ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ပါတီအႀကီးအကဲမ်ားႏွင့္ ပါတီကိုယ္စားျပဳလႊတ္ေတာ္ကိုယ္စားလွယ္မ်ားေတြ႕ဆုံပြဲျပဳလုပ္





ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ပါတီအႀကီးအကဲမ်ားႏွင့္ ပါတီကိုယ္စားျပဳလႊတ္ေတာ္ကိုယ္စားလွယ္မ်ားေတြ႕ဆုံပြဲျပဳလုပ္
========================
မတ္ ၁၁၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ပါတီအႀကီးအကဲမ်ားႏွင့္ ပါတီကိုယ္စားျပဳ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္မ်ားေတြ႕ဆုံပြဲကို ,ေန႔ ေန႔လည္ ၁ နာရီခြဲအခ်ိန္တြင္ ပါတီဌာနခ်ဳပ္ ညီလာခံခန္းမ၌ က်င္းပျပဳလုပ္ရာ ပါတီဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒မ်ားျဖစ္ၾကေသာ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိမ္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီမ်ား၊ တိုင္းေဒသႀကီး/ျပည္နယ္မ်ားမွ ပါတီကိုယ္စားျပဳ၍ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္ တက္ေရာက္ၾကမည့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား တက္ေရာက္ၾကပါသည္။
အခမ္းအနားကို အပိုင္းႏွစ္ပိုင္းျဖင့္ က်င္းပရာ ပထမပိုင္းအခမ္းအနားအစီအစဥ္တြင္ ပါတီဥကၠ႒ ဦးခင္ရီက ေ႐ြးေကာက္ပြဲေအာင္ျမင္ႏိုင္ေရးအတြက္ ေဆာင္႐ြက္ခဲ့သည့္ က႑မ်ား၊ စီမံခ်က္မ်ား၊ ပါတီ၏ေရတိုရည္မွန္းခ်က္ႏွင့္ ဆက္လက္ေဆာင္႐ြက္သြားမည့္ ေရရွည္ရည္မွန္းခ်က္မ်ား၊ ပါတီ၏အခန္းက႑မ်ားအား အက်ယ္တဝံ့ရွင္းလင္းေျပာၾကားပါသည္။ ထို႔ေနာက္ ပထမပိုင္းအခမ္းအနားအစီအစဥ္အား ေခတၱရပ္နားကာ ဒုတိယပိုင္းအခမ္းအနားအား ဆက္လက္က်င္းပပါသည္။ ဒုတိယပိုင္းတြင္ ပါတီဒုတိယဥကၠ႒ ဦးျမတ္ဟိန္းမွ ပါတီႏွင့္လႊတ္ေတာ္၏အခန္းက႑၊ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားတို႔၏ ဘက္စုံဖြံ႕ၿဖိဳးတိုးေရးကိစၥရပ္မ်ား ေဆြးေႏြးေျပာၾကားၿပီး အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးမွ ေလ့လာလိုက္နာက်င့္ႀကံရမည့္ လႊတ္ေတာ္ဆိုင္ရာကိစၥရပ္မ်ား၊ ေမးခြန္းမ်ား အဆိုမ်ားႏွင့္ ပတ္သက္သည့္ ကိစၥရပ္မ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦး သိသင့္သိထားရမည့္ ဥပေဒမ်ား၊ ပါတီဖြဲ႕စည္းပုံကိစၥရပ္မ်ားအား ေဆြးေႏြးေျပာၾကားၿပီး ေတြ႕ဆုံပြဲအခမ္းအနား ေအာင္ျမင္စြာၿပီးေျမာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီအကြီးအကဲများနှင့် ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံပွဲပြုလုပ်
========================
မတ် ၁၁၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီအကြီးအကဲများနှင့် ပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များတွေ့ဆုံပွဲကို ,နေ့ နေ့လည် ၁ နာရီခွဲအချိန်တွင် ပါတီဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိမ်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီများ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ပါတီကိုယ်စားပြု၍ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် တက်ရောက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။
အခမ်းအနားကို အပိုင်းနှစ်ပိုင်းဖြင့် ကျင်းပရာ ပထမပိုင်းအခမ်းအနားအစီအစဉ်တွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီက ရွေးကောက်ပွဲအောင်မြင်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့သည့် ကဏ္ဍများ၊ စီမံချက်များ၊ ပါတီ၏ရေတိုရည်မှန်းချက်နှင့် ဆက်လက်ဆောင်ရွက်သွားမည့် ရေရှည်ရည်မှန်းချက်များ၊ ပါတီ၏အခန်းကဏ္ဍများအား အကျယ်တဝံ့ရှင်းလင်းပြောကြားပါသည်။ ထို့နောက် ပထမပိုင်းအခမ်းအနားအစီအစဉ်အား ခေတ္တရပ်နားကာ ဒုတိယပိုင်းအခမ်းအနားအား ဆက်လက်ကျင်းပပါသည်။ ဒုတိယပိုင်းတွင် ပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းမှ ပါတီနှင့်လွှတ်တော်၏အခန်းကဏ္ဍ၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဘက်စုံဖွံ့ဖြိုးတိုးရေးကိစ္စရပ်များ ဆွေးနွေးပြောကြားပြီး အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးမှ လေ့လာလိုက်နာကျင့်ကြံရမည့် လွှတ်တော်ဆိုင်ရာကိစ္စရပ်များ၊ မေးခွန်းများ အဆိုများနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး သိသင့်သိထားရမည့် ဥပဒေများ၊ ပါတီဖွဲ့စည်းပုံကိစ္စရပ်များအား ဆွေးနွေးပြောကြားပြီး တွေ့ဆုံပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။




