ပ်ဥ္းမနားၿမိဳ႕နယ္ အာဟာရသုခေဈးရွိ ေစ်းဆိုင္ခန္းမ်ားမီးေလာင္ Level 2 အဆင့္ျဖင့္ျငႇိမ္းသတ္ခဲ့ရ

ပ်ဥ္းမနားၿမိဳ႕နယ္ အာဟာရသုခေဈးရွိ ေစ်းဆိုင္ခန္းမ်ားမီးေလာင္ Level 2 အဆင့္ျဖင့္ျငႇိမ္းသတ္ခဲ့ရ
======================
ေဖေဖာ္ဝါရီ ၂၆
ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳနယ္ရွိ အာဟာရသုခေစ်းအတြင္း ေစ်းဆိုင္ခန္းမ်ားတြင္ ေဖေဖာ္ဝါရီ ၂၅ ရက္ည ၈ နာရီ ၄၅ မိနစ္ေက်ာ္ခန္႔က မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း မီးသတ္တပ္ဖြဲႏွင့္ လူမႈကူညီေရးအသင္းမ်ားထံမွ သိရသည္။
ပ်ဥ္းမနားၿမိဳနယ္၊ ကင္ပြန္းတန္းေက်း႐ြာအုပ္စု၊ ကင္ပြန္းတန္းေက်း႐ြာရွိ အာဟာရသုခေဈးအတြင္း သစ္ သားဆိုင္ခန္းမ်ားတြင္မီးေလ-ာင္မႈျဖစ္ပြား၍ ပ်ဥ္းမနားၿမိဳနယ္မီးသတ္စခန္းမွတပ္ဖြဲဝင္မ်ား၊ အရန္မီးသတ္တပ္ဖြဲဝင္မ်ားႏွင့္ လူမႈကူညီေရးအသင္းဝင္မ်ားက ျငႇိမ္းသတ္ခဲ့ၾကေၾကာင္း သိရသည္။
ထိုသို႔ ျငႇိမ္းသတ္ခဲ့ေသာ္လည္း မီးေလာင္ကြၽမ္းမႈဆက္လက္ျဖစ္ပြားေန၍ ည ၈ နာရီ ၅၃ မိနစ္၌ Level 2 အဆင့္ျဖင့္ ထပ္မံျငႇိမ္းသတ္ခဲ့ၾကသျဖင့္ ည ၉ နာရီ ၃၂ မိနစ္တြင္ မီးၿငိမ္းသြားခဲ့ေၾကာင္း သိရသည္။
ပျဥ်းမနားမြို့နယ် အာဟာရသုခဈေးရှိ စျေးဆိုင်ခန်းများမီးလောင် Level 2 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ရ
======================
ဖေဖော်ဝါရီ ၂၆
နေပြည်တော်၊ ပျဥ်းမနားမြိုနယ်ရှိ အာဟာရသုခစျေးအတွင်း စျေးဆိုင်ခန်းများတွင် ဖေဖော်ဝါရီ ၂၅ ရက်ည ၈ နာရီ ၄၅ မိနစ်ကျော်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲနှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။
ပျဉ်းမနားမြိုနယ်၊ ကင်ပွန်းတန်းကျေးရွာအုပ်စု၊ ကင်ပွန်းတန်းကျေးရွာရှိ အာဟာရသုခဈေးအတွင်း သစ် သားဆိုင်ခန်းများတွင်မီးလေ-ာင်မှုဖြစ်ပွား၍ ပျဉ်းမနားမြိုနယ်မီးသတ်စခန်းမှတပ်ဖွဲဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ငြှိမ်းသတ်ခဲ့သော်လည်း မီးလောင်ကျွမ်းမှုဆက်လက်ဖြစ်ပွားနေ၍ ည ၈ နာရီ ၅၃ မိနစ်၌ Level 2 အဆင့်ဖြင့် ထပ်မံငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၉ နာရီ ၃၂ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။




