ဘားအံၿမိဳ႕က ပၪၥမအႀကိမ္ေျမာက္ အာဆီယံသန္႔ရွင္းေသာ ခရီးသြားၿမိဳ႕ေတာ္ဆုကို ထပ္မံရရွိ

ဘားအံၿမိဳ႕က ပၪၥမအႀကိမ္ေျမာက္ အာဆီယံသန္႔ရွင္းေသာ ခရီးသြားၿမိဳ႕ေတာ္ဆုကို ထပ္မံရရွိ
=======================
ေဖေဖာ္ဝါရီ ၂၅
ကရင္ျပည္နယ္က ဘားအံၿမိဳ႕အေနနဲ႔ အာဆီယံမွေပးအပ္ေသာ ဆုေပါင္း ၁၄ ဆုထက္မနည္း ရရွိထား ၿပီးေနာက္ ယခုအခါ ၂၀၂၆ ခုႏွစ္အတြက္ ပၪၥမအႀကိမ္ေျမာက္ အာဆီယံသန္႔ရွင္းေသာ ခရီးသြားၿမိဳ႕ေတာ္ဆုကို ထပ္မံရရွိခဲ့ေၾကာင္း သိရပါတယ္။
အဆိုပါ ပၪၥမအႀကိမ္ေျမာက္ အာဆီယံသန႔္ရွင္းေသာခရီးသြားၿမိဳ႕ေတာ္ဆု (5th ASEAN Clean Tourist Award) ဆုကို ဖိလစ္ပိုင္ႏိုင္ငံ စီဘူးၿမိဳ႕မွာ က်င္းပခဲ့တဲ့ အာဆီယံခရီးသြားလုပ္ငန္းဖိုရမ္၌ ရရွိခဲ့ျခင္းျဖစ္ၿပီး အခုဆုကို ေဖေဖာ္ဝါရီလ ၂၃ ရက္က ျပည္နယ္အစိုးရထံ ေပးအပ္ခဲ့တာ ျဖစ္ပါတယ္။
ကရင္ျပည္နယ္အတြင္းရွိ ၿမိဳ႕၊႐ြာ၊လမ္းမ်ား သန႔္ရွင္းသာယာလွပေရး၊ က်န္းမာၿပီးေဘးအႏၲရာယ္ကင္းရွင္းတဲ့ ပတ္ဝန္းက်င္ေကာင္းတစ္ခုျဖစ္လာေစေရး၊ ခရီးစဥ္ေဒသေတြ သန႔္ရွင္းသာယာလွပေစေရး၊ ခရီးသြားလုပ္ငန္း တစ္ႏွစ္ထက္တစ္ႏွစ္ ပိုမိုဖြံ႕ၿဖိဳးတိုးတက္လာေစေရး၊ ျပည္တြင္းျပည္ပခရီးသြားဧည့္သည္မ်ား ပိုမိုဝင္ေရာက္ လာေစေရးႏွင့္ စဥ္ဆက္မျပတ္ဖြံ႕ၿဖိဳးတိုးတက္ေစေရးအတြက္ ခရီးစဥ္ေဒသစီမံခန႔္ခြဲမႈအဖြဲ႕မ်ားမွ လိုအပ္မႈမ်ား ပူးေပါင္း ပါဝင္ၾကရန္ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးေစာျမင့္ဦး က ဆုတံဆိပ္လႊဲေျပာင္းေပးအပ္ပြဲမွာ ေျပာၾကားခဲ့ပါတယ္။
ကရင္ျပည္နယ္အတြင္းသို႔ ၂၀၂၅ ခုႏွစ္တြင္ ခရီးသြား ၆၉၀,၉၀၀ ေက်ာ္ လာေရာက္လည္ပတ္ခဲ့သျဖင့္ ဟိုတယ္ႏွင့္တည္းခိုရိပ္သာမ်ားမွ ဝင္ေငြ ၉၄ ဒသမ ၆၃ ရာခိုင္ႏႈန္း တိုးတက္ရရွိခဲ့ေၾကာင္း ဟိုတယ္ႏွင့္ခရီးသြားလာေရး ဝန္ႀကီးဌာနကေန သိရပါတယ္။
ဘားအံမြို့က ပဉ္စမအကြိမ်မြောက် အာဆီယံသန့်ရှင်းသော ခရီးသွားမြို့တော်ဆုကို ထပ်မံရရှိ
=======================
ဖေဖော်ဝါရီ ၂၅
ကရင်ပြည်နယ်က ဘားအံမြို့အနေနဲ့ အာဆီယံမှပေးအပ်သော ဆုပေါင်း ၁၄ ဆုထက်မနည်း ရရှိထား ပြီးနောက် ယခုအခါ ၂၀၂၆ ခုနှစ်အတွက် ပဉ္စမအကြိမ်မြောက် အာဆီယံသန့်ရှင်းသော ခရီးသွားမြို့တော်ဆုကို ထပ်မံရရှိခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ပဉ္စမအကြိမ်မြောက် အာဆီယံသန့်ရှင်းသောခရီးသွားမြို့တော်ဆု (5th ASEAN Clean Tourist Award) ဆုကို ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်၌ ရရှိခဲ့ခြင်းဖြစ်ပြီး အခုဆုကို ဖေဖော်ဝါရီလ ၂၃ ရက်က ပြည်နယ်အစိုးရထံ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ကရင်ပြည်နယ်အတွင်းရှိ မြို့၊ရွာ၊လမ်းများ သန့်ရှင်းသာယာလှပရေး၊ ကျန်းမာပြီးဘေးအန္တရာယ်ကင်းရှင်းတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်လာစေရေး၊ ခရီးစဉ်ဒေသတွေ သန့်ရှင်းသာယာလှပစေရေး၊ ခရီးသွားလုပ်ငန်း တစ်နှစ်ထက်တစ်နှစ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက် လာစေရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့များမှ လိုအပ်မှုများ ပူးပေါင်း ပါဝင်ကြရန် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး က ဆုတံဆိပ်လွှဲပြောင်းပေးအပ်ပွဲမှာ ပြောကြားခဲ့ပါတယ်။
ကရင်ပြည်နယ်အတွင်းသို့ ၂၀၂၅ ခုနှစ်တွင် ခရီးသွား ၆၉၀,၉၀၀ ကျော် လာရောက်လည်ပတ်ခဲ့သဖြင့် ဟိုတယ်နှင့်တည်းခိုရိပ်သာများမှ ဝင်ငွေ ၉၄ ဒသမ ၆၃ ရာခိုင်နှုန်း တိုးတက်ရရှိခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနကနေ သိရပါတယ်။




