မန္စီးတီးအသင္းကေန ထြက္ခြာေတာ့မယ့္ ဘာနာဒိုေဆးဗားလ္

မန္စီးတီးအသင္းကေန ထြက္ခြာေတာ့မယ့္ ဘာနာဒိုေဆးဗားလ္
=========================
‌မန္စီးတီးအသင္း ဝါရင့္ကြင္းလယ္ကစားသမား ဘာနာဒိုေဆးဗားလ္သည္ ယခုေဘာလုံးရာသီအကုန္တြင္ အသင္းႏွင့္ စာခ်ဳပ္သက္တမ္း ကုန္ဆုံးမည္ ျဖစ္သည့္အတြက္ အလြတ္ေျပာင္း‌ေ႐ႊ႕ေၾကးျဖင့္ ထြက္ခြာမည္ျဖစ္ေၾကာင္း သိရသည္။

အသက္ ၃၁ ႏွစ္အ႐ြယ္ ဘာနာဒိုေဆးဗားလ္သည္ ၂၀၁၇ ခုႏွစ္က မိုနာကိုအသင္းမွ မန္စီးတီးအသင္းသို႔ ေျပာင္းေ႐ႊ႕ကစားခဲ့သူျဖစ္ၿပီး အသင္းႏွင့္အတူ ေဘာလုံးရာသီတိုင္းတြင္ အေကာင္းဆုံးေျခစြမ္းျပႏိုင္ခဲ့ကာ မန္စီးတီးအသင္းသမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံး ကြင္းလယ္ကစားသမားမ်ားတြင္ တစ္ဦး အပါအဝင္ရပ္တည္ႏိုင္ခဲ့သူျဖစ္သည္။

ဘာနာဒိုေဆးဗားလ္သည္ မန္စီးတီးအသင္းႏွင့္အတူ ခ်န္ပီယံလိဂ္ဖလား၊ ပရီးမီးယားလိဂ္ဖလားႏွင့္ အက္ဖ္ေအဖလားစသည့္ ဆုဖလားမ်ားစြာကို ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ၿပီး ယခုေဘာလုံးရာသီအကုန္တြင္ အသင္း ႏွင့္ စာခ်ဳပ္သက္တမ္း ကုန္ဆုံးမည္ ျဖစ္ေသာ္လည္း အသင္းဘက္မွ သက္တမ္းတိုးစာခ်ဳပ္ခ်ဳပ္ဆိုရန္ ကမ္းလွမ္းမႈတစ္စုံတစ္ရာမရွိသည့္အတြက္ ရာသီ အကုန္တြင္ အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ ထြက္ခြာရမည္ျဖစ္သည္။

ဘာနာဒိုေဆးဗားလ္အေနျဖင့္ ၂၀၂၄ ခုႏွစ္ ေႏြရာသီ ကစားသမား အေျပာင္းအေ႐ႊ႕ကာလကတည္းက အသင္းမွထြက္ခြာရန္ နီးစပ္ခဲ့ကာ ဘာစီလိုနာအသင္း သို႔ေျပာင္းေ႐ႊ႕ကစားရန္ နီးစပ္ခဲ့ေသာ္လည္း ဘာစီလိုနာအသင္း၏ ေငြေၾကးအက်ပ္ အတည္းပိုင္းေၾကာင့္ ေခၚယူႏိုင္ျခင္းမရွိသည့္အတြက္ မန္စီးတီးအသင္း တြင္ ဆက္လက္ကစားခဲ့ရျခင္း ျဖစ္သည္။

ကြင္းလယ္ကစားသမား ဘာနာဒိုေဆးဗားလ္ သည္ မန္စီးတီးအသင္းႏွင့္အတူ ေဘာလုံးရာသီ ကိုးရာသီအတြင္း ၿပိဳင္ပြဲစုံ ၄၄၅ ပြဲအထိ ပါဝင္ကစားခဲ့ ကာ အသင္းသမိုင္းတစ္ေလွ်ာက္ ပြဲအမ်ားဆုံး ကစားသမားမ်ားတြင္ တစ္ဦးအပါအဝင္ ရပ္တည္ေနသူ ျဖစ္ၿပီး အသင္းႏွင့္အတူ ၿပိဳင္ပြဲစုံ၌ ၇၅ ဂိုးအထိ သြင္းယူေပးထားျခင္းျဖစ္သည္။

