အစၥေရးေျမာက္ပိုင္း ဟိုင္ဖာရွိ ေရနံခ်က္စက္႐ုံ ဒုံးက်ည္ျဖင့္ အတိုက္ခံရ၊ အီရန္ႏွင့္ ဟစ္ဇ္ဘိုလာတို႔၏ လက္ ခ်က္ဟု ယူဆရ

အစၥေရးေျမာက္ပိုင္း ဟိုင္ဖာရွိ ေရနံခ်က္စက္႐ုံ ဒုံးက်ည္ျဖင့္ အတိုက္ခံရ၊ အီရန္ႏွင့္ ဟစ္ဇ္ဘိုလာတို႔၏ လက္ ခ်က္ဟု ယူဆရ
=======================
မတ္ ၃၁

အစၥေရးေျမာက္ပိုင္း၊ ဟိုင္ဖာ (Haifa) ၿမိဳ႕ရွိ ဘန္ဇန္ (Bazan)ေရနံခ်က္စက္႐ုံသည္ အီရန္ႏွင့္ လီဘႏြန္ဘက္မွ ပစ္ခတ္လိုက္ေသာ ဒုံးက်ည္မိုး႐ြာသြန္းမႈအတြင္း ထိမွန္ခဲ့ေၾကာင္း အစၥေရးမီဒီယာမ်ားက ေဖာ္ျပသည္။ ဤသည္မွာ ၿပီးခဲ့သည့္လက အေမရိကန္-အစၥေရးႏွင့္ အီရန္တို႔အၾကား စစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း အဆိုပါစက္႐ုံ ဒုတိယအႀကိမ္ေျမာက္ တိုက္ခိုက္ခံရျခင္းျဖစ္ သည္။

တနလၤာေန႔တြင္ ျဖစ္ပြားခဲ့ေသာ အဆိုပါတိုက္ခိုက္မႈေၾကာင့္ စက္႐ုံအတြင္း မီးေလာင္ကြၽမ္းခဲ့ၿပီး ေကာင္း ကင္ယံတြင္ မည္းေမွာင္ေနေသာ မီးခိုးလုံးႀကီးမ်ားကို အေဝးမွပင္ ျမင္ေတြ႕ခဲ့ရသည္။ ယင္းတိုက္ခိုက္မႈသည္ ဒုံးက်ည္တိုက္႐ိုက္ထိမွန္ျခင္းေလာ သို႔မဟုတ္ ဒုံးခြဲ ဖ်က္စနစ္ေၾကာင့္ ပ်က္က်လာေသာ အပိုင္းအစမ်ားေၾကာင့္ေလာ ဆိုသည္ကိုမူ ခ်က္ခ်င္း အတည္မျပဳႏိုင္ေသးေပ။

မီးသတ္တပ္ဖြဲ႕မႉး အီတန္ ရီဖာ (Eitan Rifa) က “အေျခအေနကို အျပည့္အဝ ထိန္းခ်ဳပ္ႏိုင္ပါၿပီ။ ထိခိုက္ဒဏ္ရာရသူမရွိသလို၊ အႏၲရာယ္ရွိတဲ့ ဓာတု ပစၥည္းေတြ ယိုစိမ့္မႈနဲ႔ ျပည္သူလူထုအတြက္ စိုးရိမ္ရတဲ့အေျခအေန မရွိပါဘူး” ဟု ေျပာၾကားခဲ့သည္။

စက္႐ုံကို လည္ပတ္ေနသည့္ Bazan Group ကလည္း ဒုံးက်ည္သည္ ေရနံခ်က္ကန္ (Distillates tank)၏ အမိုးကို ထိမွန္ခဲ့ျခင္းျဖစ္ၿပီး လူအေသအေပ်ာက္မရွိေၾကာင္း အတည္ျပဳခဲ့သည္။

အီရန္ႏွင့္ ၎၏မဟာမိတ္ ဟစ္ဇ္ဘိုလာအဖြဲ႕တို႔ သည္ အေရွ႕အလယ္ပိုင္းေဒသတစ္ဝွမ္းရွိ အေမရိကန္ႏွင့္ အစၥေရးပစ္မွတ္မ်ားကို ဒုံးက်ည္ႏွင့္ ဒ႐ုန္းမ်ားျဖင့္ ေတာက္ေလွ်ာက္ တိုက္ခိုက္လ်က္ရွိသည္။ အလားတူ အစၥေရးစစ္တပ္သည္ အီရန္ကို တိုက္ခိုက္ေန႐ုံသာမက လီဘႏြန္တစ္ႏိုင္ငံလုံးကိုလည္း ေလေၾကာင္းမွ တိုက္ ခိုက္ေနၿပီး ေျမျပင္က်ဴးေက်ာ္စစ္ကိုပါ တိုးခ်ဲ႕လုပ္ ေဆာင္ေနသည္။

