FIFA ဥကၠ႒က ရွမ္းယူႏိုက္တက္အသင္းအား ဂုဏ္ျပဳစကားေျပာ

FIFA ဥကၠ႒က ရွမ္းယူႏိုက္တက္အသင္းအား ဂုဏ္ျပဳစကားေျပာ
======================
ရွမ္းယူႏိုက္တက္အသင္းသည္ အာရွေဒသတြင္း ကလပ္အ သင္းမ်ားအတြက္ စံနမူနာျပအသင္း တစ္သင္းျဖစ္ေၾကာင္း ကမာၻ႔ေဘာလုံးအဖြဲခ်ဳပ္(FIFA)ဥကၠ႒က ဂုဏ္ျပဳစကား ေျပာၾကားခဲ့ေၾကာင္း သိရသည္။
သမိုင္းဝင္ ေအာင္ျမင္မႈကို အသိအမွတ္ျပဳ ခ်ီးျမႇင့္ေပးသည့္အတြက္ FIFA ဥကၠ႒ကို အထူးေက်းဇူးတင္ရွိေၾကာင္း ရွမ္းယူႏိုက္တက္အသင္းက မတ္လ (၂၂) ရက္တြင္ အသိေပးထားသည္။
ရွမ္းယူႏိုက္တက္အသင္း၏ ေအာင္ျမင္မႈသည္ တစိုက္မတ္ မတ္ ႀကိဳးစားမႈကို သက္ေသျပေနျခင္းျဖစ္သလို ကစားသ မားမ်ားႏွင့္ နည္းျပမ်ား၏ ထူးခြၽန္မႈကို အသိအမွတ္ျပဳခံရျခင္းျဖစ္သည္ဟု မွတ္ယူေၾကာင္းလည္း အသင္းက ဆိုထား သည္။
ရွမ္းယူႏိုက္တက္အသင္းသည္ ျမန္မာေနရွင္နယ္လိဂ္သမိုင္းတေလွ်ာက္ (၆)ရာသီဆက္တိုက္ ခ်န္ပီယံျဖစ္ခဲ့သလို ပြဲေပါ င္း (၁၀၀) ဆက္တိုက္ ရႈးပြဲမရွိ စံခ်ိန္ခ်ိဳးႏိုင္ခဲ့သည့္ အသင္းလည္းျဖစ္သည္။
FIFA ဥက္ကဋ္ဌက ရှမ်းယူနိုက်တက်အသင်းအား ဂုဏ်ပြုစကားပြော
======================
ရှမ်းယူနိုက်တက်အသင်းသည် အာရှဒေသတွင်း ကလပ်အ သင်းများအတွက် စံနမူနာပြအသင်း တစ်သင်းဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲချုပ်(FIFA)ဥက္ကဋ္ဌက ဂုဏ်ပြုစကား ပြောကြားခဲ့ကြောင်း သိရသည်။
သမိုင်းဝင် အောင်မြင်မှုကို အသိအမှတ်ပြု ချီးမြှင့်ပေးသည့်အတွက် FIFA ဥက္ကဋ္ဌကို အထူးကျေးဇူးတင်ရှိကြောင်း ရှမ်းယူနိုက်တက်အသင်းက မတ်လ (၂၂) ရက်တွင် အသိပေးထားသည်။
ရှမ်းယူနိုက်တက်အသင်း၏ အောင်မြင်မှုသည် တစိုက်မတ် မတ် ကြိုးစားမှုကို သက်သေပြနေခြင်းဖြစ်သလို ကစားသ မားများနှင့် နည်းပြများ၏ ထူးချွန်မှုကို အသိအမှတ်ပြုခံရခြင်းဖြစ်သည်ဟု မှတ်ယူကြောင်းလည်း အသင်းက ဆိုထား သည်။
ရှမ်းယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်သမိုင်းတလျှောက် (၆)ရာသီဆက်တိုက် ချန်ပီယံဖြစ်ခဲ့သလို ပွဲပေါ င်း (၁၀၀) ဆက်တိုက် ရှုးပွဲမရှိ စံချိန်ချိုးနိုင်ခဲ့သည့် အသင်းလည်းဖြစ်သည်။




