ဘရာဇီးႏိုင္ငံ၌ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ေသဆုံးသူ ၄၀ ခန႔္ ရွိလာ

ဘရာဇီးႏိုင္ငံ၌ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ေသဆုံးသူ ၄၀ ခန႔္ ရွိလာ
==================
ေဖေဖာ္ဝါရီ ၂၇

ဘရာဇီးႏိုင္ငံ၌ စံခ်ိန္တင္မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ လူေပါင္း ၄၀ ခန႔္ေသဆုံးခဲ့ၿပီး လူမ်ားစြာ ေပ်ာက္ဆုံးလ်က္ရွိေၾကာင္း သိရသည္။ ေဖေဖာ္ဝါရီလ ၂၃ ရက္မွ ၂၅ ရက္အထိ အဆက္မျပတ္ မိုး႐ြာသြန္းမႈေၾကာင့္ အေရွ႕ေတာင္ပိုင္းျပည္နယ္ျဖစ္သည့္ မီနက္စ္ဂ်ေရ႕စ္တြင္ ေရႀကီးေျမၿပိဳမႈမ်ား ျဖစ္ေပါခဲ့သည္။

ေရႀကီး/ေျမၿပိဳမႈမ်ားေၾကာင့္ ေသဆုံးသူဦးေရ ၄၀ ခန႔္ရွိသည္ဟု အာဏာပိုင္မ်ားက အတည္ျပဳခဲ့သည္။ ေပ်ာက္ဆုံးေနသူ ၃၀ ခန႔္ ရွိေနေသးသည့္အတြက္ အာဏာပိုင္မ်ားက ရွာေဖြေရးလုပ္ငန္းမ်ား လုပ္ေဆာင္လ်က္ ရွိသည္။

ဂ်ဴအီဒက္ေဖာ္ရာ ၿမိဳ႕တြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈဒဏ္ကို အဆိုး႐ြားဆုံးခံစားရၿပီး အဆိုပါၿမိဳ႕မွ လူေပါင္း ၃,၅၀၀ ေက်ာ္ကို ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းေပးခဲ့ရသည္။ ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းေပးခဲ့ရသူမ်ားထဲတြင္ ေျမၿပိဳမႈေၾကာင့္ ေနအိမ္ဆုံးရႈံးသြားသူမ်ားလည္း ပါဝင္သည္။

ျပင္းထန္သည့္ မိုး႐ြာသြန္းမႈအေျခအေနေၾကာင့္ ပ်က္စီးဆုံးရႈံးမႈ တိုးလာသည္ဟု အာဏာပိုင္မ်ားက ယူဆသည္။ စုစုေပါင္းမိုးေရခ်ိန္မွာ ေဖေဖာ္ဝါရီလအတြက္ ေမွ်ာ္မွန္းထားသည္ထက္ သုံးဆပို၍မ်ားျပားသည္ဟု NHK သတင္းဌာနေဖာ္ျပခ်က္အရ သိရသည္။


ဘရာဇီးနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူ ၄၀ ခန့် ရှိလာ
==================
ဖေဖော်ဝါရီ ၂၇

ဘရာဇီးနိုင်ငံ၌ စံချိန်တင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူပေါင်း ၄၀ ခန့်သေဆုံးခဲ့ပြီး လူများစွာ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၅ ရက်အထိ အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် အရှေ့တောင်ပိုင်းပြည်နယ်ဖြစ်သည့် မီနက်စ်ဂျရေ့စ်တွင် ရေကြီးမြေပြိုမှုများ ဖြစ်ပေါခဲ့သည်။

ရေကြီး/မြေပြိုမှုများကြောင့် သေဆုံးသူဦးရေ ၄၀ ခန့်ရှိသည်ဟု အာဏာပိုင်များက အတည်ပြုခဲ့သည်။ ပျောက်ဆုံးနေသူ ၃၀ ခန့် ရှိနေသေးသည့်အတွက် အာဏာပိုင်များက ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်လျက် ရှိသည်။

ဂျူအီဒက်ဖော်ရာ မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုဒဏ်ကို အဆိုးရွားဆုံးခံစားရပြီး အဆိုပါမြို့မှ လူပေါင်း ၃,၅၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသူများထဲတွင် မြေပြိုမှုကြောင့် နေအိမ်ဆုံးရှုံးသွားသူများလည်း ပါဝင်သည်။

ပြင်းထန်သည့် မိုးရွာသွန်းမှုအခြေအနေကြောင့် ပျက်စီးဆုံးရှုံးမှု တိုးလာသည်ဟု အာဏာပိုင်များက ယူဆသည်။ စုစုပေါင်းမိုးရေချိန်မှာ ဖေဖော်ဝါရီလအတွက် မျှော်မှန်းထားသည်ထက် သုံးဆပို၍များပြားသည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။