အျပန္အလွန္ တိုက္ခိုက္မႈမ်ား ျပင္းထန္လာျခင္းေၾကာင့္ လီဘႏြန္ႏိုင္ငံတြင္ စစ္ေဘးေရွာင္ျပည္သူ ၁.၂ သန္းေက်ာ္ အထိ ရွိလာခဲ့ၿပီး ေဘ႐ြတ္ၿမိဳ႕ေတာ္အထိ အစၥေရး၏ ေလ ေၾကာင္းတိုက္ခိုက္မႈမ်ား ေရာက္ရွိေနသည္။ အေမရိကန္-အစၥေရးႏွင့္ အီရန္တို႔၏ စစ္ပြဲသည္ ယခုအခါ ၅ ပတ္ေျမာက္သို႔ ေရာက္ရွိလာၿပီျဖစ္ေသာ္လည္း ႏိုင္ငံတကာ ၏ စိုးရိမ္ပူပန္မႈမ်ားႏွင့္ သံတမန္ေရးရာ ႀကိဳးပမ္းမႈမ်ားၾကားမွ စစ္ရွိန္မွာ ေလ်ာ့ က်သြားမည့္လကၡဏာ မရွိေသးေပ။


အစ္စရေးမြောက်ပိုင်း ဟိုင်ဖာရှိ ရေနံချက်စက်ရုံ ဒုံးကျည်ဖြင့် အတိုက်ခံရ၊ အီရန်နှင့် ဟစ်ဇ်ဘိုလာတို့၏ လက် ချက်ဟု ယူဆရ
=======================
မတ် ၃၁

အစ္စရေးမြောက်ပိုင်း၊ ဟိုင်ဖာ (Haifa) မြို့ရှိ ဘန်ဇန် (Bazan)ရေနံချက်စက်ရုံသည် အီရန်နှင့် လီဘနွန်ဘက်မှ ပစ်ခတ်လိုက်သော ဒုံးကျည်မိုးရွာသွန်းမှုအတွင်း ထိမှန်ခဲ့ကြောင်း အစ္စရေးမီဒီယာများက ဖော်ပြသည်။ ဤသည်မှာ ပြီးခဲ့သည့်လက အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အဆိုပါစက်ရုံ ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခံရခြင်းဖြစ် သည်။

တနင်္လာနေ့တွင် ဖြစ်ပွားခဲ့သော အဆိုပါတိုက်ခိုက်မှုကြောင့် စက်ရုံအတွင်း မီးလောင်ကျွမ်းခဲ့ပြီး ကောင်း ကင်ယံတွင် မည်းမှောင်နေသော မီးခိုးလုံးကြီးများကို အဝေးမှပင် မြင်တွေ့ခဲ့ရသည်။ ယင်းတိုက်ခိုက်မှုသည် ဒုံးကျည်တိုက်ရိုက်ထိမှန်ခြင်းလော သို့မဟုတ် ဒုံးခွဲ ဖျက်စနစ်ကြောင့် ပျက်ကျလာသော အပိုင်းအစများကြောင့်လော ဆိုသည်ကိုမူ ချက်ချင်း အတည်မပြုနိုင်သေးပေ။

မီးသတ်တပ်ဖွဲ့မှူး အီတန် ရီဖာ (Eitan Rifa) က “အခြေအနေကို အပြည့်အဝ ထိန်းချုပ်နိုင်ပါပြီ။ ထိခိုက်ဒဏ်ရာရသူမရှိသလို၊ အန္တရာယ်ရှိတဲ့ ဓာတု ပစ္စည်းတွေ ယိုစိမ့်မှုနဲ့ ပြည်သူလူထုအတွက် စိုးရိမ်ရတဲ့အခြေအနေ မရှိပါဘူး” ဟု ပြောကြားခဲ့သည်။

စက်ရုံကို လည်ပတ်နေသည့် Bazan Group ကလည်း ဒုံးကျည်သည် ရေနံချက်ကန် (Distillates tank)၏ အမိုးကို ထိမှန်ခဲ့ခြင်းဖြစ်ပြီး လူအသေအပျောက်မရှိကြောင်း အတည်ပြုခဲ့သည်။

အီရန်နှင့် ၎င်း၏မဟာမိတ် ဟစ်ဇ်ဘိုလာအဖွဲ့တို့ သည် အရှေ့အလယ်ပိုင်းဒေသတစ်ဝှမ်းရှိ အမေရိကန်နှင့် အစ္စရေးပစ်မှတ်များကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် တောက်လျှောက် တိုက်ခိုက်လျက်ရှိသည်။ အလားတူ အစ္စရေးစစ်တပ်သည် အီရန်ကို တိုက်ခိုက်နေရုံသာမက လီဘနွန်တစ်နိုင်ငံလုံးကိုလည်း လေကြောင်းမှ တိုက် ခိုက်နေပြီး မြေပြင်ကျူးကျော်စစ်ကိုပါ တိုးချဲ့လုပ် ဆောင်နေသည်။

အပြန်အလှန် တိုက်ခိုက်မှုများ ပြင်းထန်လာခြင်းကြောင့် လီဘနွန်နိုင်ငံတွင် စစ်ဘေးရှောင်ပြည်သူ ၁.၂ သန်းကျော် အထိ ရှိလာခဲ့ပြီး ဘေရွတ်မြို့တော်အထိ အစ္စရေး၏ လေ ကြောင်းတိုက်ခိုက်မှုများ ရောက်ရှိနေသည်။ အမေရိကန်-အစ္စရေးနှင့် အီရန်တို့၏ စစ်ပွဲသည် ယခုအခါ ၅ ပတ်မြောက်သို့ ရောက်ရှိလာပြီဖြစ်သော်လည်း နိုင်ငံတကာ ၏ စိုးရိမ်ပူပန်မှုများနှင့် သံတမန်ရေးရာ ကြိုးပမ်းမှုများကြားမှ စစ်ရှိန်မှာ လျော့ ကျသွားမည့်လက္ခဏာ မရှိသေးပေ။