၂၀၂၆ အာရွသဲေသာင္ျပင္ၿပိဳင္ပြဲတြင္ ျမန္မာတက္ဂ္ေဘာအားကစားအဖြဲ႕ ဝင္ေရာက္ယွဥ္ၿပိဳင္မည္

၂၀၂၆ အာရွသဲေသာင္ျပင္ၿပိဳင္ပြဲတြင္ ျမန္မာတက္ဂ္ေဘာအားကစားအဖြဲ႕ ဝင္ေရာက္ယွဥ္ၿပိဳင္မည္
==============================
တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ Sanya ၿမိဳ႕၌ ၂၀၂၆ ခုႏွစ္ ဧၿပီလ ၂၂ ရက္မွ ၃၀ ရက္အထိက်င္းပမည့္ ၂၀၂၆ အာရွသဲေသာင္ျပင္ၿပိဳင္ပြဲတြင္ ျမန္မာတက္ဂ္ေဘာ အားကစားအဖြဲ႕ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ ျဖစ္ေၾကာင္း သိရသည္။
ယင္းၿပိဳင္ပြဲသည္ သဲေသာင္ျပင္တြင္ကစားရမည္ျဖစ္၍ သဲေသာင္ျပင္ႏွင့္ကစားသမားမ်ား အသားက်ေစရန္ ျမန္မာႏိုင္ငံတက္ဂ္ေဘာ အဖြဲ႕ခ်ဳပ္မွ သဲကြင္းအသစ္ေဖာ္ေဆာင္ေပးထားၿပီး ေလ့က်င့္မႈမ်ား ေဆာင္႐ြက္လ်က္ရွိသည္။
“သဲကြင္းမရွိခင္ကတည္းက ဖိနပ္မပါဘဲေျခေျပာင္နဲ႔ ေလ့က်င့္ခဲ့ပါတယ္။ အခုဆို ျမန္မာႏိုင္ငံတက္ဂ္ေဘာအဖြဲ႕ခ်ဳပ္က သဲကြင္းအသစ္ေဖာ္ေဆာင္ေပးထားပါတယ္။ သဲကြင္းေရာက္ေတာ့လည္း မနက္နဲ႔ညႏွစ္ႀကိမ္ခြဲေလ့က်င့္ေနၾကပါတယ္။ သဲကြင္းမွာက်ေတာ့ သဲကို႐ုန္းရတာတို႔၊ ေလတိုက္တာတို႔ရွိတဲ့အတြက္ ပိုပင္ပန္းပါတယ္။ ဒီၿပိဳင္ပြဲမွာ အေကာင္းဆုံးျဖစ္ေအာင္ကစားသြားမွာပါ။ ဆီးဂိမ္းမွာရရွိခဲ့တဲ့ဆုတံဆိပ္ေတြကို ဆက္လက္ထိန္းသိမ္းၿပီး ႏိုင္ငံအတြက္အာရွအဆင့္ ဆုတံဆိပ္ေတြရရွိေအာင္ အမ်ားႀကီး ပိုႀကိဳးစားေနပါတယ္”ဟု လက္ေ႐ြးစင္ကစားသမားတစ္ဦးကေျပာသည္။
အဆိုပါ အာရွသဲေသာင္ျပင္ၿပိဳင္ပြဲတြင္ ျမန္မာ့လက္ေ႐ြးစင္တက္ဂ္ေဘာအသင္းအေနျဖင့္ အမ်ိဳးသားႏွစ္ေယာက္တြဲၿပိဳင္ပြဲ၊ အမ်ိဳးသမီးႏွစ္ေယာက္တြဲၿပိဳင္ပြဲႏွင့္ အမ်ိဳးသား+အမ်ိဳးသမီးႏွစ္ေယာက္တြဲၿပိဳင္ပြဲမ်ား ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည္ျဖစ္သည္။
ၿပိဳင္ပြဲသုံးမ်ိဳးအတြက္ ကစားသမားေျခာက္ဦးေ႐ြးခ်ယ္ထားၿပီး ယင္းကစားသမားမ်ားအား ျပည္တြင္းနည္းျပမ်ားအျပင္ ဆီးဂိမ္း ၿပိဳင္ပြဲတြင္ အတူလက္တြဲခဲ့သည့္ ထိုင္းနည္းျပကိုပါ ငွားရမ္းသင္ၾကားေပးလ်က္ရွိေၾကာင္း၊ အာရွၿပိဳင္ပြဲျဖစ္၍ အင္အားႀကီး ၿပိဳင္ဘက္အသင္းမ်ား ပါဝင္လာမည္ျဖစ္ရာ ဆုတံဆိပ္မ်ားရရွိေရး အစြမ္းကုန္ ႀကိဳးစားေလ့က်င့္လ်က္ရွိေၾကာင္း သိရသည္။ #MWD
