စစ္ေရးရည္မွန္းခ်က္မ်ား ေအာင္ျမင္ရန္ နီးစပ္ေနၿပီျဖစ္၍ အဆုံးသတ္တိုက္ပြဲ ဆင္ႏႊဲမည္ဟု သမၼတ ထရန႔္ ေၾကညာ

စစ္ေရးရည္မွန္းခ်က္မ်ား ေအာင္ျမင္ရန္ နီးစပ္ေနၿပီျဖစ္၍ အဆုံးသတ္တိုက္ပြဲ ဆင္ႏႊဲမည္ဟု သမၼတ ထရန႔္ ေၾကညာ
=========================
ဧၿပီ ၂
အေမရိကန္သမၼတ ေဒၚနယ္ထရန႔္သည္ အီရန္ႏိုင္ငံအေပၚ ဆင္ႏႊဲေနသည့္ “Operation Epic Fury” စစ္ဆင္ ေရး တစ္လျပည့္ေျမာက္ခ်ိန္တြင္ ႏိုင္ငံေတာ္သို႔ မိန႔္ခြန္းေျပာၾကားခဲ့ၿပီး၊ အေမရိကန္၏ စစ္ေရးရည္မွန္း ခ်က္မ်ားမွာ ေအာင္ျမင္ရန္ နီးစပ္ေနၿပီျဖစ္၍ စစ္ပြဲကို အၿပီး သတ္ရန္ အဆုံးသတ္တိုက္ပြဲ (Finish the job) ကို ဆင္ႏႊဲေတာ့မည္ျဖစ္ေၾကာင္း ေၾကညာလိုက္သည္။
သမၼတ ထရန႔္က ၎၏ မိန႔္ခြန္းတြင္ အေမရိကန္တပ္ဖြဲ႕မ်ားသည္ တစ္လအတြင္း အီရန္စစ္တပ္ကို အျပတ္အသတ္ ထိုးႏွက္ႏိုင္ခဲ့ေၾကာင္း ဆိုသည္။ “ဒီေန႔ညမွာေတာ့ အီရန္ရဲ႕ ေရတပ္ဟာ ပ်က္စီးသြားပါၿပီ၊ သူတို႔ရဲ႕ ေလတပ္ဟာလည္း အပ်က္အစီးပုံေတြ ျဖစ္ေနပါၿပီ၊ သူတို႔ရဲ႕ ေခါင္းေဆာင္အမ်ားစုဟာလည္း ေသဆုံးကုန္ၾကပါၿပီ” ဟု ၎က ထည့္သြင္းေျပာၾကားခဲ့သည္။ အီရန္၏ ဒ႐ုန္းႏွင့္ ဒုံးက်ည္စြမ္းရည္မ်ားမွာလည္း သိသိသာသာ ေလ်ာ့ပါးသြားၿပီျဖစ္ေၾကာင္း အတည္ျပဳခဲ့သည္။
စစ္ပြဲဆင္ႏႊဲရျခင္း၏ အဓိကအေၾကာင္းရင္းမွာ အီရန္၏ န်ဴကလီးယား ရည္မွန္းခ်က္ေၾကာင့္ ျဖစ္ ေၾကာင္း ထရန႔္က အေၾကာင္းျပခဲ့သည္။ ၂၀၂၅ ခုႏွစ္တြင္ ေဆာင္႐ြက္ခဲ့သည့္ “Operation Midnight Hammer” ျဖင့္ န်ဴကလီးယားစခန္းမ်ားကို ဖ်က္ဆီးခဲ့ေသာ္လည္း အီရန္က လွ်ိဳ႕ဝွက္ေနရာသစ္မ်ားတြင္ ျပန္လည္တည္ေဆာက္ရန္ ႀကိဳးပမ္းေနျခင္းေၾကာင့္ ယခုကဲ့သို႔ အျမစ္ျပတ္ေခ်မႈန္းရျခင္းျဖစ္ေၾကာင္း ၎က ဆိုသည္။ “အီရန္ကို န်ဴကလီးယားလက္နက္ ပိုင္ ဆိုင္ဖို႔ ကြၽန္ေတာ္ ဘယ္ေတာ့မွ ခြင့္ျပဳမွာမဟုတ္ဘူး” ဟု အေလးအနက္ ကတိျပဳခဲ့သည္။
သမၼတ ထရန႔္က အီရန္ဘက္မွ အပစ္အခတ္ရပ္စဲေရးအတြက္ ကမ္းလွမ္းလာသည္ဟု ေျပာၾကားခဲ့ေသာ္ လည္း၊ အီရန္သမၼတ မာဆု ပီဇက္ရွ္ကီယန္ကမူ ၎တို႔အေနျဖင့္ မည္သည့္အပစ္ရပ္စဲေရးမွ် ေတာင္းဆိုထားျခင္းမရွိေၾကာင္း ျငင္းဆိုခဲ့သည္။ အီရန္သမၼတက ၎တို႔အေနျဖင့္ အေမရိကန္ျပည္သူမ်ားႏွင့္ အိမ္နီးခ်င္းႏိုင္ငံမ်ားအေပၚ ရန္ၿငိဳးမရွိေၾကာင္း ဆိုေသာ္လည္း၊ အီရန္ေတာ္လွန္ေရးအေစာင့္တပ္ဖြဲ႕ (IRGC) ကမူ “အင္အားအျပည့္” ျဖင့္ ဆက္လက္တုံ႔ျပန္သြားမည္ဟု ေျပာၾကားထားသည္။
