ခြင့္ျပဳစာရင္းဝင္ မိုဘိုင္းဖုန္း (Handset) မ်ားအတြက္ အခြန္ေပးေဆာင္ရန္မလိုအပ္ေၾကာင္းႏွင့္ IMEI Paid ျပဳလုပ္ႏိုင္ေရးလုပ္ငန္းစဥ္ ထုတ္ျပန္

ခြင့္ျပဳစာရင္းဝင္ မိုဘိုင္းဖုန္း (Handset) မ်ားအတြက္ အခြန္ေပးေဆာင္ရန္မလိုအပ္ေၾကာင္းႏွင့္ IMEI Paid ျပဳလုပ္ႏိုင္ေရးလုပ္ငန္းစဥ္ ထုတ္ျပန္
====================
အမ်ားျပည္သူတို႔ လက္ရွိအသုံးျပဳေနေသာ မိုဘိုင္းလက္ကိုင္ဖုန္း (Handset) မ်ားကို အခြန္ေပးေဆာင္ရန္မလိုဘဲ CEIR စနစ္ရွိ ခြင့္ျပဳစာရင္း (Whitelist) တြင္ ပါရွိႏိုင္ေရးအတြက္ ၂၀၂၆ ခုႏွစ္၊ မတ္လ ၃၁ ရက္ ေန႔ ေနာက္ဆုံးထားၿပီး မိုဘိုင္းလက္ကိုင္ဖုန္း (Handset) ၏ SIM Slot အားလုံးတြင္ SIM Card (MPT ၊ ATOM U9 ၊ Mytel) မ်ား ထည့္သြင္း၍ ဖြင့္လွစ္အသုံးျပဳထားရန္ အသိေပးေၾကညာထားရွိၿပီးျဖစ္သည္။

1SIM + eSIM ထည့္သြင္းအသုံးျပဳႏိုင္သည့္ မိုဘိုင္းလက္ကိုင္ဖုန္း (Handset) ႏွင့္ SIM1, SIM2 + eSIM ထည့္သြင္းအသုံးျပဳႏိုင္သည့္ မိုဘိုင္းလက္ကိုင္ဖုန္း(Handset) မ်ားရွိ SIM Slot မ်ားတြင္ ၂၀၂၆ ခုႏွစ္၊ မတ္လ ၃၁ ရက္ေန႔မတိုင္မီ အနည္းဆုံး SIM Card တစ္ခု ထည့္သြင္းအသုံးျပဳထားၿပီးျဖစ္ပါက ၎ Handset မ်ားသည္ ခြင့္ျပဳစာရင္း (Whitelist) တြင္ စာရင္းထည့္သြင္းၿပီး ျဖစ္သည္။

၂၀၂၆ ခုႏွစ္၊ မတ္လ ၃၁ ရက္ေန႔ ေနာက္ပိုင္းတြင္ အဆိုပါခြင့္ျပဳစာရင္း (Whitelist) ဝင္ Handset မ်ား၏ က်န္ SIM Slot မ်ား၌ Physical SIM Card (သို႔မဟုတ္) eSIM ထပ္မံထည့္သြင္း အသုံးျပဳပါက IMEI Code သည္ Unpaid အျဖစ္ ေဖာ္ျပေနမည္ျဖစ္ၿပီး အခြန္ေပးေဆာင္ရန္ ေတာင္းဆိုသည့္အခ်က္အလက္မ်ား ေဖာ္ျပမည္ျဖစ္ေသာ္လည္း ၎ Handset မ်ားအတြက္ အခြန္ေပးေဆာင္ရန္ လိုအပ္မည္မဟုတ္ေပ။

ထိုသို႔ ခြင့္ျပဳစာရင္း (Whitelist) ဝင္ ဖုန္းမ်ားတြင္ IMEI Code တစ္ခုသည္ Paid ျဖစ္ေနေသာ္လည္း အျခား IMEI Code တစ္ခုသည္ Unpaid ျဖစ္ေနျခင္း (သို႔မဟုတ္) eSIM ထည့္သြင္းအသုံးျပဳခ်ိန္ IMEI Code သည္ Unpaid ျဖစ္ေနျခင္းတို႔အတြက္ CEIR စနစ္၏ အင္တာနက္စာမ်က္ႏွာျဖစ္ေသာ https://ceir.gov.mm တြင္ Check Status ကိုႏွိပ္၍ အဆင့္ဆင့္ဝင္ေရာက္ၿပီး အဆိုပါ Unpaid ျဖစ္ေနသည့္ IMEI Code ႏွင့္ လိုအပ္သည့္အခ်က္အလက္မ်ား ထည့္သြင္းေပးပို႔ပါက CEIR စနစ္မွ ယင္း IMEI Code အား Paid အျဖစ္ အလိုအေလ်ာက္သတ္မွတ္ ေဆာင္႐ြက္ေပးသြားမည္ ျဖစ္သည္။