၂၀၂၆ အာရှသဲသောင်ပြင်ပြိုင်ပွဲတွင် မြန်မာတက်ဂ်ဘောအားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည်
==============================
တရုတ်ပြည်သူ့သမ္မတနိုင်ငံ Sanya မြို့၌ ၂၀၂၆ ခုနှစ် ဧပြီလ ၂၂ ရက်မှ ၃၀ ရက်အထိကျင်းပမည့် ၂၀၂၆ အာရှသဲသောင်ပြင်ပြိုင်ပွဲတွင် မြန်မာတက်ဂ်ဘော အားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
ယင်းပြိုင်ပွဲသည် သဲသောင်ပြင်တွင်ကစားရမည်ဖြစ်၍ သဲသောင်ပြင်နှင့်ကစားသမားများ အသားကျစေရန် မြန်မာနိုင်ငံတက်ဂ်ဘော အဖွဲ့ချုပ်မှ သဲကွင်းအသစ်ဖော်ဆောင်ပေးထားပြီး လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိသည်။
“သဲကွင်းမရှိခင်ကတည်းက ဖိနပ်မပါဘဲခြေပြောင်နဲ့ လေ့ကျင့်ခဲ့ပါတယ်။ အခုဆို မြန်မာနိုင်ငံတက်ဂ်ဘောအဖွဲ့ချုပ်က သဲကွင်းအသစ်ဖော်ဆောင်ပေးထားပါတယ်။ သဲကွင်းရောက်တော့လည်း မနက်နဲ့ညနှစ်ကြိမ်ခွဲလေ့ကျင့်နေကြပါတယ်။ သဲကွင်းမှာကျတော့ သဲကိုရုန်းရတာတို့၊ လေတိုက်တာတို့ရှိတဲ့အတွက် ပိုပင်ပန်းပါတယ်။ ဒီပြိုင်ပွဲမှာ အကောင်းဆုံးဖြစ်အောင်ကစားသွားမှာပါ။ ဆီးဂိမ်းမှာရရှိခဲ့တဲ့ဆုတံဆိပ်တွေကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံအတွက်အာရှအဆင့် ဆုတံဆိပ်တွေရရှိအောင် အများကြီး ပိုကြိုးစားနေပါတယ်”ဟု လက်ရွေးစင်ကစားသမားတစ်ဦးကပြောသည်။
အဆိုပါ အာရှသဲသောင်ပြင်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်တက်ဂ်ဘောအသင်းအနေဖြင့် အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသား+အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ပြိုင်ပွဲသုံးမျိုးအတွက် ကစားသမားခြောက်ဦးရွေးချယ်ထားပြီး ယင်းကစားသမားများအား ပြည်တွင်းနည်းပြများအပြင် ဆီးဂိမ်း ပြိုင်ပွဲတွင် အတူလက်တွဲခဲ့သည့် ထိုင်းနည်းပြကိုပါ ငှားရမ်းသင်ကြားပေးလျက်ရှိကြောင်း၊ အာရှပြိုင်ပွဲဖြစ်၍ အင်အားကြီး ပြိုင်ဘက်အသင်းများ ပါဝင်လာမည်ဖြစ်ရာ ဆုတံဆိပ်များရရှိရေး အစွမ်းကုန် ကြိုးစားလေ့ကျင့်လျက်ရှိကြောင်း သိရသည်။ #MWD




