နီေပါအမ်ိဳးသမီးကလပ္ ဆန္ကာတာအသင္းသို႔ ေျပာင္းေ႐ႊ႕သြားတဲ့ ဝင္းသိဂႌထြန္း

နီေပါအမ်ိဳးသမီးကလပ္ ဆန္ကာတာအသင္းသို႔ ေျပာင္းေ႐ႊ႕သြားတဲ့ ဝင္းသိဂႌထြန္း
====================
ျမန္မာ့လက္ေ႐ြးစင္အမ်ိဳးသမီးအသင္း တိုက္စစ္မႉး ဝင္းသိဂႌထြန္းဟာ နီေပါအမ်ိဳးသမီးကလပ္ ဆန္ကာတာအသင္းဆီ ေျပာင္းေ႐ႊ႕သြားခဲ့ၿပီျဖစ္ေၾကာင္း သိရပါတယ္။ နီေပါအမ်ိဳးသမီးကလပ္ ဆန္ကာတာအသင္းဟာ ျမန္မာအမ်ိဳးသမီးတိုက္စစ္မႉး ဝင္းသိဂႌထြန္းကို ယခု ၂၀၂၆ ရာသီ နီေပါအမ်ိဳးသမီးလိဂ္ၿပိဳင္ပြဲျဖစ္တဲ့ ANFA Women’s League 2026 အတြက္ တစ္ရာသီစာခ်ဳပ္နဲ႔ ေခၚယူခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ ဝင္းသိဂႌထြန္းဟာ ဆန္ကာတာအသင္းမွာ ေက်ာနံပါတ္ (၂၇) ကို ဝတ္ဆင္ကစားသြားမွာ ျဖစ္ပါတယ္။ ဆန္ကာတာအသင္းဟာ နီေပါအမ်ိဳးသမီးလိဂ္ၿပိဳင္ပြဲမွာ ၿပီးခဲ့တဲ့ ၂၀၂၄ ခုႏွစ္ကမွ စတင္တည္ေထာင္ၿပီး ဝင္ေရာက္ယွဥ္ၿပိဳင္ေနတဲ့ အသင္းသစ္တစ္သင္း ျဖစ္ပါတယ္။ ဆန္ကာတာအသင္းဟာ ၿပီးခဲ့တဲ့ ၂၀၂၅ နီေပါအမ်ိဳးသမီးလိဂ္ၿပိဳင္ပြဲအၿပီးမွာ အဆင့္ (၇) ေနရာကို ရရွိထားခဲ့ပါတယ္။ ယခု ၂၀၂၆ နီေပါအမ်ိဳးသမီးလိဂ္ၿပိဳင္ပြဲကို အသင္း (၁၀) သင္းနဲ႔ က်င္းပျပဳလုပ္သြားမွာျဖစ္ပါတယ္။ ျမန္မာအမ်ိဳးသမီးတိုက္စစ္မႉး ဝင္းသိဂႌထြန္းဟာ ၂၀၂၁ ခုႏွစ္ကတည္းက ျပည္ပထြက္ၿပီး ပ႐ိုကစားေနသူျဖစ္ပါတယ္။ ဝင္းသိဂႌထြန္းဟာ အိႏၵိယကလပ္အသင္းေတြျဖစ္တဲ့ ဂိုကူလမ္ကီရာရာ၊ ေလာ့စ္၊ အိုဒီရွား၊ ထိုင္းကလပ္ အာရွစေကာလားေကာလိပ္၊ မေလးရွားကလပ္ ဆဘားရွ္အသင္းေတြဆီမွာ ပ႐ိုကစားသမားအျဖစ္ သြားေရာက္ကစားခဲ့ဖူးသူျဖစ္ပါတယ္။
နီပေါအမျိုးသမီးကလပ် ဆန်ကာတာအသင်းသို့ ပြောင်းရွှေ့သွားတဲ့ ဝင်းသိင်္ဂီထွန်း
====================
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းဟာ နီပေါအမျိုးသမီးကလပ် ဆန်ကာတာအသင်းဆီ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ နီပေါအမျိုးသမီးကလပ် ဆန်ကာတာအသင်းဟာ မြန်မာအမျိုးသမီးတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကို ယခု ၂၀၂၆ ရာသီ နီပေါအမျိုးသမီးလိဂ်ပြိုင်ပွဲဖြစ်တဲ့ ANFA Women’s League 2026 အတွက် တစ်ရာသီစာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဝင်းသိင်္ဂီထွန်းဟာ ဆန်ကာတာအသင်းမှာ ကျောနံပါတ် (၂၇) ကို ဝတ်ဆင်ကစားသွားမှာ ဖြစ်ပါတယ်။ ဆန်ကာတာအသင်းဟာ နီပေါအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကမှ စတင်တည်ထောင်ပြီး ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ အသင်းသစ်တစ်သင်း ဖြစ်ပါတယ်။ ဆန်ကာတာအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၅ နီပေါအမျိုးသမီးလိဂ်ပြိုင်ပွဲအပြီးမှာ အဆင့် (၇) နေရာကို ရရှိထားခဲ့ပါတယ်။ ယခု ၂၀၂၆ နီပေါအမျိုးသမီးလိဂ်ပြိုင်ပွဲကို အသင်း (၁၀) သင်းနဲ့ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ မြန်မာအမျိုးသမီးတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းဟာ ၂၀၂၁ ခုနှစ်ကတည်းက ပြည်ပထွက်ပြီး ပရိုကစားနေသူဖြစ်ပါတယ်။ ဝင်းသိင်္ဂီထွန်းဟာ အိန္ဒိယကလပ်အသင်းတွေဖြစ်တဲ့ ဂိုကူလမ်ကီရာရာ၊ လော့စ်၊ အိုဒီရှား၊ ထိုင်းကလပ် အာရှစကောလားကောလိပ်၊ မလေးရှားကလပ် ဆဘားရှ်အသင်းတွေဆီမှာ ပရိုကစားသမားအဖြစ် သွားရောက်ကစားခဲ့ဖူးသူဖြစ်ပါတယ်။