စစ္ပြဲသည္ အီရန္ႏိုင္ငံအတြင္း၌တင္မကဘဲ အိမ္နီး ခ်င္း ကူဝိတ္၊ ကာတာႏွင့္ ဘာရိန္းႏိုင္ငံမ်ားအထိ ကူးစက္ပ်ံ႕ႏွံ႔ေနသည္။ အီရန္၏ ဒုံးက်ည္တိုက္ခိုက္မႈမ်ားေၾကာင့္ ကူဝိတ္ေလဆိပ္ရွိ ေလာင္စာဆီကန္မ်ား မီးေလာင္ကြၽမ္းခဲ့သလို၊ ကာတာေရပိုင္နက္တြင္လည္း ေရနံတင္သေဘၤာတစ္စီး ထိမွန္ခဲ့သည္။ ဤ အေျခ အေနေၾကာင့္ ကမာၻ႔ေရနံေဈးႏႈန္းမ်ားမွာ တစ္စည္လွ်င္ ၁၂၄ ေဒၚလာအထက္သို႔ ျမင့္တက္ေနၿပီး ကမာၻ႔စီးပြားေရးအေပၚ စိုးရိမ္မႈမ်ား ျမင့္တက္လ်က္ရွိသည္။
သမၼတ ထရန႔္က စစ္ပြဲသည္ ေရွ႕လာမည့္ ၂ ပတ္မွ ၃ ပတ္အတြင္း ၿပီးဆုံးႏိုင္ေၾကာင္း ခန႔္မွန္းထားေသာ္ လည္း အီရန္ဘက္က ေျပာက္က်ားစစ္ဆင္ႏႊဲမႈမ်ားႏွင့္ ေဒသတြင္း မဟာမိတ္မ်ား၏ တန္ျပန္တိုက္ခိုက္မႈမ်ားေၾကာင့္ စစ္ပြဲမွာ ပိုမိုၾကာရွည္သြားႏိုင္သည္ဟု စစ္ေရးေလ့လာသူအခ်ိဳ႕က သုံးသပ္ေနၾကသည္။
စစ်ရေးရည်မှန်းချက်များ အောင်မြင်ရန် နီးစပ်နေပြီဖြစ်၍ အဆုံးသတ်တိုက်ပွဲ ဆင်နွှဲမည်ဟု သမ္မတ ထရန့် ကြေညာ
=========================
ဧပြီ ၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်နိုင်ငံအပေါ် ဆင်နွှဲနေသည့် “Operation Epic Fury” စစ်ဆင် ရေး တစ်လပြည့်မြောက်ချိန်တွင် နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားခဲ့ပြီး၊ အမေရိကန်၏ စစ်ရေးရည်မှန်း ချက်များမှာ အောင်မြင်ရန် နီးစပ်နေပြီဖြစ်၍ စစ်ပွဲကို အပြီး သတ်ရန် အဆုံးသတ်တိုက်ပွဲ (Finish the job) ကို ဆင်နွှဲတော့မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
သမ္မတ ထရန့်က ၎င်း၏ မိန့်ခွန်းတွင် အမေရိကန်တပ်ဖွဲ့များသည် တစ်လအတွင်း အီရန်စစ်တပ်ကို အပြတ်အသတ် ထိုးနှက်နိုင်ခဲ့ကြောင်း ဆိုသည်။ “ဒီနေ့ညမှာတော့ အီရန်ရဲ့ ရေတပ်ဟာ ပျက်စီးသွားပါပြီ၊ သူတို့ရဲ့ လေတပ်ဟာလည်း အပျက်အစီးပုံတွေ ဖြစ်နေပါပြီ၊ သူတို့ရဲ့ ခေါင်းဆောင်အများစုဟာလည်း သေဆုံးကုန်ကြပါပြီ” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ အီရန်၏ ဒရုန်းနှင့် ဒုံးကျည်စွမ်းရည်များမှာလည်း သိသိသာသာ လျော့ပါးသွားပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။
