ခရီးသြားမ်ားအဆင္ေျပေစရန္ Online ရထားလက္မွတ္ဝယ္ယူခ်ိန္ကို ရထားမထြက္မီ (၁၀) မိနစ္အထိ တိုးျမႇင့္

ခရီးသြားမ်ားအဆင္ေျပေစရန္ Online ရထားလက္မွတ္ဝယ္ယူခ်ိန္ကို ရထားမထြက္မီ (၁၀) မိနစ္အထိ တိုးျမႇင့္
======================
ျမန္မာ့မီးရထားမွ ေဆာင္႐ြက္လ်က္ရွိသည့္ Online Railway Ticketing and Payment System (ORTP) စနစ္တြင္ အြန္လိုင္းမွ ရထားလက္မွတ္ဝယ္ယူႏိုင္သည့္ အခ်ိန္ကန႔္သတ္ခ်က္ကို ရထားမထြက္မီ (၁၀) မိနစ္အထိ တိုးျမႇင့္သတ္မွတ္လိုက္ေၾကာင္း သိရသည္။

ယခင္က ORTP စနစ္မွတစ္ဆင့္ ရထားလက္မွတ္မ်ားကို ရထားမထြက္ခြာမီ (၃၀) မိနစ္အထိသာ ဝယ္ယူခြင့္ျပဳထားခဲ့ေသာ္လည္း ခရီးသြားျပည္သူမ်ား ပိုမိုအဆင္ေျပေခ်ာေမြ႕ေစရန္အတြက္ ယခုအခါ အခ်ိန္ကန႔္သတ္ခ်က္ကို ျပင္ဆင္၍ ရထားမထြက္ခြာမီ (၁၀) မိနစ္အထိ လက္မွတ္ဝယ္ယူႏိုင္ရန္ စီစဥ္ေပးလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျပင္ဆင္မႈေၾကာင့္ ဘူတာ႐ုံသို႔ အနည္းငယ္ေနာက္က်မွ ေရာက္ရွိလာေသာ ခရီးသည္မ်ားႏွင့္ ႐ုတ္တရက္ ခရီးသြားရန္ လိုအပ္လာသူမ်ားအေနျဖင့္လည္း ရထားမထြက္မီ (၁၀) မိနစ္အထိ ORTP စနစ္မွတစ္ဆင့္ လြယ္ကူလ်င္ျမန္စြာ ရထားလက္မွတ္ ဝယ္ယူႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ရထားလက္မွတ္မ်ားကို အြန္လိုင္းစနစ္ျဖင့္ ဝယ္ယူလိုပါက မိမိအသုံးျပဳေနသည့္ Browser မွတစ္ဆင့္ ORTP Website Link သို႔ ဝင္ေရာက္ႏိုင္သလို သတ္မွတ္ထားသည့္ QR Code ကို Scan ဖတ္၍လည္း ဝင္ေရာက္ႏိုင္ေၾကာင္း သိရသည္။

Website ၏ ပင္မစာမ်က္ႏွာသို႔ ေရာက္ရွိပါက သြားလိုသည့္ ခရီးစဥ္ကို ေ႐ြးခ်ယ္ကာ ORTP စနစ္ႏွင့္ သက္ဆိုင္သည့္ အသိေပးခ်က္မ်ားႏွင့္ စည္းကမ္းခ်က္မ်ားအတိုင္း လက္မွတ္မ်ားကို ဝယ္ယူႏိုင္ေၾကာင္း သိရသည္။

ORTP စနစ္ကို ၂၀၂၆ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ စတင္အသုံးျပဳခဲ့ၿပီး လက္ရွိတြင္ ရန္ကုန္–မႏၲေလး–ရန္ကုန္ လူစီးအျမန္ရထား အမွတ္ (၁၁) အဆန္/(၁၂) အစုန္၊ ရန္ကုန္–ေနျပည္ေတာ္–ရန္ကုန္ DEMU အျမန္ရထား အမွတ္ (၇) အဆန္/(၈) အစုန္၊ (၃၁) အဆန္/(၃၂) အစုန္ ႏွင့္ မႏၲေလး–ေနျပည္ေတာ္–မႏၲေလး အျမန္ရထား အမွတ္ (၂၇) အဆန္/(၂၈) အစုန္ ခရီးစဥ္မ်ားအတြက္ အြန္လိုင္းမွ လက္မွတ္ ဝယ္ယူႏိုင္ရန္ ဝန္ေဆာင္မႈမ်ား ေပးေဆာင္လ်က္ရွိေၾကာင္း သိရသည္။ #Popular