အေသးစိတ္သိရွိလိုပါက CEIR Call Center ၁၅၇၇ ႏွင့္ ၁၇၅၅ သို႔လည္းေကာင္း၊ ေတြ႕ဆုံေမးျမန္း လိုပါက CEIR စနစ္ပိုင္းဆိုင္ရာ ျပည္သူ႔ဝန္ေဆာင္မႈအဖြဲ႕ (CEIR One Stop Service – OSS) (အေကာက္ခြန္ဦးစီးဌာန၊ အမွတ္ ၁၃၂၊ ကမ္းနားလမ္း၊ ေက်ာက္တံတားၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕) ႏွင့္ (အလယ္အလတ္အခြန္ထမ္း မ်ားဆိုင္ရာအခြန္႐ုံး – ၅၊ လမ္း ၆၀၊ ၁၀၁ (A) လမ္းႏွင့္ ၁၀၂ လမ္းၾကား၊ ၿမိဳ႕သစ္ (၁) ရပ္ကြက္၊ ခ်မ္းျမသာစည္ ၿမိဳ႕နယ္၊ မႏၲေလးၿမိဳ႕) တို႔သို႔လည္းေကာင္း ႐ုံးခ်ိန္အတြင္း ဆက္သြယ္ေမးျမန္းႏိုင္ပါေၾကာင္း CEIR ႏွင့္ EIR စနစ္ စီမံကိန္းစီမံခန႔္ခြဲမႈလုပ္ငန္းအဖြဲ႕မွ အသိေပးေၾကညာထားသည္။


ခွင့်ပြုစာရင်းဝင် မိုဘိုင်းဖုန်း (Handset) များအတွက် အခွန်ပေးဆောင်ရန်မလိုအပ်ကြောင်းနှင့် IMEI Paid ပြုလုပ်နိုင်ရေးလုပ်ငန်းစဉ် ထုတ်ပြန်
====================
အများပြည်သူတို့ လက်ရှိအသုံးပြုနေသော မိုဘိုင်းလက်ကိုင်ဖုန်း (Handset) များကို အခွန်ပေးဆောင်ရန်မလိုဘဲ CEIR စနစ်ရှိ ခွင့်ပြုစာရင်း (Whitelist) တွင် ပါရှိနိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက် နေ့ နောက်ဆုံးထားပြီး မိုဘိုင်းလက်ကိုင်ဖုန်း (Handset) ၏ SIM Slot အားလုံးတွင် SIM Card (MPT ၊ ATOM U9 ၊ Mytel) များ ထည့်သွင်း၍ ဖွင့်လှစ်အသုံးပြုထားရန် အသိပေးကြေညာထားရှိပြီးဖြစ်သည်။

1SIM + eSIM ထည့်သွင်းအသုံးပြုနိုင်သည့် မိုဘိုင်းလက်ကိုင်ဖုန်း (Handset) နှင့် SIM1, SIM2 + eSIM ထည့်သွင်းအသုံးပြုနိုင်သည့် မိုဘိုင်းလက်ကိုင်ဖုန်း(Handset) များရှိ SIM Slot များတွင် ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မတိုင်မီ အနည်းဆုံး SIM Card တစ်ခု ထည့်သွင်းအသုံးပြုထားပြီးဖြစ်ပါက ၎င်း Handset များသည် ခွင့်ပြုစာရင်း (Whitelist) တွင် စာရင်းထည့်သွင်းပြီး ဖြစ်သည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ နောက်ပိုင်းတွင် အဆိုပါခွင့်ပြုစာရင်း (Whitelist) ဝင် Handset များ၏ ကျန် SIM Slot များ၌ Physical SIM Card (သို့မဟုတ်) eSIM ထပ်မံထည့်သွင်း အသုံးပြုပါက IMEI Code သည် Unpaid အဖြစ် ဖော်ပြနေမည်ဖြစ်ပြီး အခွန်ပေးဆောင်ရန် တောင်းဆိုသည့်အချက်အလက်များ ဖော်ပြမည်ဖြစ်သော်လည်း ၎င်း Handset များအတွက် အခွန်ပေးဆောင်ရန် လိုအပ်မည်မဟုတ်ပေ။

ထိုသို့ ခွင့်ပြုစာရင်း (Whitelist) ဝင် ဖုန်းများတွင် IMEI Code တစ်ခုသည် Paid ဖြစ်နေသော်လည်း အခြား IMEI Code တစ်ခုသည် Unpaid ဖြစ်နေခြင်း (သို့မဟုတ်) eSIM ထည့်သွင်းအသုံးပြုချိန် IMEI Code သည် Unpaid ဖြစ်နေခြင်းတို့အတွက် CEIR စနစ်၏ အင်တာနက်စာမျက်နှာဖြစ်သော https://ceir.gov.mm တွင် Check Status ကိုနှိပ်၍ အဆင့်ဆင့်ဝင်ရောက်ပြီး အဆိုပါ Unpaid ဖြစ်နေသည့် IMEI Code နှင့် လိုအပ်သည့်အချက်အလက်များ ထည့်သွင်းပေးပို့ပါက CEIR စနစ်မှ ယင်း IMEI Code အား Paid အဖြစ် အလိုအလျောက်သတ်မှတ် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

အသေးစိတ်သိရှိလိုပါက CEIR Call Center ၁၅၇၇ နှင့် ၁၇၅၅ သို့လည်းကောင်း၊ တွေ့ဆုံမေးမြန်း လိုပါက CEIR စနစ်ပိုင်းဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှုအဖွဲ့ (CEIR One Stop Service – OSS) (အကောက်ခွန်ဦးစီးဌာန၊ အမှတ် ၁၃၂၊ ကမ်းနားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့) နှင့် (အလယ်အလတ်အခွန်ထမ်း များဆိုင်ရာအခွန်ရုံး – ၅၊ လမ်း ၆၀၊ ၁၀၁ (A) လမ်းနှင့် ၁၀၂ လမ်းကြား၊ မြို့သစ် (၁) ရပ်ကွက်၊ ချမ်းမြသာစည် မြို့နယ်၊ မန္တလေးမြို့) တို့သို့လည်းကောင်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း CEIR နှင့် EIR စနစ် စီမံကိန်းစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့မှ အသိပေးကြေညာထားသည်။