ဂ်ပန္ႏိုင္ငံက မိုင္ ၆ဝဝ ေက်ာ္အကြာအထိ ပစ္ခတ္ႏိုင္သည့္ အဆင့္ျမႇင့္တင္ထားေသာ ဒုံးက်ည္မ်ားကို စတင္တပ္ျဖန႔္

ဂ်ပန္ႏိုင္ငံက မိုင္ ၆ဝဝ ေက်ာ္အကြာအထိ ပစ္ခတ္ႏိုင္သည့္ အဆင့္ျမႇင့္တင္ထားေသာ ဒုံးက်ည္မ်ားကို စတင္တပ္ျဖန႔္
=========================
မတ္ ၁၇
ဂ်ပန္ႏိုင္ငံသည္ ၎တို႔ကိုယ္တိုင္ ထုတ္လုပ္ထားသည့္ Type-12 အမ်ိဳးအစား သေဘၤာဖ်က္ဒုံးက်ည္စနစ္မ်ားကို အေရွ႕တ႐ုတ္ပင္လယ္အနီးတြင္ စတင္တပ္ျဖန႔္ထားေၾကာင္း မတ္လ ၁၅ ရက္တြင္ ထြက္ေပၚလာသည့္ သတင္းမ်ားအရ သိရသည္။
မူလက ကမ္းေျခေစာင့္ကာကြယ္ေရးအတြက္သာ ရည္႐ြယ္ၿပီး ပစ္ခတ္ႏိုင္သည့္အကြာအေဝး မိုင္ ၁၂၀ ေက်ာ္သာရွိခဲ့ေသာ အဆိုပါဒုံးက်ည္စနစ္ကို ယခုအခါ မိုင္ ၆၀၀ ေက်ာ္အထိ ေရာက္ရွိေအာင္ အဆင့္ျမႇင့္တင္ကာ ေျပာင္းလဲတပ္ျဖန႔္လာျခင္းျဖစ္သည္။ အဆိုပါ အဆင့္ျမႇင့္တင္ထားသည့္ ဒုံးက်ည္မ်ားသည္ ကုန္းတြင္းပိုင္းပစ္မွတ္မ်ားကိုပါ ပစ္ခတ္ႏိုင္စြမ္းရွိလာသည့္အျပင္ က်ဴရႉးကြၽန္းမွ ပစ္ခတ္မည္ဆိုပါက ထိုင္ဝမ္ေရလက္ၾကားတစ္ခုလုံးကိုပါ လက္လွမ္းမီသြားမည္ျဖစ္သည္။
မစ္ဆူဘီရွီကုမၸဏီမွ ထုတ္လုပ္ထားသည့္ အဆိုပါဒုံးက်ည္မ်ားကို လက္ရွိတြင္ ကူမာမိုတိုေဒသ၌ တပ္ျဖန႔္ထားျခင္းျဖစ္သည္။ ယခုကဲ့သို႔ ဒုံးက်ည္စနစ္မ်ားကို အဆင့္ျမႇင့္တင္ တပ္ျဖန႔္လာျခင္းသည္ ဂ်ပန္တပ္မေတာ္အေနျဖင့္ ကိုယ့္ကိုယ္ကိုယ္ကာကြယ္ေရး (Self-defense) မွတစ္ဆင့္ ေဒသတြင္း တိုက္စစ္ဆင္ႏိုင္သည့္ အေနအထား (Offensive capability) သို႔ ေျပာင္းလဲလာေနျခင္းျဖစ္ေၾကာင္း စစ္ဘက္ေရးရာကြၽမ္းက်င္သူမ်ားက ရႈျမင္ေနၾကသည္။
လက္ရွိတြင္ အေရွ႕အလယ္ပိုင္း၌ စစ္ေရးတင္းမာမႈမ်ား ျမင့္တက္ေနခ်ိန္တြင္ အေရွ႕အာရွေဒသ၌လည္း ဂ်ပန္ႏိုင္ငံ၏ စစ္ေရးျပင္ဆင္မႈမ်ားေၾကာင့္ ေဒသတြင္းလုံၿခဳံေရးအေျခအေနကို ႏိုင္ငံတကာက ေစာင့္ၾကည့္လ်က္ရွိေၾကာင္း သိရသည္။
ဂျပန်နိုင်ငံက မိုင် ၆ဝဝ ကျော်အကွာအထိ ပစ်ခတ်နိုင်သည့် အဆင့်မြှင့်တင်ထားသော ဒုံးကျည်များကို စတင်တပ်ဖြန့်
=========================
မတ် ၁၇
ဂျပန်နိုင်ငံသည် ၎င်းတို့ကိုယ်တိုင် ထုတ်လုပ်ထားသည့် Type-12 အမျိုးအစား သင်္ဘောဖျက်ဒုံးကျည်စနစ်များကို အရှေ့တရုတ်ပင်လယ်အနီးတွင် စတင်တပ်ဖြန့်ထားကြောင်း မတ်လ ၁၅ ရက်တွင် ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။
မူလက ကမ်းခြေစောင့်ကာကွယ်ရေးအတွက်သာ ရည်ရွယ်ပြီး ပစ်ခတ်နိုင်သည့်အကွာအဝေး မိုင် ၁၂၀ ကျော်သာရှိခဲ့သော အဆိုပါဒုံးကျည်စနစ်ကို ယခုအခါ မိုင် ၆၀၀ ကျော်အထိ ရောက်ရှိအောင် အဆင့်မြှင့်တင်ကာ ပြောင်းလဲတပ်ဖြန့်လာခြင်းဖြစ်သည်။ အဆိုပါ အဆင့်မြှင့်တင်ထားသည့် ဒုံးကျည်များသည် ကုန်းတွင်းပိုင်းပစ်မှတ်များကိုပါ ပစ်ခတ်နိုင်စွမ်းရှိလာသည့်အပြင် ကျူရှူးကျွန်းမှ ပစ်ခတ်မည်ဆိုပါက ထိုင်ဝမ်ရေလက်ကြားတစ်ခုလုံးကိုပါ လက်လှမ်းမီသွားမည်ဖြစ်သည်။
မစ်ဆူဘီရှီကုမ္ပဏီမှ ထုတ်လုပ်ထားသည့် အဆိုပါဒုံးကျည်များကို လက်ရှိတွင် ကူမာမိုတိုဒေသ၌ တပ်ဖြန့်ထားခြင်းဖြစ်သည်။ ယခုကဲ့သို့ ဒုံးကျည်စနစ်များကို အဆင့်မြှင့်တင် တပ်ဖြန့်လာခြင်းသည် ဂျပန်တပ်မတော်အနေဖြင့် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရေး (Self-defense) မှတစ်ဆင့် ဒေသတွင်း တိုက်စစ်ဆင်နိုင်သည့် အနေအထား (Offensive capability) သို့ ပြောင်းလဲလာနေခြင်းဖြစ်ကြောင်း စစ်ဘက်ရေးရာကျွမ်းကျင်သူများက ရှုမြင်နေကြသည်။
လက်ရှိတွင် အရှေ့အလယ်ပိုင်း၌ စစ်ရေးတင်းမာမှုများ မြင့်တက်နေချိန်တွင် အရှေ့အာရှဒေသ၌လည်း ဂျပန်နိုင်ငံ၏ စစ်ရေးပြင်ဆင်မှုများကြောင့် ဒေသတွင်းလုံခြုံရေးအခြေအနေကို နိုင်ငံတကာက စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။