ခရီးသွားများအဆင်ပြေစေရန် Online ရထားလက်မှတ်ဝယ်ယူချိန်ကို ရထားမထွက်မီ (၁၀) မိနစ်အထိ တိုးမြှင့်
======================
မြန်မာ့မီးရထားမှ ဆောင်ရွက်လျက်ရှိသည့် Online Railway Ticketing and Payment System (ORTP) စနစ်တွင် အွန်လိုင်းမှ ရထားလက်မှတ်ဝယ်ယူနိုင်သည့် အချိန်ကန့်သတ်ချက်ကို ရထားမထွက်မီ (၁၀) မိနစ်အထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရသည်။

ယခင်က ORTP စနစ်မှတစ်ဆင့် ရထားလက်မှတ်များကို ရထားမထွက်ခွာမီ (၃၀) မိနစ်အထိသာ ဝယ်ယူခွင့်ပြုထားခဲ့သော်လည်း ခရီးသွားပြည်သူများ ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် ယခုအခါ အချိန်ကန့်သတ်ချက်ကို ပြင်ဆင်၍ ရထားမထွက်ခွာမီ (၁၀) မိနစ်အထိ လက်မှတ်ဝယ်ယူနိုင်ရန် စီစဉ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြင်ဆင်မှုကြောင့် ဘူတာရုံသို့ အနည်းငယ်နောက်ကျမှ ရောက်ရှိလာသော ခရီးသည်များနှင့် ရုတ်တရက် ခရီးသွားရန် လိုအပ်လာသူများအနေဖြင့်လည်း ရထားမထွက်မီ (၁၀) မိနစ်အထိ ORTP စနစ်မှတစ်ဆင့် လွယ်ကူလျင်မြန်စွာ ရထားလက်မှတ် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရထားလက်မှတ်များကို အွန်လိုင်းစနစ်ဖြင့် ဝယ်ယူလိုပါက မိမိအသုံးပြုနေသည့် Browser မှတစ်ဆင့် ORTP Website Link သို့ ဝင်ရောက်နိုင်သလို သတ်မှတ်ထားသည့် QR Code ကို Scan ဖတ်၍လည်း ဝင်ရောက်နိုင်ကြောင်း သိရသည်။

Website ၏ ပင်မစာမျက်နှာသို့ ရောက်ရှိပါက သွားလိုသည့် ခရီးစဉ်ကို ရွေးချယ်ကာ ORTP စနစ်နှင့် သက်ဆိုင်သည့် အသိပေးချက်များနှင့် စည်းကမ်းချက်များအတိုင်း လက်မှတ်များကို ဝယ်ယူနိုင်ကြောင်း သိရသည်။

ORTP စနစ်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်အသုံးပြုခဲ့ပြီး လက်ရှိတွင် ရန်ကုန်–မန္တလေး–ရန်ကုန် လူစီးအမြန်ရထား အမှတ် (၁၁) အဆန်/(၁၂) အစုန်၊ ရန်ကုန်–နေပြည်တော်–ရန်ကုန် DEMU အမြန်ရထား အမှတ် (၇) အဆန်/(၈) အစုန်၊ (၃၁) အဆန်/(၃၂) အစုန် နှင့် မန္တလေး–နေပြည်တော်–မန္တလေး အမြန်ရထား အမှတ် (၂၇) အဆန်/(၂၈) အစုန် ခရီးစဉ်များအတွက် အွန်လိုင်းမှ လက်မှတ် ဝယ်ယူနိုင်ရန် ဝန်ဆောင်မှုများ ပေးဆောင်လျက်ရှိကြောင်း သိရသည်။ #Popular