ေဘာစကိုင္း ပင္ရဲ႕ ေဆးဖက္ဝင္ပုံ အဖုံဖုံ

ေဘာစကိုင္း ပင္ရဲ႕ ေဆးဖက္ဝင္ပုံ အဖုံဖုံ
===========================
ေဘာစကိုင္း ဆိုတာ ျမန္မာ၊ ထိုင္း၊ ဖိလစ္ပိုင္ အပါအဝင္ အာရွႏိုင္ငံေတြမွာ စားသုံးၾကတဲ့ အပင္တစ္မ်ိဳးပါ။ အၫြန႔္နဲ႔ အ႐ြက္ႏု စိမ္းစိမ္းေလးေတြကို ဒီတိုင္း ႂကြပ္ႂကြပ္ေလး တို႔စားမလား၊ မန္က်ည္းမွည့္ေလးနဲ႔ အခ်ဥ္ျပဳတ္ၿပီး တို႔စားမလား ဒါမွမဟုတ္ ေရေႏြးေဖ်ာၿပီးသုပ္စားမလား အမ်ိဳးမ်ိဳး စားသုံးၾကပါတယ္။

ျမန္မာ့ ထမင္းဝိုင္းေတြမွာ ခ်ဥ္ရည္ဟင္းေလး၊ ငပိခ်က္ေလးနဲ႔ ေဘာစကိုင္း႐ြက္ေလး တို႔စားလိုက္ရရင္ ထမင္းသိပ္ၿမိန္ေစတာေပါ့။ တျခားႏိုင္ငံေတြမွာေတာ့ သူ႔ရဲ႕အေစ့နဲ႔ ပင္စည္အေခါက္ ကိုပါ ေဆးဖက္ဝင္ပစၥည္းေတြ အျဖစ္ အသုံးျပဳၾကပါတယ္။ ေဘာစကိုင္းအေစ့က ဆိုရင္ တညင္းသီးလိုလို ေမ်ာက္ငိုသီး လိုလို အနံ႔အရသာ ရွိပါတယ္ေနာ္။

ကဲ စားလို႔ေကာင္းတဲ့ ေဘာစကိုင္း ရဲ႕ အ႐ြက္၊ အသီး၊ အေစ့နဲ႔ အေခါက္ တို႔မွာ ဘာေတြ ေဆးဖက္ဝင္ေစသလဲ ဆိုတာ ေလ့လာၾကည့္ရေအာင္။

ေဆးဖက္ဝင္တဲ့ ေဘာစကိုင္း

ေဘာစကိုင္း႐ြက္ေတြဟာ ပ႐ိုတင္းဓာတ္ ပါဝင္မႈ မ်ားတဲ့ အရင္းအျမစ္ေကာင္းတစ္ခု ျဖစ္ပါတယ္တဲ့။ ေဘာစကိုင္းပင္ကေန ရရွိတဲ့ အဆီအႏွစ္ေတြက အသားအေရ နဲ႔ ဆံသား က်န္းမာေရး တို႔အတြက္ အက်ိဳးအာနိသင္ ေကာင္းသလို ေဘာစကိုင္းအေစ့ ကေန ရရွိတဲ့ က်န္းမာေရး အက်ိဳးေက်းဇူးေတြလည္း မနည္းလွပါဘူး။

အစိမ္းေရာင္ အသီးအ႐ြက္ေတြ ျဖစ္တာမို႔ ဗီတာမင္ေတြ၊ သတၱဳဓာတ္ေတြ အပါအဝင္ အာဟာရဓာတ္မ်ိဳးစုံ ပါဝင္ေနတာျဖစ္ပါတယ္။

