လက္နက္ခဲယမ္းမ်ားႏွင့္အတူ PDF အဖြဲ႕ဝင္ (၅၀၆) ဦး အလယ္ပိုင္း တိုင္းစစ္ဌာနခ်ဳပ္ထံ အလင္းဝင္လာခဲ့

လက္နက္ခဲယမ္းမ်ားႏွင့္အတူ PDF အဖြဲ႕ဝင္ (၅၀၆) ဦး အလယ္ပိုင္း တိုင္းစစ္ဌာနခ်ဳပ္ထံ အလင္းဝင္လာခဲ့
================================
မႏၲေလးတိုင္းရွိ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ထံသို လက္နက္ခဲယမ္းမ်ားႏွင့္အတူ PDF အဖြဲ႕ဝင္ (၅၀၆) ဦးအလင္းဝင္လာခဲ့ရာ ယေန႔ မတ္ ၁၉ ရက္နံနက္ပိုင္းက မိဘမ်ားထံျပန္လည္အပ္ႏွံျခင္းအခမ္းအနားကို စစ္ဌာနခ်ဳပ္ရွိ စစ္ေရးျပကြင္း၌ က်င္းပခဲ့သည္။

PDF အဖြဲဝင္ အမ်ိဳးသား (၄၅၃) ဦး၊ အမ်ိဳးသမီး (၅၃) ဦး (စုစုေပါင္း ၅၀၆ ဦး) တိုသည္ ‌ေ-သနတ္ (၇၈) လက္အပါ အဝင္ လက္နက္ခဲယမ္းမ်ားစြာႏွင့္အတူ အလင္းဝင္လာခဲ့ၾကျခင္းျဖစ္ရာတာဝန္ရွိသူမ်ားကႀကိဳဆို၍ ေထာက္ပံ့ေငြမ်ားေပးခဲ့ၾကသည္။

လက္ရွိအခ်ိန္၌ ႏိုင္ငံေတာ္၏ ၿငိမ္းခ်မ္းေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္ေနမႈမ်ားအား နားလည္သေဘာေပါက္လာသည့္ PDF အဖြဲဝင္မ်ားသည္ ႏိုင္ငံတစ္ဝွမ္းရွိ စစ္ဌာနခ်ဳပ္ႏွင့္ တပ္စခန္းမ်ား၊ တာဝန္ရွိသူမ်ားထံဆက္သြယ္၍ အလင္းဝင္လာမႈမ်ားျပားလာခဲ့သည္။

Photo-MDY Image


လက်နက်ခဲယမ်းများနှင့်အတူ PDF အဖွဲ့ဝင် (၅၀၆) ဦး အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်ထံ အလင်းဝင်လာခဲ့
================================
မန္တလေးတိုင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထံသို လက်နက်ခဲယမ်းများနှင့်အတူ PDF အဖွဲ့ဝင် (၅၀၆) ဦးအလင်းဝင်လာခဲ့ရာ ယနေ့ မတ် ၁၉ ရက်နံနက်ပိုင်းက မိဘများထံပြန်လည်အပ်နှံခြင်းအခမ်းအနားကို စစ်ဌာနချုပ်ရှိ စစ်ရေးပြကွင်း၌ ကျင်းပခဲ့သည်။

PDF အဖွဲဝင် အမျိုးသား (၄၅၃) ဦး၊ အမျိုးသမီး (၅၃) ဦး (စုစုပေါင်း ၅၀၆ ဦး) တိုသည် ‌ေ-သနတ် (၇၈) လက်အပါ အဝင် လက်နက်ခဲယမ်းများစွာနှင့်အတူ အလင်းဝင်လာခဲ့ကြခြင်းဖြစ်ရာတာဝန်ရှိသူများကကြိုဆို၍ ထောက်ပံ့ငွေများပေးခဲ့ကြသည်။

လက်ရှိအချိန်၌ နိုင်ငံတော်၏ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများအား နားလည်သဘောပေါက်လာသည့် PDF အဖွဲဝင်များသည် နိုင်ငံတစ်ဝှမ်းရှိ စစ်ဌာနချုပ်နှင့် တပ်စခန်းများ၊ တာဝန်ရှိသူများထံဆက်သွယ်၍ အလင်းဝင်လာမှုများပြားလာခဲ့သည်။

Photo-MDY Image