ဆီနီေဂါအသင္းအသင္းရဲ႕ ဖလားကို လႊဲေျပာင္းရယူခဲ့တဲ့ ေမာ္႐ိုကိုအသင္း

 ဆီနီေဂါအသင္းအသင္းရဲ႕ ဖလားကို လႊဲေျပာင္းရယူခဲ့တဲ့ ေမာ္႐ိုကိုအသင္း
============================
အာဖရိကေဘာလုံးအဖြဲခ်ဳပ္(CAF)ဟာ ၂၀၂၅ အာဖရိကႏိုင္ငံမ်ားဖလားဗိုလ္လုပြဲရလဒ္ကို ပယ္ဖ်က္လိုက္ၿပီး ေမာ္႐ိုကိုအသင္းကို (၃-၀)ဂိုးနဲ႔ အႏိုင္ေပးလိုက္ေၾကာင္း သိရပါတယ္။
ၿပီးခဲ့တဲ့ ဇန္နဝါရီ(၁၈)ရက္ေန႔က ေမာ္႐ိုကိုႏိုင္ငံမွာ က်င္းပခဲ့တဲ့ ဗိုလ္လုပြဲမွာ ဆီနီေဂါအသင္းက (၁-၀)ဂိုးနဲ႔ အႏိုင္ရရွိၿပီး ခ်န္ပီယံဆုဆြတ္ခူးခဲ့ေပမဲ့ ဆီနီေဂါကစားသမားေတြက ပြဲခ်ိန္အတြင္း ကြင္းထဲက ထြက္ခြာသြားခဲ့တဲ့အတြက္ အခုလို အေရးယူခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။
ျဖစ္ပြားပုံကေတာ့ ပြဲကစားခ်ိန္ မိနစ္(၉၀)ျပည့္လို နာက်င္အခ်ိန္ပိုေရာက္ရွိခ်ိန္မွာ ကြင္းလယ္ဒိုင္က ေမာ္႐ိုကိုအသင္းကို ပယ္နယ္တီေပးခဲ့တဲ့အတြက္ ဆီနီေဂါနည္းျပနဲ႔ ကစားသမားေတြက ဆႏၵျပတဲ့အေနနဲ႔ ဆက္မကစားေတာ့ဘဲ ကြင္းထဲက ထြက္ခြာသြားခဲ့ပါတယ္။
လီဗာပူးလ္ကစားသမားေဟာင္း မာေနးရဲ႕ ေဖ်ာင္းဖ်မႈေၾကာင့္ (၁၇)မိနစ္ေလာက္ ပြဲကိုရပ္နားခဲ့ရၿပီးမွ ျပန္ကစားႏိုင္ခဲ့တာျဖစ္ၿပီး ေမာ္႐ိုကိုအသင္းအတြက္ ဘရာဟင္မ္ဒီယက္ဇ္ရဲ႕ ပယ္နယ္တီကန္ခ်က္ကို ဆီနီေဂါဂိုးသမား မန္ဒီက ကာကြယ္ႏိုင္ခဲ့ပါတယ္။
အခ်ိန္ပိုမွာေတာ့ ဆီနီေဂါအသင္းက ေဂးယီရဲ႕ဂိုးနဲ႔ ေမာ္႐ိုကိုအသင္းကို အႏိုင္ယူၿပီး ခ်န္ပီယံဆုဆြတ္ခူးခဲ့တာျဖစ္ပါတယ္။
ဒါေပမဲ့ ေမာ္႐ိုကိုေဘာလုံးအဖြဲခ်ဳပ္ရဲ႕ အယူခံတင္သြင္းမႈေၾကာင့္ အာဖရိကေဘာလုံးအဖြဲခ်ဳပ္က အမႈစစ္အဖြဲ ဖြဲစည္းၿပီး ျပန္လည္စစ္ေဆးကာ အခုလို ဆုံးျဖတ္ခ်က္ခ်မွတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရပါတယ္။
ဒီဆုံးျဖတ္ခ်က္အတြက္ ဆီနီေဂါေဘာလုံးအဖြဲခ်ဳပ္က ႏိုင္ငံတကာအားကစားခုံ႐ုံး(CAS)ထံ အယူခံတင္သြင္းဖြယ္ရွိေၾကာင္းလည္း သိရပါတယ္။


ဆီနီဂေါအသင်းအသင်းရဲ့ ဖလားကို လွှဲပြောင်းရယူခဲ့တဲ့ မော်ရိုကိုအသင်း
============================
အာဖရိကဘောလုံးအဖွဲချုပ်(CAF)ဟာ ၂၀၂၅ အာဖရိကနိုင်ငံများဖလားဗိုလ်လုပွဲရလဒ်ကို ပယ်ဖျက်လိုက်ပြီး မော်ရိုကိုအသင်းကို (၃-၀)ဂိုးနဲ့ အနိုင်ပေးလိုက်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ(၁၈)ရက်နေ့က မော်ရိုကိုနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဗိုလ်လုပွဲမှာ ဆီနီဂေါအသင်းက (၁-၀)ဂိုးနဲ့ အနိုင်ရရှိပြီး ချန်ပီယံဆုဆွတ်ခူးခဲ့ပေမဲ့ ဆီနီဂေါကစားသမားတွေက ပွဲချိန်အတွင်း ကွင်းထဲက ထွက်ခွာသွားခဲ့တဲ့အတွက် အခုလို အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဖြစ်ပွားပုံကတော့ ပွဲကစားချိန် မိနစ်(၉၀)ပြည့်လို နာကျင်အချိန်ပိုရောက်ရှိချိန်မှာ ကွင်းလယ်ဒိုင်က မော်ရိုကိုအသင်းကို ပယ်နယ်တီပေးခဲ့တဲ့အတွက် ဆီနီဂေါနည်းပြနဲ့ ကစားသမားတွေက ဆန္ဒပြတဲ့အနေနဲ့ ဆက်မကစားတော့ဘဲ ကွင်းထဲက ထွက်ခွာသွားခဲ့ပါတယ်။
လီဗာပူးလ်ကစားသမားဟောင်း မာနေးရဲ့ ဖျောင်းဖျမှုကြောင့် (၁၇)မိနစ်လောက် ပွဲကိုရပ်နားခဲ့ရပြီးမှ ပြန်ကစားနိုင်ခဲ့တာဖြစ်ပြီး မော်ရိုကိုအသင်းအတွက် ဘရာဟင်မ်ဒီယက်ဇ်ရဲ့ ပယ်နယ်တီကန်ချက်ကို ဆီနီဂေါဂိုးသမား မန်ဒီက ကာကွယ်နိုင်ခဲ့ပါတယ်။
အချိန်ပိုမှာတော့ ဆီနီဂေါအသင်းက ဂေးယီရဲ့ဂိုးနဲ့ မော်ရိုကိုအသင်းကို အနိုင်ယူပြီး ချန်ပီယံဆုဆွတ်ခူးခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ မော်ရိုကိုဘောလုံးအဖွဲချုပ်ရဲ့ အယူခံတင်သွင်းမှုကြောင့် အာဖရိကဘောလုံးအဖွဲချုပ်က အမှုစစ်အဖွဲ ဖွဲစည်းပြီး ပြန်လည်စစ်ဆေးကာ အခုလို ဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒီဆုံးဖြတ်ချက်အတွက် ဆီနီဂေါဘောလုံးအဖွဲချုပ်က နိုင်ငံတကာအားကစားခုံရုံး(CAS)ထံ အယူခံတင်သွင်းဖွယ်ရှိကြောင်းလည်း သိရပါတယ်။