ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလးႏွင့္ ေတာင္ႀကီးၿမိဳ႕တို႔၌ QR Code ျဖင့္ စက္သုံးဆီေရာင္းခ်ေပးမည္

ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလးႏွင့္ ေတာင္ႀကီးၿမိဳ႕တို႔၌ QR Code ျဖင့္ စက္သုံးဆီေရာင္းခ်ေပးမည္
=====================
စက္သုံးဆီမျပတ္လပ္ေစရန္ႏွင့္ စက္သုံးဆီအမွန္တ ကယ္လိုအပ္သူမ်ားအဆင္ေျပေခ်ာေမြ႕စြာဝယ္ယူရရွိႏိုင္ရန္ရည္႐ြယ္၍ စက္သုံးဆီမ်ားအား QR Code ျဖင့္ ေရာင္းခ်ေပးသြားမည္ဟု စြမ္းအင္ဝန္ႀကီးဌာနမွ ယမန္ေန႔ မတ္ ၁၁ ရက္ကအသိေပးခဲ့သည္။

စက္သုံးဆီအေရာင္းဆိုင္မ်ား၌ တစ္ရက္အတြင္း (၂) ႀကိမ္(သို႔) (၃)ႀကိမ္တန္းစီဝယ္ယူမႈမ်ားေလ်ာ့နည္းပ ေပ်ာက္ေစေရးအတြက္ QR Code အသုံးျပဳရန္ေဆာင္႐ြက္ျခင္းျဖစ္ကာ ကားမ်ားအတြက္ Wheel Tax ၏ Barcode ၊ ဆိုင္ကယ္မ်ားအတြက္ Wheel Tax ပါအခ်က္အလက္မ်ားကိုအသုံးျပဳ၍ QR Code ထုတ္ေပးျခင္း၊ Application ျဖင့္ အလိုအေလ်ာက္စစ္ေဆးသည့္နည္းလမ္းမ်ားျဖင့္ စိစစ္ေရာင္းခ်ေပးသြားမည္ျဖစ္ သည္။

ယင္း စနစ္မ်ား၌ ကားမ်ားအတြက္ Wheel Tax ရွိ Barcode အား ဆိုင္ဝန္ထမ္းမွ Scan ဖတ္၍ စနစ္မွ အလိုအေလ်ာက္စစ္ေဆးၿပီး တစ္ရက္အတြင္း တစ္ႀကိမ္မွ် စက္သုံးဆီဝယ္ယူထားျခင္းမရွိေသးပါက စက္သုံးဆီေရာင္းခ်ေပးသြားမည္ျဖစ္ကာ တစ္ရက္လ်င္ တစ္ႀကိမ္သာဝယ္ယူခြင့္ရရွိမည္ျဖစ္သည္။

ဆိုင္ကယ္မ်ားမွ Wheel Tax တြင္ Barcode မပါ၍ အေရာင္းဆိုင္တြင္ QR Code မ်ားထုတ္ယူၿပီး စက္သုံးဆီဝယ္ယူခ်ိန္တိုင္းတြင္ ယင္း QR Code ကိုျပသရမည္ျဖစ္ၿပီး တစ္ရက္အတြင္း ၂ ႀကိမ္(သို႔) (၃)ႀကိမ္ဝယ္ယူမႈမရွိေစရန္ စနစ္မွအလိုအေလ်ာက္စစ္ေဆးေရာင္းခ်ေပးသြားမည္ျဖစ္သည္။

ယင္း Application ျဖင့္ အလိုအေလ်ာက္စစ္ေဆးသည့္နည္းလမ္းကို ေနျပည္ေတာ္၊ ရန္ကုန္ၿမိဳ႕၊ မႏၲေလးၿမိဳ႕ႏွင့္ ေတာင္ႀကီးၿမိဳ႕တို႔၌ မတ္ ၁၂ ရက္မွစတင္ ၍ စမ္းသပ္အသုံးျပဳသြားမည္ျဖစ္ၿပီး စနစ္အားလိုအပ္ေသာစစ္ေဆးျပဳျပင္မႈမ်ားေဆာင္႐ြက္ၿပီးပါက က်န္ၿမိဳ႕ႀကီးမ်ားတြင္လည္း ဆက္လက္အသုံးျပဳသြားမည္ျဖစ္သည္။ #Popular


နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့၌ QR Code ဖြင့် စက်သုံးဆီရောင်းချပေးမည်
=====================
စက်သုံးဆီမပြတ်လပ်စေရန်နှင့် စက်သုံးဆီအမှန်တ ကယ်လိုအပ်သူများအဆင်ပြေချောမွေ့စွာဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ စက်သုံးဆီများအား QR Code ဖြင့် ရောင်းချပေးသွားမည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ ယမန်နေ့ မတ် ၁၁ ရက်ကအသိပေးခဲ့သည်။

စက်သုံးဆီအရောင်းဆိုင်များ၌ တစ်ရက်အတွင်း (၂) ကြိမ်(သို့) (၃)ကြိမ်တန်းစီဝယ်ယူမှုများလျော့နည်းပ ပျောက်စေရေးအတွက် QR Code အသုံးပြုရန်ဆောင်ရွက်ခြင်းဖြစ်ကာ ကားများအတွက် Wheel Tax ၏ Barcode ၊ ဆိုင်ကယ်များအတွက် Wheel Tax ပါအချက်အလက်များကိုအသုံးပြု၍ QR Code ထုတ်ပေးခြင်း၊ Application ဖြင့် အလိုအလျောက်စစ်ဆေးသည့်နည်းလမ်းများဖြင့် စိစစ်ရောင်းချပေးသွားမည်ဖြစ် သည်။

ယင်း စနစ်များ၌ ကားများအတွက် Wheel Tax ရှိ Barcode အား ဆိုင်ဝန်ထမ်းမှ Scan ဖတ်၍ စနစ်မှ အလိုအလျောက်စစ်ဆေးပြီး တစ်ရက်အတွင်း တစ်ကြိမ်မျှ စက်သုံးဆီဝယ်ယူထားခြင်းမရှိသေးပါက စက်သုံးဆီရောင်းချပေးသွားမည်ဖြစ်ကာ တစ်ရက်လျင် တစ်ကြိမ်သာဝယ်ယူခွင့်ရရှိမည်ဖြစ်သည်။

ဆိုင်ကယ်များမှ Wheel Tax တွင် Barcode မပါ၍ အရောင်းဆိုင်တွင် QR Code များထုတ်ယူပြီး စက်သုံးဆီဝယ်ယူချိန်တိုင်းတွင် ယင်း QR Code ကိုပြသရမည်ဖြစ်ပြီး တစ်ရက်အတွင်း ၂ ကြိမ်(သို့) (၃)ကြိမ်ဝယ်ယူမှုမရှိစေရန် စနစ်မှအလိုအလျောက်စစ်ဆေးရောင်းချပေးသွားမည်ဖြစ်သည်။

ယင်း Application ဖြင့် အလိုအလျောက်စစ်ဆေးသည့်နည်းလမ်းကို နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့၌ မတ် ၁၂ ရက်မှစတင် ၍ စမ်းသပ်အသုံးပြုသွားမည်ဖြစ်ပြီး စနစ်အားလိုအပ်သောစစ်ဆေးပြုပြင်မှုများဆောင်ရွက်ပြီးပါက ကျန်မြို့ကြီးများတွင်လည်း ဆက်လက်အသုံးပြုသွားမည်ဖြစ်သည်။ #Popular