သၾကၤန္ကာလအတြင္း YBS ယာဥ္စီးခမတက္—ယာဥ္အစီးေရ ၁၀၀၀ ေက်ာ္ျဖင့္ ဆက္လက္ေျပးဆြဲမည္

သၾကၤန္ကာလအတြင္း YBS ယာဥ္စီးခမတက္—ယာဥ္အစီးေရ ၁၀၀၀ ေက်ာ္ျဖင့္ ဆက္လက္ေျပးဆြဲမည္
=============================
လာမည့္ သၾကၤန္ပြဲေတာ္ကာလအတြင္း ရန္ကုန္ၿမိဳ႕ရွိ YBS ယာဥ္မ်ားကို ယာဥ္စီးခႏႈန္းမေျပာင္းလဲဘဲ ပုံမွန္အတိုင္း ဆက္လက္ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိကသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီ (YRTC) မွ ထုတ္ျပန္ေၾကညာထားသည္။
YRTC တြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မာန္က သၾကၤန္ကာလအတြင္း ျပည္သူမ်ား သြားလာေရးအဆင္ေျပေစရန္ YBS ယာဥ္မ်ားကို ပုံမွန္ေျပးဆြဲေပးသြားမည္ျဖစ္ၿပီး ယာဥ္စီးခႏႈန္းမ်ားကိုလည္း မူလႏႈန္းထားအတိုင္း ဆက္လက္ထားရွိသြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ ယာဥ္အႏၲရာယ္ကင္းရွင္းေရးအတြက္ လုံၿခဳံေရးႏွင့္ စည္းကမ္းထိန္းသိမ္းေရးလုပ္ငန္းမ်ားကိုလည္း တိုးျမႇင့္ႀကီးၾကပ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
သၾကၤန္ပြဲေတာ္ကာလျဖစ္သည့္ ဧၿပီ ၁၃ ရက္မွ ၁၆ ရက္အတြင္း YBS ယာဥ္လိုင္းကုမၸဏီ ၁၅ ခုမွ ယာဥ္လိုင္း ၇၁ လိုင္းျဖင့္ ယာဥ္အစီးေရ ၁၀၀၀ ေက်ာ္ ေျပးဆြဲေပးသြားမည္ျဖစ္ၿပီး ျပည္သူမ်ား၏ သြားလာေရးလိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးႏိုင္ရန္ စီစဥ္ထားေၾကာင္း သိရသည္။
လက္ရွိတြင္ ရန္ကုန္ၿမိဳ႕အတြင္း YRTC ၏ ႀကီးၾကပ္မႈေအာက္တြင္ YBS ယာဥ္လိုင္းကုမၸဏီ ၂၁ ခု၊ ယာဥ္လိုင္း ၁၄၁ လိုင္း၊ ယာဥ္အစီးေရစုစုေပါင္း ၅၄၆၂ စီးရွိၿပီး ေန႔စဥ္ ယာဥ္အစီးေရ ၃၅၀၀ ခန႔္ျဖင့္ ယာဥ္လိုင္း ၁၃၂ လိုင္းမွ ခရီးသည္ ၁ ဒသမ ၅ သန္းေက်ာ္ကို သယ္ယူပို႔ေဆာင္ေပးလ်က္ရွိေၾကာင္း သိရသည္။
သင်္ကြန်ကာလအတွင်း YBS ယာဉ်စီးခမတက်—ယာဉ်အစီးရေ ၁၀၀၀ ကျော်ဖြင့် ဆက်လက်ပြေးဆွဲမည်
=============================
လာမည့် သင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်မြို့ရှိ YBS ယာဉ်များကို ယာဉ်စီးခနှုန်းမပြောင်းလဲဘဲ ပုံမှန်အတိုင်း ဆက်လက်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ ထုတ်ပြန်ကြေညာထားသည်။
YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က သင်္ကြန်ကာလအတွင်း ပြည်သူများ သွားလာရေးအဆင်ပြေစေရန် YBS ယာဉ်များကို ပုံမှန်ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ယာဉ်စီးခနှုန်းများကိုလည်း မူလနှုန်းထားအတိုင်း ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း တိုးမြှင့်ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သင်္ကြန်ပွဲတော်ကာလဖြစ်သည့် ဧပြီ ၁၃ ရက်မှ ၁၆ ရက်အတွင်း YBS ယာဉ်လိုင်းကုမ္ပဏီ ၁၅ ခုမှ ယာဉ်လိုင်း ၇၁ လိုင်းဖြင့် ယာဉ်အစီးရေ ၁၀၀၀ ကျော် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ပြည်သူများ၏ သွားလာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့အတွင်း YRTC ၏ ကြီးကြပ်မှုအောက်တွင် YBS ယာဉ်လိုင်းကုမ္ပဏီ ၂၁ ခု၊ ယာဉ်လိုင်း ၁၄၁ လိုင်း၊ ယာဉ်အစီးရေစုစုပေါင်း ၅၄၆၂ စီးရှိပြီး နေ့စဉ် ယာဉ်အစီးရေ ၃၅၀၀ ခန့်ဖြင့် ယာဉ်လိုင်း ၁၃၂ လိုင်းမှ ခရီးသည် ၁ ဒသမ ၅ သန်းကျော်ကို သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။




