ေဟာ္မုဇ္ေရလက္ၾကားတြင္ ထိုင္းကုန္တင္သေဘၤာတစ္စင္းတိုက္ခိုက္ခံရ

ေဟာ္မုဇ္ေရလက္ၾကားတြင္ ထိုင္းကုန္တင္သေဘၤာတစ္စင္းတိုက္ခိုက္ခံရ
=======================
ေဟာ္မုဇ္ေရလက္ၾကားတြင္ ေမာင္းႏွင္သြားလာေနသည့္ ထိုင္းကုန္တင္သေဘၤာတစ္စင္း မတ္လ ၁၁ ရက္တြင္ တိုက္ခိုက္ခံခဲ့ရေၾကာင္း ထိုင္းေတာ္ဝင္ေရတပ္က ထုတ္ျပန္သည္။

ယခုအခ်ိန္အထိ အဆိုပါသေဘၤာမွအမႈထမ္း ၂၀ ဦးကို ကယ္ဆယ္ႏိုင္ခဲ့ၿပီး အိုမန္ႏိုင္ငံသို႔ ပို႔ေဆာင္ေပးထားေၾကာင္းႏွင့္ တိုက္ခိုက္ခံရသည့္ သေဘၤာမွာ Precious Shipping PCL ကုမၸဏီပိုင္ မာယုရီ နာရီ အမည္ရွိသေဘၤာျဖစ္ေၾကာင္း သိရသည္။

အဆိုပါသေဘၤာသည္ မတ္လ ၁၁ ရက္အေစာပိုင္းတြင္ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စုရွိ ခါလီဖာဆိပ္ကမ္းမွ ထြက္ခြာလာခဲ့ၿပီးေနာက္ ေဒသစံေတာ္ခ်ိန္ နံနက္ ၁၁ နာရီခန႔္တြင္ ေဟာ္မုဇ္ေရလက္ၾကား၌ တိုက္ခိုက္ခံခဲ့ရျခင္းျဖစ္သည္။

တိုက္ခိုက္မႈျဖစ္ပြားၿပီးေနာက္ ထိုင္းေတာ္ဝင္ေရတပ္က ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ညႇိႏႈိင္းလုပ္ေဆာင္ခဲ့ျခင္းေၾကာင့္ အိုမန္ေတာ္ဝင္ေရတပ္မွ ထိုင္းသေဘၤာအမႈထမ္းမ်ားကို ကယ္ဆယ္ႏိုင္ခဲ့ၿပီးေနာက္ အိုမန္ႏိုင္ငံ ခါဆပ္ၿမိဳ႕သို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

က်န္ရွိေနသည့္ သေဘၤာအမႈထမ္းသုံးဦးကိုမူ တာဝန္ရွိသူမ်ားက ဆက္လက္ရွာေဖြလ်က္ရွိၿပီး သေဘၤာတိုက္ခိုက္ခံရသည့္ အေၾကာင္းရင္းကိုမူ စုံစမ္းစစ္ေဆး ေနဆဲျဖစ္ေၾကာင္း ထိုင္းေတာ္ဝင္ေရတပ္က ေျပာၾကားထားသည္။

Ref: Xinhua


ဟော်မုဇ်ရေလက်ကြားတွင် ထိုင်းကုန်တင်သင်္ဘောတစ်စင်းတိုက်ခိုက်ခံရ
=======================
ဟော်မုဇ်ရေလက်ကြားတွင် မောင်းနှင်သွားလာနေသည့် ထိုင်းကုန်တင်သင်္ဘောတစ်စင်း မတ်လ ၁၁ ရက်တွင် တိုက်ခိုက်ခံခဲ့ရကြောင်း ထိုင်းတော်ဝင်ရေတပ်က ထုတ်ပြန်သည်။

ယခုအချိန်အထိ အဆိုပါသင်္ဘောမှအမှုထမ်း ၂၀ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး အိုမန်နိုင်ငံသို့ ပို့ဆောင်ပေးထားကြောင်းနှင့် တိုက်ခိုက်ခံရသည့် သင်္ဘောမှာ Precious Shipping PCL ကုမ္ပဏီပိုင် မာယုရီ နာရီ အမည်ရှိသင်္ဘောဖြစ်ကြောင်း သိရသည်။

အဆိုပါသင်္ဘောသည် မတ်လ ၁၁ ရက်အစောပိုင်းတွင် အာရပ်စော်ဘွားများပြည်ထောင်စုရှိ ခါလီဖာဆိပ်ကမ်းမှ ထွက်ခွာလာခဲ့ပြီးနောက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခန့်တွင် ဟော်မုဇ်ရေလက်ကြား၌ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ထိုင်းတော်ဝင်ရေတပ်က ကယ်ဆယ်ရေးလုပ်ငန်းများကို ညှိနှိုင်းလုပ်ဆောင်ခဲ့ခြင်းကြောင့် အိုမန်တော်ဝင်ရေတပ်မှ ထိုင်းသင်္ဘောအမှုထမ်းများကို ကယ်ဆယ်နိုင်ခဲ့ပြီးနောက် အိုမန်နိုင်ငံ ခါဆပ်မြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကျန်ရှိနေသည့် သင်္ဘောအမှုထမ်းသုံးဦးကိုမူ တာဝန်ရှိသူများက ဆက်လက်ရှာဖွေလျက်ရှိပြီး သင်္ဘောတိုက်ခိုက်ခံရသည့် အကြောင်းရင်းကိုမူ စုံစမ်းစစ်ဆေး နေဆဲဖြစ်ကြောင်း ထိုင်းတော်ဝင်ရေတပ်က ပြောကြားထားသည်။

Ref: Xinhua