Audi ကားမ်ားမွာ လုပ္ငန္းမ်ားစြာကို အပလီေကးရွင္းျဖင့္ ေဆာင္႐ြက္ႏိုင္ေတာ့မည္

Audi ကားမ်ားမွာ လုပ္ငန္းမ်ားစြာကို အပလီေကးရွင္းျဖင့္ ေဆာင္႐ြက္ႏိုင္ေတာ့မည္
=========================
Audi ကားကုမၸဏီက သူတို႔ကားေတြရဲ႕Infotainment စနစ္မွာ အသုံးျပဳႏိုင္မယ့္ EasyPark နဲ႔ ryd ဆိုတဲ့ အပလီေကးရွင္းအသစ္ႏွစ္ခုကို ထည့္သြင္းေပးလိုက္ၿပီျဖစ္ပါတယ္။ ဒီအပလီေကးရွင္းေတြေၾကာင့္Audi ကိုအသုံးျပဳသူေတြဟာ ဥေရာပတိုက္တစ္လႊားမွာ ပါကင္ထိုးတာ၊ ေလာင္စာဆီျဖည့္တာ၊ လွ်ပ္စစ္အားသြင္းတာအျပင္ ကားေဆးတာေတြကိုပါ ကားေပၚကတင္ စိတ္ႀကိဳက္ ေဆာင္႐ြက္ႏိုင္ေတာ့မွာပါ။
EasyPark အပလီေကးရွင္းကေတာ့ ဥေရာပၿမိဳ႕ေပါင္း ၁၃၀၀ ေက်ာ္ရွိ ပါကင္ေနရာ ၆၀၀၀၀ ေက်ာ္မွာ ပါကင္ေနရာကို အလိုအေလ်ာက္ရွာေဖြေပးၿပီး အခေၾကးေငြေပးေဆာင္ေပးမွာပါ။ ကားကို ပါကင္ေနရာမွာရပ္လိုက္တာနဲ႔ screen ေပၚမွာ pop-up window ေပၚလာမွာျဖစ္ၿပီး တစ္ခ်က္ႏွိပ္႐ုံနဲ႔ ေငြေပးေခ်မႈကို စတင္ႏိုင္ပါတယ္။ ပါကင္သက္တမ္းကုန္ခါနီးရင္လည္း ဖုန္းထဲကိုအေၾကာင္းၾကားစာ ပို႔ေပးမွာျဖစ္သလို ကားျပန္ထြက္ၿပီး အျမန္ႏႈန္း တစ္နာရီ ၁၅ ကီလိုမီတာေက်ာ္သြားတာနဲ႔ ပါကင္စနစ္ကို အလိုအေလ်ာက္ ပိတ္ေပးမွာျဖစ္ပါတယ္။
ryd အပလီေကးရွင္းကေတာ့ ဥေရာပတစ္လႊားက ဆီဆိုင္ေပါင္း ၁၀၀၀၀ ေက်ာ္နဲ႔အားသြင္းႏိုင္တဲ့ေနရာ ၁ သန္းေက်ာ္မွာ ေငြေပးေခ်မႈေတြကို ထိေတြ႕စရာမလိုဘဲ ေဆာင္႐ြက္ေပးမွာပါ။ ဒါ့အျပင္ ဝန္ေဆာင္မႈေပးတဲ့ထဲမွာ ကားေဆးဖို႔အတြက္ ပါတယ္ဆိုရင္ သူ႔ဆီကေနတစ္ဆင့္ ႀကိဳတင္စာရင္း ေပးသြင္းႏိုင္မွာ ျဖစ္ပါတယ္။
Audi ကားများမှာ လုပ်ငန်းများစွာကို အပလီကေးရှင်းဖြင့် ဆောင်ရွက်နိုင်တော့မည်
=========================
Audi ကားကုမ္ပဏီက သူတို့ကားတွေရဲ့Infotainment စနစ်မှာ အသုံးပြုနိုင်မယ့် EasyPark နဲ့ ryd ဆိုတဲ့ အပလီကေးရှင်းအသစ်နှစ်ခုကို ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။ ဒီအပလီကေးရှင်းတွေကြောင့်Audi ကိုအသုံးပြုသူတွေဟာ ဥရောပတိုက်တစ်လွှားမှာ ပါကင်ထိုးတာ၊ လောင်စာဆီဖြည့်တာ၊ လျှပ်စစ်အားသွင်းတာအပြင် ကားဆေးတာတွေကိုပါ ကားပေါ်ကတင် စိတ်ကြိုက် ဆောင်ရွက်နိုင်တော့မှာပါ။
EasyPark အပလီကေးရှင်းကတော့ ဥရောပမြို့ပေါင်း ၁၃၀၀ ကျော်ရှိ ပါကင်နေရာ ၆၀၀၀၀ ကျော်မှာ ပါကင်နေရာကို အလိုအလျောက်ရှာဖွေပေးပြီး အခကြေးငွေပေးဆောင်ပေးမှာပါ။ ကားကို ပါကင်နေရာမှာရပ်လိုက်တာနဲ့ screen ပေါ်မှာ pop-up window ပေါ်လာမှာဖြစ်ပြီး တစ်ချက်နှိပ်ရုံနဲ့ ငွေပေးချေမှုကို စတင်နိုင်ပါတယ်။ ပါကင်သက်တမ်းကုန်ခါနီးရင်လည်း ဖုန်းထဲကိုအကြောင်းကြားစာ ပို့ပေးမှာဖြစ်သလို ကားပြန်ထွက်ပြီး အမြန်နှုန်း တစ်နာရီ ၁၅ ကီလိုမီတာကျော်သွားတာနဲ့ ပါကင်စနစ်ကို အလိုအလျောက် ပိတ်ပေးမှာဖြစ်ပါတယ်။
ryd အပလီကေးရှင်းကတော့ ဥရောပတစ်လွှားက ဆီဆိုင်ပေါင်း ၁၀၀၀၀ ကျော်နဲ့အားသွင်းနိုင်တဲ့နေရာ ၁ သန်းကျော်မှာ ငွေပေးချေမှုတွေကို ထိတွေ့စရာမလိုဘဲ ဆောင်ရွက်ပေးမှာပါ။ ဒါ့အပြင် ဝန်ဆောင်မှုပေးတဲ့ထဲမှာ ကားဆေးဖို့အတွက် ပါတယ်ဆိုရင် သူ့ဆီကနေတစ်ဆင့် ကြိုတင်စာရင်း ပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။