ဘာနာဒိုေဆးဗားလ္အေနျဖင့္ လာမည့္ေႏြရာသီ ကစားသမားအေျပာင္းအေ႐ႊ႕ကာလတြင္ မန္စီးတီးအသင္းမွ အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ ထြက္ခြာမည္ ျဖစ္သည့္အတြက္ အေစာပိုင္းကတည္းက ေခၚယူရန္ ႀကိဳးပမ္းေနသည့္ ဘာစီလိုနာ အသင္းႏွင့္အတူ ေဆာ္ဒီ ကလပ္အသင္းမ်ားက ေခၚယူဖြယ္ရွိေၾကာင္း သိရသည္။

Ref;Fabrizio Romano


မန်စီးတီးအသင်းကနေ ထွက်ခွာတော့မယ့် ဘာနာဒိုဆေးဗားလ်
=========================
‌မန်စီးတီးအသင်း ဝါရင့်ကွင်းလယ်ကစားသမား ဘာနာဒိုဆေးဗားလ်သည် ယခုဘောလုံးရာသီအကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည် ဖြစ်သည့်အတွက် အလွတ်ပြောင်း‌ရွှေ့ကြေးဖြင့် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

အသက် ၃၁ နှစ်အရွယ် ဘာနာဒိုဆေးဗားလ်သည် ၂၀၁၇ ခုနှစ်က မိုနာကိုအသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ကာ မန်စီးတီးအသင်းသမိုင်းတစ်လျှောက် အကောင်းဆုံး ကွင်းလယ်ကစားသမားများတွင် တစ်ဦး အပါအဝင်ရပ်တည်နိုင်ခဲ့သူဖြစ်သည်။

ဘာနာဒိုဆေးဗားလ်သည် မန်စီးတီးအသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယားလိဂ်ဖလားနှင့် အက်ဖ်အေဖလားစသည့် ဆုဖလားများစွာကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး ယခုဘောလုံးရာသီအကုန်တွင် အသင်း နှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည် ဖြစ်သော်လည်း အသင်းဘက်မှ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းမှုတစ်စုံတစ်ရာမရှိသည့်အတွက် ရာသီ အကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာရမည်ဖြစ်သည်။

ဘာနာဒိုဆေးဗားလ်အနေဖြင့် ၂၀၂၄ ခုနှစ် နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလကတည်းက အသင်းမှထွက်ခွာရန် နီးစပ်ခဲ့ကာ ဘာစီလိုနာအသင်း သို့ပြောင်းရွှေ့ကစားရန် နီးစပ်ခဲ့သော်လည်း ဘာစီလိုနာအသင်း၏ ငွေကြေးအကျပ် အတည်းပိုင်းကြောင့် ခေါ်ယူနိုင်ခြင်းမရှိသည့်အတွက် မန်စီးတီးအသင်း တွင် ဆက်လက်ကစားခဲ့ရခြင်း ဖြစ်သည်။

ကွင်းလယ်ကစားသမား ဘာနာဒိုဆေးဗားလ် သည် မန်စီးတီးအသင်းနှင့်အတူ ဘောလုံးရာသီ ကိုးရာသီအတွင်း ပြိုင်ပွဲစုံ ၄၄၅ ပွဲအထိ ပါဝင်ကစားခဲ့ ကာ အသင်းသမိုင်းတစ်လျှောက် ပွဲအများဆုံး ကစားသမားများတွင် တစ်ဦးအပါအဝင် ရပ်တည်နေသူ ဖြစ်ပြီး အသင်းနှင့်အတူ ပြိုင်ပွဲစုံ၌ ၇၅ ဂိုးအထိ သွင်းယူပေးထားခြင်းဖြစ်သည်။

ဘာနာဒိုဆေးဗားလ်အနေဖြင့် လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် မန်စီးတီးအသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမည် ဖြစ်သည့်အတွက် အစောပိုင်းကတည်းက ခေါ်ယူရန် ကြိုးပမ်းနေသည့် ဘာစီလိုနာ အသင်းနှင့်အတူ ဆော်ဒီ ကလပ်အသင်းများက ခေါ်ယူဖွယ်ရှိကြောင်း သိရသည်။

Ref;Fabrizio Romano