တိုက္စစ္မႉး ဂရီးဇ္မန္းႏွင့္ ေအာ္လန္ဒိုစီးတီး ၂ ႏွစ္ စာခ်ဳပ္ဖြယ္ရွိ

တိုက္စစ္မႉး ဂရီးဇ္မန္းႏွင့္ ေအာ္လန္ဒိုစီးတီး ၂ ႏွစ္ စာခ်ဳပ္ဖြယ္ရွိ
=====================
အက္သလက္တီကိုအသင္းရဲ႕ ျပင္သစ္တိုက္စစ္မႉး ဂရီးဇ္မန္းဟာ ေမဂ်ာလိဂ္ကလပ္ ေအာ္လန္ဒိုစီးတီးနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုဖိုအတြက္ အခုတစ္ပတ္အတြင္း အေမရိကန္ကို သြားမယ္လို႔ သိရပါတယ္။

ဂရီးဇ္မန္း(၃၅ ႏွစ္)ဟာ ရာသီကုန္မွာ အက္သလက္တီကိုအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္တာေၾကာင့္ ေအာ္လန္ဒိုစီးတီးအသင္းက ေျပာင္းေ႐ႊ႕ေၾကးအလြတ္နဲ႔ ေခၚယူႏိုင္မွာပါ။

ဂရီးဇ္မန္းက ၿပီးခဲ့တဲ့လမွာကတည္းက ေအာ္လန္ဒိုအသင္းကို ေျပာင္းေ႐ႊ႕ဖို စဥ္းစားခဲ့ေပမဲ့ အက္သလက္တီကိုအသင္းနဲ႔အတူ စပိန္ဘုရင့္ဖလားဗိုလ္လုပြဲ ယွဥ္ၿပိဳင္ကစားလိုတာေၾကာင့္ ရာသီကုန္မွ ေျပာင္းေ႐ႊ႕ဖို ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

မီဒီယာေတြကေတာ့ လက္ရွိအခ်ိန္မွာ ဂရီးဇ္မန္းနဲ႔ ေအာ္လန္ဒိုစီးတီးအသင္းတို ႏႈတ္အားျဖင့္ သေဘာတူညီမႈရရွိထားၿပီျဖစ္ေၾကာင္း၊ (၂)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုမွာျဖစ္ၿပီး တစ္ႏွစ္ထပ္မံသက္တမ္းတိုးႏိုင္မယ့္ သေဘာတူညီမႈလည္း ပါဝင္မွာျဖစ္ေၾကာင္း၊ ဂရီးဇ္မန္းအေနနဲ႔ ေက်ာနံပါတ္(၇)ကိုပဲ ဝတ္ဆင္ကစားသြားရမွာျဖစ္ေၾကာင္း ေဖာ္ျပခဲ့ၾကပါတယ္။

အက္သလက္တီကိုအသင္းကလည္း အေျပာင္းအေ႐ႊ႕လုပ္ေဆာင္ဖို ခြင့္ျပဳခ်က္ေပးခဲ့တာေၾကာင့္ ဂရီးဇ္မန္းက အခု ႏိုင္ငံတကာရက္သတၱမွာ အေမရိကန္ကို ခရီးထြက္မွာျဖစ္ေၾကာင္း သိရပါတယ္။


တိုက်စစ်မှူး ဂရီးဇ်မန်းနှင့် အော်လန်ဒိုစီးတီး ၂ နှစ် စာချုပ်ဖွယ်ရှိ
=====================
အက်သလက်တီကိုအသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ဂရီးဇ်မန်းဟာ မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီးနဲ့ စာချုပ်ချုပ်ဆိုဖိုအတွက် အခုတစ်ပတ်အတွင်း အမေရိကန်ကို သွားမယ်လို့ သိရပါတယ်။

ဂရီးဇ်မန်း(၃၅ နှစ်)ဟာ ရာသီကုန်မှာ အက်သလက်တီကိုအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့် အော်လန်ဒိုစီးတီးအသင်းက ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်မှာပါ။

ဂရီးဇ်မန်းက ပြီးခဲ့တဲ့လမှာကတည်းက အော်လန်ဒိုအသင်းကို ပြောင်းရွှေ့ဖို စဉ်းစားခဲ့ပေမဲ့ အက်သလက်တီကိုအသင်းနဲ့အတူ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားလိုတာကြောင့် ရာသီကုန်မှ ပြောင်းရွှေ့ဖို ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

မီဒီယာတွေကတော့ လက်ရှိအချိန်မှာ ဂရီးဇ်မန်းနဲ့ အော်လန်ဒိုစီးတီးအသင်းတို နှုတ်အားဖြင့် သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း၊ (၂)နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်မယ့် သဘောတူညီမှုလည်း ပါဝင်မှာဖြစ်ကြောင်း၊ ဂရီးဇ်မန်းအနေနဲ့ ကျောနံပါတ်(၇)ကိုပဲ ဝတ်ဆင်ကစားသွားရမှာဖြစ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။

အက်သလက်တီကိုအသင်းကလည်း အပြောင်းအရွှေ့လုပ်ဆောင်ဖို ခွင့်ပြုချက်ပေးခဲ့တာကြောင့် ဂရီးဇ်မန်းက အခု နိုင်ငံတကာရက်သတ္တမှာ အမေရိကန်ကို ခရီးထွက်မှာဖြစ်ကြောင်း သိရပါတယ်။