ျမန္မာ့လက္ေ႐ႊးစင္ အသင္းေခါင္းေဆာင္ ေမာင္ေမာင္လြင္ အသင္းမွ အနားယူမည္ဟု ဆို

ျမန္မာ့လက္ေ႐ႊးစင္ အသင္းေခါင္းေဆာင္ ေမာင္ေမာင္လြင္ အသင္းမွ အနားယူမည္ဟု ဆို
======================
ျမန္မာ့လက္ေ႐ႊးစင္ အသင္းေခါင္းေဆာင္ ေမာင္ေမာင္လြင္ သည္ အသင္းမွ အနားယူရန္ဆုံးျဖတ္လိုက္ေၾကာင္း မတ္လ (၁၅)ရက္တြင္ ၎၏ လူမႈကြန္ရက္စာ မ်က္ႏွာကေန အသိေပးထားသည္။
“အကာအကြယ္မရဘူးလို ခံစားရတဲ့အတြက္ စိတ္မေကာင္းစြာနဲ႔ ျမန္မာ့လက္ေ႐ႊးစင္အသင္းကေန အနားယူဖို ဆုံးျဖတ္လိုက္ပါတယ္”ဟု ၎က ဆိုသည္။
ေမာင္ေမာင္လြင္က အဆိုပါ ဆုံးျဖတ္ ခ်က္ကို သူ႔အေနျဖင့္ ညလုံးေပါက္စဥ္းစားၿပီးမွ ခက္ခက္ခဲခဲ ဆုံးျဖတ္ခဲ့ရသလို သူ႔ဘဝလက္ရွိအသက္၏ သုံးပုံႏွစ္ပုံေလာက္ကို ေဘာလုံးအ တြက္ ေျပးလႊားႀကိဳးစားခဲ့ရေၾကာင္း ေရးသားမွ်ေဝထားသည္။
ထို႔ျပင္ လူမ်ိဳးေရးခြဲျခားေစာ္ကားမႈ၊ မိဘမ်ားကိုပါ ကိုင္ဆဲေစာ္ကား ခံရသည့္အခ်ိန္မွာ စိတ္ခံစားခ်က္ျဖင့္ တုံျပန္မိခဲ့ျခင္းေၾကာင့္ ( ၆ )လ ပြဲကစားခြင့္ပိတ္ခံရေၾကာင္းလည္း ဆိုထားသည္။
ၿပီးခဲ့သည့္ မတ္လ (၁၀)ရက္က ျမန္မာေနရွင္နယ္လိဂ္ပြဲစဥ္တစ္ခုျဖစ္သည့္ Yangon United FC ႏွင့္ Yadanar bon FC အသင္းတို ယွဥ္ၿပိဳင္ကစားသည့္ ပြဲ၌ ပထမပိုင္းၿပီးဆုံး ၿပီးေနာက္ ျမန္မာ့လက္ေ႐ြးစင္အသင္းေခါင္းေဆာင္ ေမာင္ေမာ င္လြင္သည္ ပရိတ္သတ္အမ်ိဳးသမီးႀကီးတစ္ဦးကို ကိုယ္ထိလက္ေရာက္က်ဴးလြန္ခဲ့သည့္ ျဖစ္စဥ္အေပၚ ျမန္မာေနရွင္န ယ္လိဂ္ေကာ္မတီက ျပစ္ဒဏ္ခ်မွတ္ခဲ့ျခင္းျဖစ္သည္။
မြန်မာ့လက်ရွှေးစင် အသင်းခေါင်းဆောင် မောင်မောင်လွင် အသင်းမှ အနားယူမည်ဟု ဆို
======================
မြန်မာ့လက်ရွှေးစင် အသင်းခေါင်းဆောင် မောင်မောင်လွင် သည် အသင်းမှ အနားယူရန်ဆုံးဖြတ်လိုက်ကြောင်း မတ်လ (၁၅)ရက်တွင် ၎င်း၏ လူမှုကွန်ရက်စာ မျက်နှာကနေ အသိပေးထားသည်။
“အကာအကွယ်မရဘူးလို ခံစားရတဲ့အတွက် စိတ်မကောင်းစွာနဲ့ မြန်မာ့လက်ရွှေးစင်အသင်းကနေ အနားယူဖို ဆုံးဖြတ်လိုက်ပါတယ်”ဟု ၎င်းက ဆိုသည်။
မောင်မောင်လွင်က အဆိုပါ ဆုံးဖြတ် ချက်ကို သူ့အနေဖြင့် ညလုံးပေါက်စဉ်းစားပြီးမှ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရသလို သူ့ဘဝလက်ရှိအသက်၏ သုံးပုံနှစ်ပုံလောက်ကို ဘောလုံးအ တွက် ပြေးလွှားကြိုးစားခဲ့ရကြောင်း ရေးသားမျှဝေထားသည်။
ထို့ပြင် လူမျိုးရေးခွဲခြားစော်ကားမှု၊ မိဘများကိုပါ ကိုင်ဆဲစော်ကား ခံရသည့်အချိန်မှာ စိတ်ခံစားချက်ဖြင့် တုံပြန်မိခဲ့ခြင်းကြောင့် ( ၆ )လ ပွဲကစားခွင့်ပိတ်ခံရကြောင်းလည်း ဆိုထားသည်။
ပြီးခဲ့သည့် မတ်လ (၁၀)ရက်က မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တစ်ခုဖြစ်သည့် Yangon United FC နှင့် Yadanar bon FC အသင်းတို ယှဉ်ပြိုင်ကစားသည့် ပွဲ၌ ပထမပိုင်းပြီးဆုံး ပြီးနောက် မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မော င်လွင်သည် ပရိတ်သတ်အမျိုးသမီးကြီးတစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည့် ဖြစ်စဉ်အပေါ် မြန်မာနေရှင်န ယ်လိဂ်ကော်မတီက ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။




