iPhone 18 Pro တြင္ Selfie ကင္မရာ အဆင့္ျမႇင့္တင္လာမည္ဟု သတင္းမ်ားထြက္ေပၚ

iPhone 18 Pro တြင္ Selfie ကင္မရာ အဆင့္ျမႇင့္တင္လာမည္ဟု သတင္းမ်ားထြက္ေပၚ
=======================
Apple ကုမၸဏီအေနနဲ႔ iPhone 18 စီးရီးတစ္ခုလုံးရဲ႕ Selfie ကင္မရာေတြကို အဆင့္ျမႇင့္တင္သြားမယ္လို႔ ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလကတည္းက သတင္းေတြထြက္ေပၚခဲ့တာကို ၾကားရပါတယ္။ ဒါေပမဲ့ အခုအခါမွာေတာ့ ဒီအဆင့္ျမႇင့္တင္မႈဟာ Pro ေမာ္ဒယ္ေတြမွာပဲ ပါဝင္လာႏိုင္တယ္လို႔ ထြက္ေပၚလာတဲ့သတင္းသစ္ေတြက ဆိုပါတယ္။
သတင္းေပးပို႔သူ Whylab ရဲ႕အဆိုအရ iPhone 18 Pro နဲ႔ iPhone 18 Pro Max တို႔မွာ 24 MP ရွိတဲ့ ေရွ႕ကင္မရာေတြ ပါဝင္လာမွာျဖစ္ၿပီး ဒါဟာ အရင္ထြက္ေပၚေနတဲ့ သတင္းေတြနဲ႔လည္း ကိုက္ညီေနပါတယ္။ ဒါ့အျပင္ အာ႐ုံခံကိရိယာအသစ္ေၾကာင့္ Selfie ႐ိုက္တာ၊ ဗီဒီယိုေခၚဆိုတာေတြနဲ႔ အလင္းေရာင္ အားနည္းတဲ့ေနရာမွာ ႐ုပ္ပုံအရည္အေသြးေတြ ပိုမိုေကာင္းမြန္လာေစမယ္လို႔လည္း ဆိုပါတယ္။
ဒါ့အျပင္ iPhone 18 Pro စီးရီးမွာ Dynamic Island ကို ပိုမိုေသးငယ္ေအာင္ ျပဳလုပ္သြားမွာျဖစ္ၿပီး Face ID ရဲ႕ အစိတ္အပိုင္းအခ်ိဳ႕ကို ဖုန္းမ်က္ႏွာျပင္ေအာက္မွာ ထည့္သြင္းသြားမယ္လို႔ ဆိုပါတယ္။
ဒီႏွစ္မွာေတာ့ Apple အတြက္ထူးျခားခ်က္တစ္ခုအေနနဲ႔ ေခါက္ဖုန္းလို႔ေခၚတဲ့iPhone Fold ေတြကိုလည္း ထုတ္ေဖာ္မိတ္ဆက္သြားဖို႔ရွိေနတာျဖစ္ပါတယ္။
iPhone 18 Pro ေမာ္ဒယ္ေတြကို iPhone Fold နဲ႔အတူ ယခုႏွစ္ရဲ႕စက္တင္ဘာလ အတြင္းမွာ မိတ္ဆက္သြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ #MWD
iPhone 18 Pro တွင် Selfie ကင်မရာ အဆင့်မြှင့်တင်လာမည်ဟု သတင်းများထွက်ပေါ်
=======================
Apple ကုမ္ပဏီအနေနဲ့ iPhone 18 စီးရီးတစ်ခုလုံးရဲ့ Selfie ကင်မရာတွေကို အဆင့်မြှင့်တင်သွားမယ်လို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက သတင်းတွေထွက်ပေါ်ခဲ့တာကို ကြားရပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ဒီအဆင့်မြှင့်တင်မှုဟာ Pro မော်ဒယ်တွေမှာပဲ ပါဝင်လာနိုင်တယ်လို့ ထွက်ပေါ်လာတဲ့သတင်းသစ်တွေက ဆိုပါတယ်။
သတင်းပေးပို့သူ Whylab ရဲ့အဆိုအရ iPhone 18 Pro နဲ့ iPhone 18 Pro Max တို့မှာ 24 MP ရှိတဲ့ ရှေ့ကင်မရာတွေ ပါဝင်လာမှာဖြစ်ပြီး ဒါဟာ အရင်ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့လည်း ကိုက်ညီနေပါတယ်။ ဒါ့အပြင် အာရုံခံကိရိယာအသစ်ကြောင့် Selfie ရိုက်တာ၊ ဗီဒီယိုခေါ်ဆိုတာတွေနဲ့ အလင်းရောင် အားနည်းတဲ့နေရာမှာ ရုပ်ပုံအရည်အသွေးတွေ ပိုမိုကောင်းမွန်လာစေမယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် iPhone 18 Pro စီးရီးမှာ Dynamic Island ကို ပိုမိုသေးငယ်အောင် ပြုလုပ်သွားမှာဖြစ်ပြီး Face ID ရဲ့ အစိတ်အပိုင်းအချို့ကို ဖုန်းမျက်နှာပြင်အောက်မှာ ထည့်သွင်းသွားမယ်လို့ ဆိုပါတယ်။
ဒီနှစ်မှာတော့ Apple အတွက်ထူးခြားချက်တစ်ခုအနေနဲ့ ခေါက်ဖုန်းလို့ခေါ်တဲ့iPhone Fold တွေကိုလည်း ထုတ်ဖော်မိတ်ဆက်သွားဖို့ရှိနေတာဖြစ်ပါတယ်။
iPhone 18 Pro မော်ဒယ်တွေကို iPhone Fold နဲ့အတူ ယခုနှစ်ရဲ့စက်တင်ဘာလ အတွင်းမှာ မိတ်ဆက်သွားမယ်လို့ မျှော်လင့်ရပါတယ်။ #MWD




