လာမယ့္မတ္လ ၃ ရက္တြင္ လၾကတ္မွာျဖစ္ၿပီး ျမန္မာႏိုင္ငံမွ ျမင္ရႏိုင္

လာမယ့္မတ္လ ၃ ရက္တြင္ လၾကတ္မွာျဖစ္ၿပီး ျမန္မာႏိုင္ငံမွ ျမင္ရႏိုင္
====================
ေဖေဖာ္ဝါရီ ၂၇

လာမယ့္မတ္လ ၃ ရက္တြင္ လၾကတ္မွာျဖစ္ၿပီး ၂၀၂၆ ခုႏွစ္အတြက္ ျမန္မာႏိုင္ငံမွ တစ္ႀကိမ္သာျမင္ရမယ့္ လၾကတ္ျခင္းျဖစ္စဥ္ျဖစ္တယ္လို႔ အာကာသႏွင့္စၾကဝဠာဆိုင္ရာပညာရွင္မ်ားကေန သိရပါတယ္။

အဆိုပါလၾကတ္ျခင္းဟာ မတ္လ ၃ ရက္ ျမန္မာစံေတာ္ခ်ိန္ ညေန ၃ နာရီ ၁၅ မိနစ္မွ ည ၈ နာရီ ၅၃ မိနစ္အထိျဖစ္ၿပီး ေန၊ ကမာၻ ႏွင့္ လ တို႔ တစ္တန္းတည္း အေနအထား က်ေရာက္မည့္အခ်ိန္ (တေပါင္းလျပည့္ခ်ိန္)မွာ ကမာၻရဲ႕အရိပ္စစ္ရွိတဲ့ေနရာ(Umbra) အတြင္းသို႔ လဝင္ေရာက္ျခင္းႏွင့္အတူ လၾကတ္ျခင္းျဖစ္စဥ္ကို ျမန္မာႏိုင္ငံ အပါအဝင္ အာရွႏိုင္ငံအမ်ားစုနဲ႔ ပစိဖိတ္ရပ္ဝန္းေဒသ၊ အေမရိကတိုက္ အေနာက္ျခမ္းတို႔မွာ ျမင္ေတြ႕ၾကရမွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။

ေနၾကတ္ျခင္း၊ လၾကတ္ျခင္းတို႔ဟာ ေန၊ ကမာၻႏွင့္လတို႔ တစ္တန္းတည္းအေနအထား က်ေရာက္ခ်ိန္ (တစ္နည္းအားျဖင့္) လကြယ္ႏွင့္လျပည့္ခ်ိန္တို႔မွာသာ ျဖစ္ေလ့ရွိၿပီး ျမန္မာႏိုင္ငံအေနျဖင့္ လာမယ့္ ၂၀၂၇ ခုႏွစ္ ေဖေဖာ္ဝါရီမွာေတာ့ အရိပ္ေဖ်ာ့လၾကတ္ျခင္းကိုသာ ျမင္ေတြ႕ၾကရမွာျဖစ္ၿပီး ၂၀၂၈ ခုႏွစ္ ဒီဇင္ဘာလ ၃၁ ရက္ ႏွစ္သစ္ကူးညက်မွ အနီေရာင္လၾကတ္ျခင္းကို ျပန္လည္ျမင္ေတြ႕ၾကရမွာျဖစ္တယ္လို႔လည္း သိရပါတယ္။


လာမယ့်မတ်လ ၃ ရက်တွင် လကြတ်မှာဖြစ်ပြီး မြန်မာနိုင်ငံမှ မြင်ရနိုင်
====================
ဖေဖော်ဝါရီ ၂၇

လာမယ့်မတ်လ ၃ ရက်တွင် လကြတ်မှာဖြစ်ပြီး ၂၀၂၆ ခုနှစ်အတွက် မြန်မာနိုင်ငံမှ တစ်ကြိမ်သာမြင်ရမယ့် လကြတ်ခြင်းဖြစ်စဉ်ဖြစ်တယ်လို့ အာကာသနှင့်စကြဝဠာဆိုင်ရာပညာရှင်များကနေ သိရပါတယ်။

အဆိုပါလကြတ်ခြင်းဟာ မတ်လ ၃ ရက် မြန်မာစံတော်ချိန် ညနေ ၃ နာရီ ၁၅ မိနစ်မှ ည ၈ နာရီ ၅၃ မိနစ်အထိဖြစ်ပြီး နေ၊ ကမ္ဘာ နှင့် လ တို့ တစ်တန်းတည်း အနေအထား ကျရောက်မည့်အချိန် (တပေါင်းလပြည့်ချိန်)မှာ ကမ္ဘာရဲ့အရိပ်စစ်ရှိတဲ့နေရာ(Umbra) အတွင်းသို့ လဝင်ရောက်ခြင်းနှင့်အတူ လကြတ်ခြင်းဖြစ်စဉ်ကို မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံအများစုနဲ့ ပစိဖိတ်ရပ်ဝန်းဒေသ၊ အမေရိကတိုက် အနောက်ခြမ်းတို့မှာ မြင်တွေ့ကြရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

နေကြတ်ခြင်း၊ လကြတ်ခြင်းတို့ဟာ နေ၊ ကမ္ဘာနှင့်လတို့ တစ်တန်းတည်းအနေအထား ကျရောက်ချိန် (တစ်နည်းအားဖြင့်) လကွယ်နှင့်လပြည့်ချိန်တို့မှာသာ ဖြစ်လေ့ရှိပြီး မြန်မာနိုင်ငံအနေဖြင့် လာမယ့် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီမှာတော့ အရိပ်ဖျော့လကြတ်ခြင်းကိုသာ မြင်တွေ့ကြရမှာဖြစ်ပြီး ၂၀၂၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် နှစ်သစ်ကူးညကျမှ အနီရောင်လကြတ်ခြင်းကို ပြန်လည်မြင်တွေ့ကြရမှာဖြစ်တယ်လို့လည်း သိရပါတယ်။