(၁) သဘာဝ Toner အာနိသင္ရွိတယ္။

ေဘာစကိုင္း႐ြက္နဲ႔ အေစ့မွာ အေရျပားဆဲလ္ေတြမွာ ေကာ္လာဂ်င္ထိန္းသိမ္းဖို႔ ကူညီေပးတဲ့ သဘာဝအင္ဇိုင္းေတြ ပါရွိပါတယ္။ ေကာ္လာဂ်င္ ထိန္းသိမ္းမႈေၾကာင့္ အသားအေရ ညစ္ျခင္း၊ အေရးအေၾကာင္းျဖစ္ျခင္း၊ ေျခာက္ေသြ႕ျခင္း၊ အဖတ္ကြာျခင္း စတာေတြကို ကုစားေပးႏိုင္ပါတယ္။ အစြမ္းထက္တဲ့ သဘာဝ toner တစ္ခုလို အာနိသင္ ေပးၿပီး အ႐ြယ္မတိုင္ခင္ ရင့္ေရာ္ျခင္းေတြ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။

(၂) အေရျပား ယားနာ သက္သာေစတယ္။

ေဘာစကိုင္းရဲ႕ ေရာင္ရမ္းမႈ သက္သာေစတဲ့ အာနိသင္ေၾကာင့္ ႏွင္းခူ၊ ဆိုရီေရးစစ္ (Psoriasis) အပါအဝင္ အေရျပားျပႆနာေတြကို သက္သာေစႏိုင္ပါတယ္။ သူက အေရျပားကို ျပန္လည္ကုစားေပးၿပီး နာက်င္မႈ၊ ယားယံမႈေတြ သက္သာေစႏိုင္ပါတယ္။

(၃) ေဗာက္ေပ်ာက္ေစတယ္။

ေဘာစကိုင္း အေစ့က ရတဲ့ အဆီဟာ မႈိပိုးနဲ႔ ဘက္တီးရီးယားေတြကို ေသေစႏိုင္တာေၾကာင့္ ေဗာက္ထျခင္း တို႔လို ဆံသားျပႆနာေတြကို ေျဖရွင္းေပးႏိုင္ပါတယ္။

(၄) သန္က်ေစတယ္။

ဒါက လူသိမ်ားတဲ့ အခ်က္ပါ။ ေဘာစကိုင္းအေစ့ကို ျပဳတ္စား၊ ခ်က္စားရင္ သန္က်ေစတဲ့ အာနိသင္ ရွိပါတယ္တဲ့။ သန္ေကာင္၊ တုတ္ေကာင္ေတြကို ႏွိမ္နင္းေပးႏိုင္လို႔ ေဘာစကိုင္းကို မၾကာမၾကာ စားေပးသင့္ပါတယ္။

(၅) ကင္ဆာ ကာကြယ္တယ္။

ကင္ဆာ ကာကြယ္ျခင္း၊ ကင္ဆာဆဲလ္ မျပန႔္ပြားေအာင္ တားဆီးႏိုင္ျခင္း ဆိုတဲ့ အာနိသင္ေတြကို ေဘာစကိုင္းအေစ့ ကေန ရရွိႏိုင္ပါတယ္။

(၆) အကိုက္အခဲ ေပ်ာက္ေစတယ္။

ေဘာစကိုင္းမွာ နာက်င္ကိုက္ခဲမႈေတြ သက္သာေစတဲ့ သဘာဝအာနိသင္ ပါရွိပါတယ္။ ေဘာစကိုင္းပင္က ရတဲ့ အဆီအႏွစ္နဲ႔ လိမ္းလိုက္ရင္ အဆစ္အျမစ္ နာက်င္မႈ၊ ခႏၶာကိုယ္ ကိုက္ခဲနာက်င္မႈ၊ ဇက္ေၾကာနာျခင္း၊ ခါးနာျခင္း၊ အ႐ြတ္နာျခင္း တို႔ကို သက္သာေစႏိုင္ပါတယ္။

