။ ငလ်င္ေၾကာင့္ အေဆာက္အအုံအခ်ိဳ႕ ပ်က္စီးခဲ့ၿပီး ဆူနာမီလႈိင္းမ်ားလည္း ျဖစ္ေပၚခဲ့ေၾကာင္း သိရပီး အင္ဒိုနီးရွား Metro TV ၏ ေဖာ္ျပခ်က္အရ Manado ေဒသတြင္ အပ်က္အစီးမ်ားေၾကာင့္ လူတစ္ဦး ေသဆုံးခဲ့သည္။
အေမရိကန္ ဘူမိေဗဒ စစ္တမ္း (USGS) ၏ အဆိုအရ ျပင္းအား ၅ အထိရွိေသာ ေနာက္ဆက္တြဲ ငလ်င္မ်ား ထပ္လႈပ္ခတ္ခဲ့ၿပီး အျမင့္ ၀.၂ မီတာရွိ ဆူနာမီလႈိင္းမ်ားလည္း ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
ထို႔အျပင္ အေမရိကန္ ဆူနာမီ သတိေပး အာဏာပိုင္မ်ားက အင္ဒိုနီးရွား၊ ဖိလစ္ပိုင္ႏွင့္ မေလးရွား ကမ္း႐ိုးတန္းတစ္ေလွ်ာက္ ငလ်င္ဗဟိုခ်က္မွ ကီလိုမီတာ ၁၀၀၀ အတြင္း အႏၲရာယ္ရွိေသာ ဆူနာမီမ်ား ျဖစ္ေပၚႏိုင္ေၾကာင္း သတိေပးထားသည္။

အင်ဒိုနီးရှားတွင် ပြင်းအား ၇.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်
=====================
ဧပြီ-၂
အင်ဒိုနီးရှားနိုင်ငံ၊ Ternate ကျွန်းအနီး Molucca ပင်လယ်တွင် ဧပြီ ၂ ရက် နံနက်ပိုင်း၌ ပြင်းအား ၇.၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း Aisa One သတင်းတွင် ဖော်ပြသည်။ ငလျင်ကြောင့် အဆောက်အအုံအချို့ ပျက်စီးခဲ့ပြီး ဆူနာမီလှိုင်းများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရပီး အင်ဒိုနီးရှား Metro TV ၏ ဖော်ပြချက်အရ Manado ဒေသတွင် အပျက်အစီးများကြောင့် လူတစ်ဦး သေဆုံးခဲ့သည်။
အမေရိကန် ဘူမိဗေဒ စစ်တမ်း (USGS) ၏ အဆိုအရ ပြင်းအား ၅ အထိရှိသော နောက်ဆက်တွဲ ငလျင်များ ထပ်လှုပ်ခတ်ခဲ့ပြီး အမြင့် ၀.၂ မီတာရှိ ဆူနာမီလှိုင်းများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် အမေရိကန် ဆူနာမီ သတိပေး အာဏာပိုင်များက အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မလေးရှား ကမ်းရိုးတန်းတစ်လျှောက် ငလျင်ဗဟိုချက်မှ ကီလိုမီတာ ၁၀၀၀ အတွင်း အန္တရာယ်ရှိသော ဆူနာမီများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။




