စစ္ဆင္ေရးစတင္ၿပီးေနာက္ပိုင္း တီဟီရန္တြင္ အျပင္းထန္ဆုံး ဗုံးႀကဲတိုက္ခိုက္မႈမ်ား ျဖစ္ပြား

စစ္ဆင္ေရးစတင္ၿပီးေနာက္ပိုင္း တီဟီရန္တြင္ အျပင္းထန္ဆုံး ဗုံးႀကဲတိုက္ခိုက္မႈမ်ား ျဖစ္ပြား
====================
မတ္ ၁၁
အေမရိကန္နဲ႔ အစၥေရးတို႔ရဲ႕ “Operation Epic Fury” စစ္ဆင္ေရး စတင္ခဲ့ခ်ိန္ကစလို႔ အီရန္ၿမိဳ႕ေတာ္ တီဟီရန္(Tehran) ကို “အျပင္းထန္ဆုံး ဗုံးႀကဲတိုက္ခိုက္ခံရတဲ့ ည” ကို ႀကဳံေတြ႕ခဲ့ရတယ္လို႔ Aljazeera ေဖာ္ျပထားပါတယ္။
တိုက္ခိုက္မႈမ်ားသည္ တီဟီရန္ၿမိဳ႕ပတ္ဝန္းက်င္ရွိ စစ္ဘက္ဆိုင္ရာ အေဆာက္အအုံမ်ား၊ ဒုံးက်ည္စခန္းမ်ားႏွင့္ အစၥလာမၼစ္ ေတာ္လွန္ေရး အေစာင့္တပ္ဖြဲ႕ (IRGC) ၏ အဓိက ကြပ္ကဲမႈစခန္းမ်ားကို ဦးတည္ခဲ့ျခင္းျဖစ္သည္။
ဗုံးႀကဲတိုက္ခိုက္မႈမ်ားေၾကာင့္ ၿမိဳ႕ေတာ္တစ္ခြင္တြင္ မီးခိုးလုံးႀကီးမ်ား ျမင္ေတြ႕ေနရၿပီး ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ား (Air Defense Systems) ကလည္း အဆက္မျပတ္ ျပန္လည္ခုခံေနရေၾကာင္း သိရသည္။
ဒီတိုက္ခိုက္မႈဟာ အေမရိကန္နဲ႔ အစၥေရး ႏွစ္ႏိုင္ငံစလုံး ပူးေပါင္းလုပ္ေဆာင္တဲ့ စစ္ဆင္ေရးျဖစ္ၿပီး အစၥေရးေလတပ္ (IAF) ရဲ႕ F-35, F-15 နဲ႔ F-16 တိုက္ ေလယာဥ္ေတြက အီရန္ပိုင္နက္ထဲကို ခ်ဥ္းကပ္ၿပီး ဒုံးက်ည္ေတြ ပစ္ခတ္ခဲ့တာျဖစ္ပါတယ္။
အေမရိကန္ကေတာ့ ပင္လယ္ေကြ႕အတြင္းရွိ သေဘၤာမ်ားမွ Tomahawk Cruise Missiles ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္ခဲ့သလို၊ အစၥေရးေလယာဥ္ေတြအတြက္ ေလထဲမွာ ဆီျဖည့္ေပးတာနဲ႔ ေထာက္လွမ္းေရးသတင္း (Intelligence Support) ေပးတာေတြကို လုပ္ေဆာင္ခဲ့ပါတယ္။
သတင္းရင္းျမစ္ေတြရဲ႕ ကနဦးခန႔္မွန္းခ်က္အရ တီဟီရန္နဲ႔ အနီးတဝိုက္ကို ပစ္ခတ္ခဲ့တဲ့ ဒုံးက်ည္အေရ အတြက္ဟာ ၁၅၀ မွ ၂၀၀ ၾကား ရွိတယ္လို႔ သိရပါတယ္ ။ အေမရိကန္သေဘၤာေတြကေန Tomahawk Missiles အလုံးေရ ၅၀ ေက်ာ္ ပစ္ခတ္ခဲ့ပါတယ္။ အစၥေရးတိုက္ေလယာဥ္ေတြကေန အီရန္ေလေၾကာင္းရန္ကာကြယ္ေရးကြင္းျပင္ပကေန ပစ္ခတ္ႏိုင္တဲ့ Stand-off Missiles ဒုံးက်ည္အလုံးေရ ၁၀၀ ေက်ာ္ ကို အသုံးျပဳခဲ့ပါတယ္။
တီဟီရန္ၿမိဳ႕ေတာ္အေပၚ အျပင္းအထန္ တိုက္ခိုက္မႈမ်ား ျဖစ္ပြားေနစဥ္အတြင္း အီရန္၏ အျမင့္ဆုံးေခါင္း ေဆာင္ အယာတိုလာ အလီခါေမနီ အပါအဝင္ ထိပ္သီးေခါင္းေဆာင္မ်ားကို ေဘးကင္းလုံၿခဳံသည့္ ေနရာမ်ားသို႔ အေရးေပၚ ေ႐ႊ႕ေျပာင္းထားေၾကာင္း သိရသည္။
တိုက္ခိုက္မႈမ်ားသည္ IRGC ၏ ကြပ္ကဲမႈစခန္းမ်ားကို အဓိက ဦးတည္ခဲ့ၿပီး တပ္မႉးအခ်ိဳ႕ ထိခိုက္မႈရွိႏိုင္ သည္ဟု သတင္းမ်ား ထြက္ေပၚေနေသာ္လည္း အီရန္ ဘက္က အတည္မျပဳေသးေပ။
အီရန္အစိုးရသည္ ေခါင္းေဆာင္ပိုင္းအား ကာကြယ္ရန္အတြက္ အထူးလုံၿခဳံေရးအစီအစဥ္မ်ားကို က်င့္သုံးေနၿပီး ၿမိဳ႕ေတာ္အတြင္း ဆက္သြယ္ေရးမ်ားကိုလည္း ကန႔္သတ္ထားသည္ဟု သိရပါသည္။
စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း တီဟီရန်တွင် အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်မှုများ ဖြစ်ပွား