(၇) ရာသီလာစဥ္ နာက်င္ကိုက္ခဲတာေတြ သက္သာေစတယ္။

ေဘာစကိုင္း႐ြက္က အမ်ိဳးသမီးေတြကို ရာသီစက္ဝန္း မွန္ကန္ေစဖို႔နဲ႔ ရာသီလာစဥ္ နာက်င္ကိုက္ခဲမႈေတြကို သက္သာေလ်ာ့ပါးေစဖို႔ အေထာက္အကူ ေပးပါတယ္။

ဒီလို ေဆးဖက္ဝင္ေနတဲ့ ေဘာစကိုင္း႐ြက္ ကို တို႔စရာ အျဖစ္နဲ႔ စားၾကည့္ဖို႔ေတာ့ သင့္ၿပီထင္တယ္ေနာ္။

Source: HelloSayarwon

#Yoyarlay


ဘောစကိုင်း ပင်ရဲ့ ဆေးဖက်ဝင်ပုံ အဖုံဖုံ
===========================
ဘောစကိုင်း ဆိုတာ မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင် အပါအဝင် အာရှနိုင်ငံတွေမှာ စားသုံးကြတဲ့ အပင်တစ်မျိုးပါ။ အညွန့်နဲ့ အရွက်နု စိမ်းစိမ်းလေးတွေကို ဒီတိုင်း ကြွပ်ကြွပ်လေး တို့စားမလား၊ မန်ကျည်းမှည့်လေးနဲ့ အချဉ်ပြုတ်ပြီး တို့စားမလား ဒါမှမဟုတ် ရေနွေးဖျောပြီးသုပ်စားမလား အမျိုးမျိုး စားသုံးကြပါတယ်။

မြန်မာ့ ထမင်းဝိုင်းတွေမှာ ချဉ်ရည်ဟင်းလေး၊ ငပိချက်လေးနဲ့ ဘောစကိုင်းရွက်လေး တို့စားလိုက်ရရင် ထမင်းသိပ်မြိန်စေတာပေါ့။ တခြားနိုင်ငံတွေမှာတော့ သူ့ရဲ့အစေ့နဲ့ ပင်စည်အခေါက် ကိုပါ ဆေးဖက်ဝင်ပစ္စည်းတွေ အဖြစ် အသုံးပြုကြပါတယ်။ ဘောစကိုင်းအစေ့က ဆိုရင် တညင်းသီးလိုလို မျောက်ငိုသီး လိုလို အနံ့အရသာ ရှိပါတယ်နော်။

ကဲ စားလို့ကောင်းတဲ့ ဘောစကိုင်း ရဲ့ အရွက်၊ အသီး၊ အစေ့နဲ့ အခေါက် တို့မှာ ဘာတွေ ဆေးဖက်ဝင်စေသလဲ ဆိုတာ လေ့လာကြည့်ရအောင်။

ဆေးဖက်ဝင်တဲ့ ဘောစကိုင်း

ဘောစကိုင်းရွက်တွေဟာ ပရိုတင်းဓာတ် ပါဝင်မှု များတဲ့ အရင်းအမြစ်ကောင်းတစ်ခု ဖြစ်ပါတယ်တဲ့။ ဘောစကိုင်းပင်ကနေ ရရှိတဲ့ အဆီအနှစ်တွေက အသားအရေ နဲ့ ဆံသား ကျန်းမာရေး တို့အတွက် အကျိုးအာနိသင် ကောင်းသလို ဘောစကိုင်းအစေ့ ကနေ ရရှိတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း မနည်းလှပါဘူး။

အစိမ်းရောင် အသီးအရွက်တွေ ဖြစ်တာမို့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ အပါအဝင် အာဟာရဓာတ်မျိုးစုံ ပါဝင်နေတာဖြစ်ပါတယ်။

