ရန္ကုန္ၿမိဳရွိ ဖင္လန္ႏိုင္ငံ သံ႐ုံးေဖေဖာ္ဝါရီ (၂၈) ရက္မွစတင္၍ ပိတ္သိမ္းမယ္

ရန္ကုန္ၿမိဳရွိ ဖင္လန္ႏိုင္ငံ သံ႐ုံးေဖေဖာ္ဝါရီ (၂၈) ရက္မွစတင္၍ ပိတ္သိမ္းမယ္
====================
ေဖေဖာ္ဝါရီ ၂၅

ရန္ကုန္ၿမိဳ႕မွာရွိတဲ့ ဖင္လန္ႏိုင္ငံသံ႐ုံးဟာ လာမယ့္ ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔ကစၿပီး ပိတ္သိမ္းေတာ့မယ္လို႔ သံ႐ုံးက သူ႔ရဲ႕လူမႈကြန္ယက္ကေန ေၾကညာပါတယ္။

ေကာင္စစ္ဝန္ေဆာင္မႈေတြ၊ ပတ္စ္ပို႔၊ ေနထိုင္ခြင့္ ေလွ်ာက္လႊာဆိုင္ရာ ႏိူႀတီေထာက္ခံလက္မွတ္ေတြအပါအဝင္ ေကာင္စစ္ဆိုင္ရာအလုပ္ေတြအားလုံးကို ဘန္ေကာက္ၿမိဳ႕မွာရွိတဲ့ ဖင္လန္သံ႐ုံးက ေဆာင္႐ြက္ေပးမယ္လို႔လည္း ဆိုပါတယ္။

ဗီဇာနဲ႔သက္ဆိုင္ေသာဝန္ေဆာင္မႈ႕ေတြအတြက္ ဂ်ာမနီႏိုင္ငံက ကိုယ္စားျပဳလုပ္ေဆာင္ေပးမွာျဖစ္ၿပီး အျခားကိစၥရပ္ေတြနဲ႔ ပတ္သက္ၿပီး ဖင္လန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ေတာင္အာရွနဲ႔ ေတာင္အေရွ႕အာရွဆိုင္ရာဌာနကိုဆက္သြယ္ႏိုင္တယ္လို႔ ထုတ္ျပန္ထားပါတယ္။


ရန်ကုန်မြိုရှိ ဖင်လန်နိုင်ငံ သံရုံးဖေဖော်ဝါရီ (၂၈) ရက်မှစတင်၍ ပိတ်သိမ်းမယ်
====================
ဖေဖော်ဝါရီ ၂၅

ရန်ကုန်မြို့မှာရှိတဲ့ ဖင်လန်နိုင်ငံသံရုံးဟာ လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကစပြီး ပိတ်သိမ်းတော့မယ်လို့ သံရုံးက သူ့ရဲ့လူမှုကွန်ယက်ကနေ ကြေညာပါတယ်။

ကောင်စစ်ဝန်ဆောင်မှုတွေ၊ ပတ်စ်ပို့၊ နေထိုင်ခွင့် လျှောက်လွှာဆိုင်ရာ နိူတြီထောက်ခံလက်မှတ်တွေအပါအဝင် ကောင်စစ်ဆိုင်ရာအလုပ်တွေအားလုံးကို ဘန်ကောက်မြို့မှာရှိတဲ့ ဖင်လန်သံရုံးက ဆောင်ရွက်ပေးမယ်လို့လည်း ဆိုပါတယ်။

ဗီဇာနဲ့သက်ဆိုင်သောဝန်ဆောင်မှု့တွေအတွက် ဂျာမနီနိုင်ငံက ကိုယ်စားပြုလုပ်ဆောင်ပေးမှာဖြစ်ပြီး အခြားကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တောင်အာရှနဲ့ တောင်အရှေ့အာရှဆိုင်ရာဌာနကိုဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။