====================
မတ် ၁၁
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ “Operation Epic Fury” စစ်ဆင်ရေး စတင်ခဲ့ချိန်ကစလို့ အီရန်မြို့တော် တီဟီရန်(Tehran) ကို “အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ည” ကို ကြုံတွေ့ခဲ့ရတယ်လို့ Aljazeera ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုများသည် တီဟီရန်မြို့ပတ်ဝန်းကျင်ရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ၊ ဒုံးကျည်စခန်းများနှင့် အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ၏ အဓိက ကွပ်ကဲမှုစခန်းများကို ဦးတည်ခဲ့ခြင်းဖြစ်သည်။
ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မြို့တော်တစ်ခွင်တွင် မီးခိုးလုံးကြီးများ မြင်တွေ့နေရပြီး လေကြောင်းရန်ကာကွယ်ရေးစနစ်များ (Air Defense Systems) ကလည်း အဆက်မပြတ် ပြန်လည်ခုခံနေရကြောင်း သိရသည်။
ဒီတိုက်ခိုက်မှုဟာ အမေရိကန်နဲ့ အစ္စရေး နှစ်နိုင်ငံစလုံး ပူးပေါင်းလုပ်ဆောင်တဲ့ စစ်ဆင်ရေးဖြစ်ပြီး အစ္စရေးလေတပ် (IAF) ရဲ့ F-35, F-15 နဲ့ F-16 တိုက် လေယာဉ်တွေက အီရန်ပိုင်နက်ထဲကို ချဉ်းကပ်ပြီး ဒုံးကျည်တွေ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်ကတော့ ပင်လယ်ကွေ့အတွင်းရှိ သင်္ဘောများမှ Tomahawk Cruise Missiles ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့သလို၊ အစ္စရေးလေယာဉ်တွေအတွက် လေထဲမှာ ဆီဖြည့်ပေးတာနဲ့ ထောက်လှမ်းရေးသတင်း (Intelligence Support) ပေးတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။
သတင်းရင်းမြစ်တွေရဲ့ ကနဦးခန့်မှန်းချက်အရ တီဟီရန်နဲ့ အနီးတဝိုက်ကို ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်အရေ အတွက်ဟာ ၁၅၀ မှ ၂၀၀ ကြား ရှိတယ်လို့ သိရပါတယ် ။ အမေရိကန်သင်္ဘောတွေကနေ Tomahawk Missiles အလုံးရေ ၅၀ ကျော် ပစ်ခတ်ခဲ့ပါတယ်။ အစ္စရေးတိုက်လေယာဉ်တွေကနေ အီရန်လေကြောင်းရန်ကာကွယ်ရေးကွင်းပြင်ပကနေ ပစ်ခတ်နိုင်တဲ့ Stand-off Missiles ဒုံးကျည်အလုံးရေ ၁၀၀ ကျော် ကို အသုံးပြုခဲ့ပါတယ်။
တီဟီရန်မြို့တော်အပေါ် အပြင်းအထန် တိုက်ခိုက်မှုများ ဖြစ်ပွားနေစဉ်အတွင်း အီရန်၏ အမြင့်ဆုံးခေါင်း ဆောင် အယာတိုလာ အလီခါမေနီ အပါအဝင် ထိပ်သီးခေါင်းဆောင်များကို ဘေးကင်းလုံခြုံသည့် နေရာများသို့ အရေးပေါ် ရွှေ့ပြောင်းထားကြောင်း သိရသည်။
တိုက်ခိုက်မှုများသည် IRGC ၏ ကွပ်ကဲမှုစခန်းများကို အဓိက ဦးတည်ခဲ့ပြီး တပ်မှူးအချို့ ထိခိုက်မှုရှိနိုင် သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အီရန် ဘက်က အတည်မပြုသေးပေ။
အီရန်အစိုးရသည် ခေါင်းဆောင်ပိုင်းအား ကာကွယ်ရန်အတွက် အထူးလုံခြုံရေးအစီအစဉ်များကို ကျင့်သုံးနေပြီး မြို့တော်အတွင်း ဆက်သွယ်ရေးများကိုလည်း ကန့်သတ်ထားသည်ဟု သိရပါသည်။




