


============================
နေပြည်တော် ၊ မတ် ၉
ရန်အောင်မြင်ရွှေလက်လှဘုရား ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှုး ဦးသောင်းအေး မိသားစုမှ ပါဝင်လှူဒါန်း
============================
နေပြည်တော် ၊ မတ် ၉
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှုး ၊ ပျော်ဘွယ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးမိသားစုမှ ရန်အောင်မြင်ရွှေလက်လှဘုရားဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တက်ရောက်ကာ ဝထ္တုငွေများဆပ်ကပ်လှူဒါန်းခဲ့သည်။
မတ်လ ၈ရက်နေ့က နေပြည်တော်၊ ဒဏ္ခိသီရိမြို့နယ် ၊ရန်အောင်မြင်ရွှေလက်လှဘုရားဝင်းအတွင်းရှိ ရန်အောင်မြင်သာသနလင်္ကာရဗိမာန်တွင်ကျင်းပပြုလုပ်ခဲ့သည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှုး ၊ ပျော်ဘွယ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးမိသားစုက အလှူငွေများဆပ်ကပ်လှူဒါန်းခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှ ဆွမ်းဆန်တော်များလောင်းလှူခဲ့သည်။