(၁) သဘာဝ Toner အာနိသင်ရှိတယ်။

ဘောစကိုင်းရွက်နဲ့ အစေ့မှာ အရေပြားဆဲလ်တွေမှာ ကော်လာဂျင်ထိန်းသိမ်းဖို့ ကူညီပေးတဲ့ သဘာဝအင်ဇိုင်းတွေ ပါရှိပါတယ်။ ကော်လာဂျင် ထိန်းသိမ်းမှုကြောင့် အသားအရေ ညစ်ခြင်း၊ အရေးအကြောင်းဖြစ်ခြင်း၊ ခြောက်သွေ့ခြင်း၊ အဖတ်ကွာခြင်း စတာတွေကို ကုစားပေးနိုင်ပါတယ်။ အစွမ်းထက်တဲ့ သဘာဝ toner တစ်ခုလို အာနိသင် ပေးပြီး အရွယ်မတိုင်ခင် ရင့်ရော်ခြင်းတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၂) အရေပြား ယားနာ သက်သာစေတယ်။

ဘောစကိုင်းရဲ့ ရောင်ရမ်းမှု သက်သာစေတဲ့ အာနိသင်ကြောင့် နှင်းခူ၊ ဆိုရီရေးစစ် (Psoriasis) အပါအဝင် အရေပြားပြဿနာတွေကို သက်သာစေနိုင်ပါတယ်။ သူက အရေပြားကို ပြန်လည်ကုစားပေးပြီး နာကျင်မှု၊ ယားယံမှုတွေ သက်သာစေနိုင်ပါတယ်။

(၃) ဗောက်ပျောက်စေတယ်။

ဘောစကိုင်း အစေ့က ရတဲ့ အဆီဟာ မှိုပိုးနဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တာကြောင့် ဗောက်ထခြင်း တို့လို ဆံသားပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။

(၄) သန်ကျစေတယ်။

ဒါက လူသိများတဲ့ အချက်ပါ။ ဘောစကိုင်းအစေ့ကို ပြုတ်စား၊ ချက်စားရင် သန်ကျစေတဲ့ အာနိသင် ရှိပါတယ်တဲ့။ သန်ကောင်၊ တုတ်ကောင်တွေကို နှိမ်နင်းပေးနိုင်လို့ ဘောစကိုင်းကို မကြာမကြာ စားပေးသင့်ပါတယ်။

(၅) ကင်ဆာ ကာကွယ်တယ်။

ကင်ဆာ ကာကွယ်ခြင်း၊ ကင်ဆာဆဲလ် မပြန့်ပွားအောင် တားဆီးနိုင်ခြင်း ဆိုတဲ့ အာနိသင်တွေကို ဘောစကိုင်းအစေ့ ကနေ ရရှိနိုင်ပါတယ်။

(၆) အကိုက်အခဲ ပျောက်စေတယ်။

ဘောစကိုင်းမှာ နာကျင်ကိုက်ခဲမှုတွေ သက်သာစေတဲ့ သဘာဝအာနိသင် ပါရှိပါတယ်။ ဘောစကိုင်းပင်က ရတဲ့ အဆီအနှစ်နဲ့ လိမ်းလိုက်ရင် အဆစ်အမြစ် နာကျင်မှု၊ ခန္ဓာကိုယ် ကိုက်ခဲနာကျင်မှု၊ ဇက်ကြောနာခြင်း၊ ခါးနာခြင်း၊ အရွတ်နာခြင်း တို့ကို သက်သာစေနိုင်ပါတယ်။

(၇) ရာသီလာစဉ် နာကျင်ကိုက်ခဲတာတွေ သက်သာစေတယ်။

ဘောစကိုင်းရွက်က အမျိုးသမီးတွေကို ရာသီစက်ဝန်း မှန်ကန်စေဖို့နဲ့ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုတွေကို သက်သာလျော့ပါးစေဖို့ အထောက်အကူ ပေးပါတယ်။

ဒီလို ဆေးဖက်ဝင်နေတဲ့ ဘောစကိုင်းရွက် ကို တို့စရာ အဖြစ်နဲ့ စားကြည့်ဖို့တော့ သင့်ပြီထင်တယ်နော်။

Source: HelloSayarwon

#Yoyarlay