ဧၿပီ ၁ မွစ၍ EV ယာဥ္မ်ား အထူးကုန္စည္ခြန္ ၅ ရာခိုင္ႏႈန္း ေပးေဆာင္ရမည္

ဧၿပီ ၁ မွစ၍ EV ယာဥ္မ်ား အထူးကုန္စည္ခြန္ ၅ ရာခိုင္ႏႈန္း ေပးေဆာင္ရမည္
=======================
လာမည့္ ဧၿပီလ ၁ ရက္ေန႔မွစတင္ၿပီး လွ်ပ္စစ္သုံးယာဥ္မ်ား (EV) အေပၚ အထူးကုန္စည္ခြန္ ၅ ရာခိုင္ႏႈန္း ေပးေဆာင္ရမည္ျဖစ္ေၾကာင္း ၂၀၂၆ ခုႏွစ္ ျပည္ေထာင္စု၏ အခြန္အေကာက္ဥပေဒတြင္ ေဖာ္ျပထားေၾကာင္း သိရသည္။

အဆိုပါ ဥပေဒကို မတ္လ ၁၅ ရက္ေန႔တြင္ ျပ႒ာန္းခဲ့ျခင္းျဖစ္ၿပီး ၂၀၂၆ ခုႏွစ္ ဧၿပီလ ၁ ရက္ေန႔မွ စတင္ကာ အက်ိဳးသက္ေရာက္မည္ျဖစ္သည္။

ဥပေဒအရ ဘက္ထရီလွ်ပ္စစ္သုံး လူစီးယာဥ္မ်ားအတြက္ အထူးကုန္စည္ခြန္ ၅ ရာခိုင္ႏႈန္း ေပးေဆာင္ရမည္ျဖစ္ၿပီး ေလာင္စာဆီသုံး ယာဥ္မ်ားအတြက္လည္း အင္ဂ်င္စြမ္းအားအလိုက္ အခြန္ႏႈန္းထားမ်ား သတ္မွတ္ထားသည္။

အင္ဂ်င္စြမ္းအား ၁၅၀၁ စီစီမွ ၂၀၀၀ စီစီအထိရွိေသာ ဗင္ကားမ်ား၊ ဆလြန္းဆီဒင္ကားမ်ားႏွင့္ ဝက္ဂြန္ကားမ်ားကို အခြန္ ၁၀ ရာခိုင္ႏႈန္း ေကာက္ခံမည္ျဖစ္ၿပီး ၂၀၀၁ စီစီမွ ၄၀၀၀ စီစီအထိရွိေသာ ယာဥ္မ်ားကို အခြန္ ၃၀ ရာခိုင္ႏႈန္း ေပးေဆာင္ရမည္ျဖစ္သည္။

ထို႔ျပင္ အင္ဂ်င္စြမ္းအား ၄၀၀၁ စီစီႏွင့္အထက္ရွိေသာ ဗင္ကားမ်ား၊ ဆလြန္းဆီဒင္ကားမ်ားႏွင့္ ဝက္ဂြန္ကားမ်ားအတြက္ အထူးကုန္စည္ခြန္ ၅၀ ရာခိုင္ႏႈန္းအထိ ေပးေဆာင္ရမည္ျဖစ္ေၾကာင္းလည္း ဥပေဒတြင္ ေဖာ္ျပထားသည္။

အဆိုပါ အခြန္အေကာက္ဥပေဒသည္ လာမည့္ ဧၿပီလ ၁ ရက္ေန႔မွစတင္ကာ တစ္ႏိုင္ငံလုံးတြင္ အက်ိဳးသက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။


ဧပြီ ၁ မှစ၍ EV ယာဉ်များ အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်
=======================
လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်ပြီး လျှပ်စစ်သုံးယာဉ်များ (EV) အပေါ် အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် ဖော်ပြထားကြောင်း သိရသည်။

အဆိုပါ ဥပဒေကို မတ်လ ၁၅ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ အကျိုးသက်ရောက်မည်ဖြစ်သည်။

ဥပဒေအရ ဘက်ထရီလျှပ်စစ်သုံး လူစီးယာဉ်များအတွက် အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ပြီး လောင်စာဆီသုံး ယာဉ်များအတွက်လည်း အင်ဂျင်စွမ်းအားအလိုက် အခွန်နှုန်းထားများ သတ်မှတ်ထားသည်။

အင်ဂျင်စွမ်းအား ၁၅၀၁ စီစီမှ ၂၀၀၀ စီစီအထိရှိသော ဗင်ကားများ၊ ဆလွန်းဆီဒင်ကားများနှင့် ဝက်ဂွန်ကားများကို အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ပြီး ၂၀၀၁ စီစီမှ ၄၀၀၀ စီစီအထိရှိသော ယာဉ်များကို အခွန် ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်သည်။

ထို့ပြင် အင်ဂျင်စွမ်းအား ၄၀၀၁ စီစီနှင့်အထက်ရှိသော ဗင်ကားများ၊ ဆလွန်းဆီဒင်ကားများနှင့် ဝက်ဂွန်ကားများအတွက် အထူးကုန်စည်ခွန် ၅၀ ရာခိုင်နှုန်းအထိ ပေးဆောင်ရမည်ဖြစ်ကြောင်းလည်း ဥပဒေတွင် ဖော်ပြထားသည်။

အဆိုပါ အခွန်အကောက်ဥပဒေသည် လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်ကာ တစ်နိုင်ငံလုံးတွင် အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သိရသည်။