စစ်ပွဲဆင်နွှဲရခြင်း၏ အဓိကအကြောင်းရင်းမှာ အီရန်၏ နျူကလီးယား ရည်မှန်းချက်ကြောင့် ဖြစ် ကြောင်း ထရန့်က အကြောင်းပြခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည့် “Operation Midnight Hammer” ဖြင့် နျူကလီးယားစခန်းများကို ဖျက်ဆီးခဲ့သော်လည်း အီရန်က လျှို့ဝှက်နေရာသစ်များတွင် ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းနေခြင်းကြောင့် ယခုကဲ့သို့ အမြစ်ပြတ်ချေမှုန်းရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “အီရန်ကို နျူကလီးယားလက်နက် ပိုင် ဆိုင်ဖို့ ကျွန်တော် ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူး” ဟု အလေးအနက် ကတိပြုခဲ့သည်။
သမ္မတ ထရန့်က အီရန်ဘက်မှ အပစ်အခတ်ရပ်စဲရေးအတွက် ကမ်းလှမ်းလာသည်ဟု ပြောကြားခဲ့သော် လည်း၊ အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်ကမူ ၎င်းတို့အနေဖြင့် မည်သည့်အပစ်ရပ်စဲရေးမျှ တောင်းဆိုထားခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။ အီရန်သမ္မတက ၎င်းတို့အနေဖြင့် အမေရိကန်ပြည်သူများနှင့် အိမ်နီးချင်းနိုင်ငံများအပေါ် ရန်ငြိုးမရှိကြောင်း ဆိုသော်လည်း၊ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကမူ “အင်အားအပြည့်” ဖြင့် ဆက်လက်တုံ့ပြန်သွားမည်ဟု ပြောကြားထားသည်။
စစ်ပွဲသည် အီရန်နိုင်ငံအတွင်း၌တင်မကဘဲ အိမ်နီး ချင်း ကူဝိတ်၊ ကာတာနှင့် ဘာရိန်းနိုင်ငံများအထိ ကူးစက်ပျံ့နှံ့နေသည်။ အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုများကြောင့် ကူဝိတ်လေဆိပ်ရှိ လောင်စာဆီကန်များ မီးလောင်ကျွမ်းခဲ့သလို၊ ကာတာရေပိုင်နက်တွင်လည်း ရေနံတင်သင်္ဘောတစ်စီး ထိမှန်ခဲ့သည်။ ဤ အခြေ အနေကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ တစ်စည်လျှင် ၁၂၄ ဒေါ်လာအထက်သို့ မြင့်တက်နေပြီး ကမ္ဘာ့စီးပွားရေးအပေါ် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။
သမ္မတ ထရန့်က စစ်ပွဲသည် ရှေ့လာမည့် ၂ ပတ်မှ ၃ ပတ်အတွင်း ပြီးဆုံးနိုင်ကြောင်း ခန့်မှန်းထားသော် လည်း အီရန်ဘက်က ပြောက်ကျားစစ်ဆင်နွှဲမှုများနှင့် ဒေသတွင်း မဟာမိတ်များ၏ တန်ပြန်တိုက်ခိုက်မှုများကြောင့် စစ်ပွဲမှာ ပိုမိုကြာရှည်သွားနိုင်သည်ဟု စစ်ရေးလေ့လာသူအချို့က သုံးသပ်နေကြသည်။



